Connect with us

Africa & Middle East

အမေရိကန်အကြံပေးများနေထိုင်ရာ အီရတ်စစ်အခြေစိုက်စခန်းအတွင်းရှိ အိမ်ရာ ဒုံးကျည် ၆ စင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ

အိုင်အက်စ်(IS) အဖွဲ့ နှင့်တိုက်ပွဲဖြစ်ပွားနေသည့် အနောက်မိုဆူးလ်ခရိုင်တွင် အီရတ်လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးက ဒုံးကျည်တစ်လုံးကိုင်ဆောင်ထားသည်ကို ၂၀၁၇ ခုနှစ် မတ် ၁၉ ရက်တွင်တွေ့ရစဉ်(ဆင်ဟွာ)

ဘဂ္ဂဒတ် ၊ ဇန်နဝါရီ ၆ ရက်(ဆင်ဟွာ)

အီရတ်နိုင်ငံ အနောက်ပိုင်း အန်ဘာပြည်နယ်(Anbar) တွင် အချို့သော အမေရိကန်ကျွမ်းကျင်သူများ နှင့် အဖွဲ့အစည်းများ နေထိုင်ရာ စစ်အခြေစိုက်စခန်းအတွင်းရှိ အိမ်ရာသည် ဇန်နဝါရီ ၅ ရက်က Katyusha ဒုံးကျည် ၆ စင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခံရကြောင်း သိရသည်။

အီရတ်နိုင်ငံဘဂ္ဂဒတ်မြို့၌ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၄ ရက်တွင် အမိမြေပေါ်၌ အမေရိကန်တပ်စွဲထားခြင်းကို ကန့်ကွက်ဆန္ဒပြနေကြသည့် အီရတ်ပြည်သူများအား တွေ့ရစဉ်(ဆင်ဟွာ)

Ayn al-Asad လေတပ်အခြေစိုက်စခန်းသို့ ဒုံးကျည်များကျရောက်ချိန်သည် ဇန်နဝါရီ ၅ ရက် ညနေပိုင်းတွင်ဖြစ်ပြီး သေဆုံးသူရှိ/မရှိကို မသိရသေးကြောင်း အမည်မဖော်လိုသည့် အီရတ်စစ်တပ်သတင်းအရင်းအမြစ်တစ်ဦးက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ယင်းဒုံးကျည်များကို စစ်အခြေစိုက်စခန်း၏ အရှေ့ဘက် ၁၅ ကီလိုမီတာခန့်အကွာတွင်တည်ရှိသော ကျေးရွာတစ်ရွာမှ ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါသတင်းအရင်းအမြစ်က ပြောကြားခဲ့ပြီး တိုက်ခိုက်မှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့ကမျှ ၎င်းတို့လက်ချက်ဖြစ်သည်ဟူ၍ ထုတ်ဖော်ပြောကြားထားခြင်းမရှိပေ။

ယင်းနေ့အစောပိုင်းတွင် အီရတ်နိုင်ငံဝန်ကြီးချုပ် Mustafa al-Kadhimi က အီရတ်စစ်အခြေစိုက်စခန်းများအား ဦးတည်တိုက်ခိုက်မှုများသည် “မိုက်မဲသောလုပ်ရပ်” ဖြစ်ကြောင်းပြောကြားခဲ့ပြီး အမိမြေမှ ၎င်းတို့၏တပ်များ ဆုတ်ခွာသွားပြီးနောက်တွင် အီရတ်တွင် အမေရိကန်ဦးဆောင်သောမဟာမိတ်တပ်ဖွဲ့၏ စစ်ဆင်ရေးသည် ပြီးဆုံးသွားပြီဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

“ ကံအကြောင်းမလှစွာဘဲ နှစ်သစ်ကူးကာလရဲ့ ပထမ ၅ ရက်အတွင်းမှာ အီရတ် စစ်အခြေစိုက်စခန်းတွေကို ပစ်မှတ်ထားပြီး အဓိပ္ပါယ်မရှိတဲ့လုပ်ရပ်အချို့ကို လုပ်ဆောင်ခဲ့ကြတယ် ၊ ဒါဟာ နိုင်ငံရဲ့ လုံခြုံရေးနဲ့တည်ငြိမ်ရေးကို အသေအချာနှောက်ယှက်မှု ဖြစ်စေပါတယ်” ဟု al-Kadhimi ၏ သတင်းထုတ်ပြန်ရေးရုံးက ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။
“ အီရတ်မှာ နိုင်ငံတကာညွန့်ပေါင်းတပ်ဖွဲ့ရဲ့ စစ်ဆင်ရေးဟာ ပြီးဆုံးသွားပြီဆိုတဲ့အကြောင်း ကျွန်တော်တို့ထပ်လောင်းပြောကြားချင်ပါတယ်။ အီရတ်တပ်ဖွဲ့တွေဟာ စစ်အခြေစိုက်စခန်းအားလုံးကို လက်ခံရရှိထားပြီးဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားပြီး လက်ရှိတွင် အီရတ်လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ နိုင်ငံခြားစစ်ဘက်အကြံပေးအချို့လက်တွဲလုပ်ကိုင်လျက်ရှိကြောင်း ဖြည့်စွက် ဖော်ပြထားသည်။

