Connect with us

Asia

ဝန်ကြီးချုပ်ဟွန်ဆန်က မြန်မာနိုင်ငံသို့ ဇန်နဝါရီ (၇-၈) နှစ်ရက်ကြာသွားရောက် လည်ပတ်မည်ဟု ကမေ္ဘာဒီးယားနိုင်ငံထုတ်ပြန်

ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်တက်ချိုဟွန်ဆန် (Samdech Techo Hun Sen) အား ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁ ရက်တွင် ပြုလုပ်သည့် အသက် ၅ နှစ်အရွယ်ကလေးငယ်များအား ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံရေး အခမ်းအနား၌ တွေ့ရစဉ်(ဆင်ဟွာ)

ဖနွမ်းပင် ၊ ဇန်နဝါရီ ၆ ရက်(ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်တက်ချိုဟွန်ဆန် (Samdech Techo Hun Sen) သည် ယခုရက်သတ္တပတ်ကုန်ပိုင်းတွင် မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်မည်ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ဝန်ကြီးချုပ်ဟွန်ဆန်နှင့်အတူ ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn နှင့် အစိုးရအဖွဲ့အဆင့်မြင့်ကိုယ်စားလှယ်များ လိုက်ပါသွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ဇန်နဝါရီ ၇ ရက်တွင် စတင်မည့် နှစ်ရက်ကြာ အလည်အပတ်ခရီးစဉ်အတွင်း ကမ္ဘောဒီးယားနိုင်ငံခေါင်းဆောင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် နှစ်နိုင်ငံ နှင့် ဘက်စုံ ပူးပေါင်းဆောင်ရွက်မှု နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း(ASEAN) တွင် မကြာသေးခင်က ဖြစ်ပေါ်တိုးတက်မှုများနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုသည်။

ကမ္ဘောဒီးယားနိုင်ငံသည် ဘရူနိုင်း ၊ အင်ဒိုနီးရှား ၊ လာအို ၊မလေးရှား၊ မြန်မာ ၊ ဖိလစ်ပိုင် ၊ စင်ကာပူ ၊ ထိုင်း နှင့် ဗီယက်နမ်တို့ဖြင့် ဖွဲ့စည်းထားသော အာဆီယံအသင်း၏ ၂၀၂၂ ခုနှစ်အတွက် အလှည့်ကျ ဥက္ကဌတာဝန်ယူထားသော နိုင်ငံဖြစ်သည်။

ယင်းနေ့(ဇန်နဝါရီ ၅ ရက်) မှာပင် ဝန်ကြီးချုပ်ဟွန်ဆန်က ၎င်း၏ ခရီးစဉ်သည် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ ပြီးခဲ့သောနှစ် ဧပြီ ၂၄ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံအရေးပေါ်ထိပ်သီးအစည်းအဝေးအတွင်း ချမှတ်ခဲ့သော ဘုံသဘောတူညီချက် ၅ ရက်အား အခြေခံ၍ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော နိုင်ငံရေးအကြပ်အတည်းကို ကူညီဖြေရှင်းရန်အတွက်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ (Xinhua)

………………………………….
(English Version)

Cambodia announces PM’s visit to Myanmar on Jan. 7-8

PHNOM PENH, Jan. 5 (Xinhua) — Cambodian Prime Minister Samdech Techo Hun Sen will visit Myanmar later this week, Cambodia’s foreign ministry said on Wednesday.
Hun Sen will be accompanied by Deputy Prime Minister and Foreign Minister Prak Sokhonn and a number of senior government officials, the ministry said in a statement.
During the two-day visit which starts on Friday, the Cambodian leader will hold a meeting with Commander-in-Chief of Defence Services Sen-Gen Min Aung Hlaing, who is also chairman of the State Administration Council of Myanmar, to discuss and exchange views on bilateral and multilateral cooperation and the recent developments in the Association of Southeast Asian Nations (ASEAN), the ministry said.
Cambodia is the rotating chair of ASEAN, which groups Brunei, Cambodia, Indonesia, Laos, Malaysia, Myanmar, the Philippines, Singapore, Thailand and Vietnam, for 2022.
On the same day, Hun Sen said his trip is to help solve the political crisis in Myanmar based on a five-point consensus reached at ASEAN’s emergency summit on April 24 last year in Jakarta, Indonesia. Enditem

Photo – Cambodian Prime Minister Samdech Techo Hun Sen speaks at the launching ceremony of a COVID-19 vaccination drive for children aged five Nov. 1, 2021 in Phnom Penh.