Connect with us

COVID-19 UPDATES

အမေရိကန်နိုင်ငံ CDC က နိုင်ငံပေါင်းများစွာအတွက် ခရီးသွားလာခွင့် ကန့်သတ်ချက် ဖြေလျှော့ပေး

အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ် အာလင်တန်မြို့ရှိ ရော်နယ်ရေဂင် ဝါရှင်တန် အမျိုးသားလေဆိပ်တွင် နှာခေါင်းစည်းတပ်ဆင်ထားသော ခရီးသွားများအားတွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇွန် ၁၀ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (CDC) က နိုင်ငံများ၏ ခရီးသွားခွင့် ထောက်ခံချက်များကို အန္တရာယ်လျော့ပါးအဆင့်သို့ ပြင်ဆင်ခဲ့ကြောင်းနှင့် ကာကွယ်ဆေးထိုးနှံပြီးသော အမေရိကန်နိုင်ငံသားများအတွက် ခရီးသွားခြင်းလမ်းညွှန်ချက် ချိန်ညှိလျက်ရှိကြောင်း သိရသည်။

CDC အနေဖြင့် ဂျပန်၊ ကနေဒါ၊ မက္ကဆီကို၊ အီတလီ၊ ပြင်သစ်နှင့် ဂျာမနီ အပါအဝင် မွမ်းမံပြင်ဆင်ထားသော ခရီးသွားခြင်းအကြံပြုချက်စာရင်းတွင် နိုင်ငံပေါင်း ၆၀ ကျော်အား “COVID-19 အလွန်မြင့်မားသော” အဆင့် ၄ မှ “COVID-19 မြင့်မားသော” အဆင့် ၃ သို့ လျှော့ချ ပေးခဲ့ကြောင်း သိရသည်။

ခရီးသွားလာသူများအနေဖြင့် မိမိသွားရောက်လိုသည့် COVID-19 ကူးစက်မှုများသော နိုင်ငံများသို့ သွားရောက်ခြင်းမပြုမီ ကာကွယ်ဆေး အပြည့်အဝထိုးနှံသွားကြရန် CDC က တိုက်တွန်းထားသည်။

အမေရိကန်နိုင်ငံတစ်ဝန်း ကာကွယ်ဆေးထိုးနှံမှုနှုန်း ဆက်လက်မြင့်တက်လာသဖြင့် ယင်းသို့ ပြောင်းလဲမှု ထွက်ပေါ်လာခြင်းဖြစ်သည်။ အမေရိကန်နိုင်ငံတွင် ဇွန် ၉ ရက်အထိ လူဦးရေ၏ ၅၁.၈ ရာခိုင်နှုန်းခန့်သည် အနည်းဆုံး COVID-19 ကာကွယ်ဆေး တစ်ကြိမ်စီထိုးနှံထားပြီးဖြစ်ကြောင်းနှင့် ၄၂.၅ ရာခိုင်နှုန်းမှာမူ ကာကွယ်ဆေး အပြည့်အဝထိုးနှံထားပြီးဖြစ်ကြောင်း CDC အချက်အလက်အရ သိရသည်။ (Xinhua)

————————————
(English Version)
U.S. CDC eases travel restriction for dozens of countries
Source: Xinhua| 2021-06-10 05:53:38|Editor: huaxia
WASHINGTON, June 9 (Xinhua) — The U.S. Centers for Disease Control and Prevention (CDC) has revised travel recommendations for dozens of countries to a lower risk tier, adjusting travel guidance for vaccinated Americans.
The CDC lowered over 60 countries from “COVID-19 very high” Level 4 tier to “COVID-19 high” Level 3 tier on its updated travel recommendations list, including Japan, Canada, Mexico, Italy, France and Germany.
The CDC calls for travelers to be fully vaccinated before traveling to destinations with COVID-19 infections.
The changes came as vaccination rates across the United States continue to increase. About 51.8 percent of the U.S. population had at least one dose of a COVID-19 vaccine and 42.5 percent were fully vaccinated as of Wednesday, according to CDC data. Enditem
Travelers wearing face masks are seen at Ronald Reagan Washington National Airport in Arlington, Virginia, the United State of America, Feb. 2. 2021. (Photo by Ting Shen/Xinhua)