ယခုတိုက်ခိုက်မှုသည် ဘဂ္ဂဒတ်အပြည်ပြည်ဆိုင်ရာလေဆိပ်အနီးရှိ Camp Victory ဟုလူသိများသော စစ်အခြေစိုက်စခန်းတစ်ခု နှင့် Ayn al-Asad လေတပ်အခြေစိုက်စခန်းအတွင်းရှိ အမေရိကန်အကြံပေးများ နှင့် အဖွဲ့အစည်းများနေထိုင်ရာ အိမ်ရာဝင်း နှင့် အီရတ်စစ်စခန်းများကို ဦးတည်၍ ပြီးခဲ့သော သုံးရက်အတွင်း မောင်းသူမဲ့ဒရုန်းများ နှင့် ဒုံးကျည်များဖြင့် အတွဲလိုက်တိုက်ခိုက်ခံရပြီးနောက်ပိုင်း နောက်ဆုံးတိုက်ခိုက်မှုတစ်ခုဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယခုတိုက်ခိုက်မှုများသည် အီရတ်နိုင်ငံ ဘဂ္ဂဒတ်အပြည်ပြည်ဆိုင်ရာလေဆိပ်အနီးတွင် လွန်ခဲ့သော နှစ်နှစ်က ယခင်အီရန်အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့(IRGC) တပ်မှူး ဗိုလ်ချုပ်ကြီး ကွီဆမ်ဆိုလီမန်နီ နှင့် ယခင်အီရတ်ပြည်သူ့စစ်တပ်ဖွဲ့(Hashd Shaabi)၏ ဒုတိယအကြီးအကဲ Abu Mahdi al-Muhandis တို့ လိုက်ပါလာသော ယာဉ်တန်းအား အမေရိကန်မောင်းသူမဲ့ဒရုန်းဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့သည့် နှစ်ပတ်လည် အခါသမယဖြစ်ကြောင်း သိရသည်။

နိုင်ငံအတွင်းမှ တပ်ဖွဲ့ဝင်များ ရုပ်သိမ်းသွားပြီးနောက် အီရတ်နိုင်ငံတွင် အမေရိကန်ဦးဆောင်သော မဟာမိတ်တပ်ဖွဲ့ဝင်များ၏ စစ်ဆင်ရေးအစီအစဉ်သည် ပြီးဆုံးသွားပြီဖြစ်ကြောင်း အီရတ်နိုင်ငံဝန်ကြီးချုပ် Mustafa al-Kadhimi က ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။ (Xinhua)

………………………………….
(English Version)
6 rockets hit Iraqi military airbase housing U.S. advisers
BAGHDAD, Jan. 5 (Xinhua) — Six Katyusha rockets hit on Wednesday a military airbase, housing some U.S. experts and agencies, in Iraq’s western province of Anbar, the U.S. military said.
The attack took place in the evening, when the rockets landed in Ayn al-Asad Airbase without knowing the casualties, an Iraqi army source told Xinhua on condition of anonymity.
The rockets were fired from a village located some 15 km east of the airbase, the source said, adding that no group has so far claimed responsibility for the attack

Earlier in the day, Iraqi Prime Minister Mustafa al-Kadhimi called the attacks on Iraqi military bases “absurd,” stressing the end of the combat mission of the U.S.-led coalition forces in Iraq after their withdrawal from the country.
“Unfortunately, there are some absurd actions within the first days of the new year, as several attacks targeted Iraqi bases, and this will certainly disturb the country’s security and stability,” said a statement by al-Kadhimi’s media office.
“We reiterate that the combat mission of the international coalition forces in Iraq has ended, and the Iraqi forces have received all the military bases,” it said, adding that there are currently a number of foreign military advisers working alongside the security forces.
The latest attack came as part of a series of drone and rocket attacks during the past three days that targeted Iraqi army bases, housing U.S. advisers and agencies, in Ayn al-Asad Airbase and an army base known as Camp Victory near Baghdad International Airport.
The attacks came on the second anniversary of a deadly attack by a U.S. drone on a convoy near Baghdad International Airport that killed Qassem Soleimani, former commander of the Quds Force of Iran’s Islamic Revolution Guards Corps (IRGC), and Abu Mahdi al-Muhandis, former deputy chief of Iraq’s paramilitary Hashd Shaabi forces.
On Dec. 29, 2021, Iraqi Prime Minister Mustafa al-Kadhimi confirmed the end of the U.S.-led coalition forces’ combat mission in Iraq after the withdrawal of the forces from his country.

Photo(1) Photo taken on March 19, 2017 shows an Iraqi security forces soldier holding a rocket in the battle against extremist Islamic State (IS) militants in the Old District of Western Mosul. (Xinhua/Lefteris Partsalis)
Photo (2) Iraqi protesters take part in a demonstration against the presence of U.S. troops in the country, in Baghdad, capital of Iraq, Jan. 24, 2020. (Xinhua/Khalil Dawood)