Connect with us

Africa & Middle East

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်လေဆိပ်တွင် နိုင်ငံတကာလေကြောင်းခရီးစဉ်များအတွက် မကြာမီအသင့်ရှိမည်ဖြစ်ကြောင်း တာဝန်ရှိသူပြော

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တော်တွင် လုံခြုံရေးတာဝန်ယူနေသည့် စစ်သားများအား စက်တင်ဘာ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကဘူးလ်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ် နိုင်ငံတကာလေဆိပ်တွင် နည်းပညာပြဿနာများ ဖယ်ရှားရေး ကြိုးပမ်းအားထုတ်မှုများ ဆောင်ရွက်နေဆဲဖြစ်သဖြင့် နိုင်ငံတကာလေကြောင်းခရီးစဉ်များအတွက် မကြာမီ အသင့်ရှိမည်ဖြစ်ကြောင်း လေဆိပ် ညွှန်ကြားရေးမှူး Abdul Hadi Hamadani က စက်တင်ဘာ ၁၃ ရက်တွင် ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တော်တွင် လုံခြုံရေးတာဝန်ယူနေသည့် စစ်သားများအား စက်တင်ဘာ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တော်တွင် လုံခြုံရေးစစ်ဆေးမှုခံယူနေသူများအား စက်တင်ဘာ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တော်တွင် လုံခြုံရေးတာဝန်ယူနေသည့် စစ်သားများအား စက်တင်ဘာ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

“ပြည်တွင်းလေကြောင်းပျံသန်းမှုတွေကတော့ စတင်နေပြီဖြစ်ပြီး နိုင်ငံတကာလေကြောင်း ပျံသန်းမှုတွေအတွက်ကတော့ မကြာခင်မှာ စတင်နိုင်တော့မှာဖြစ်ပါတယ်။ လေဆိပ်မှာ နည်းပညာပြဿနာတွေက ၁၀ ကနေ ၁၅ ရာခိုင်နှုန်းလောက် ကျန်ရှိနေတာတွေကို ဖယ်ရှားဖို့ ကြိုးပမ်းလုပ်ဆောင်နေပါတယ်” ဟု Hamadani က ဗီဒီယိုဖိုင်တွင် ပြောကြားချက်အား ကိုးကား၍ ဒေသတွင်း မီဒီယာက ဖော်ပြထားသည်။

စက်တင်ဘာ ၁၃ ရက်က ပျံသန်းထွက်ခွာသွားခဲ့သော ပါကစ္စတန် နိုင်ငံတကာလေကြောင်းလိုင်း (PIA) လေယာဉ် တစ်စင်း ကဘူးလ်လေဆိပ်၌ ဆင်းသက်ပြီးနောက် ၎င်းက အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။

ကဘူးလ်လေဆိပ်သည် ဩဂုတ် ၃၁ ရက်က အမေရိကန် ဦးဆောင်သော နောက်ဆုံးတပ်ဖွဲ့ဝင်များ ရုပ်သိမ်းခြင်းနှင့် အမေရိကန်နိုင်ငံသားများ ထွက်ခွာစဉ်အတွင်း အဆောက်အအုံများစွာ ဖျက်ဆီးခဲ့ခြင်းကြောင့် ပျက်စီးသွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် အဆိုပါ လေဆိပ်၌ ကာတာ၊ ဘာရိန်း၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ ဥဇဘက်ကစ္စတန်၊ ကာဇက်စတန်နှင့် ပါကစ္စတန် နိုင်ငံများမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ သယ်ဆောင်လာသည့် လေယာဉ်များကို လက်ခံခဲ့သည်ဟု Hamadani က အတည်ပြုပြောကြားခဲ့ပြီး လာမည့်ရက်အနည်းငယ်အတွင်း ရုရှားနှင့် တူရကီ နိုင်ငံများမှ အလားတူလေယာဉ်များလည်း ဆိုက်ရောက်လာရန် မျှော်မှန်းထားကြောင်း ဖြည့်စွက်ပြောခဲ့သည်။ (Xinhua)

————————————
(English Version)
Afghan Kabul airport to be ready for int’l flights soon: official
Source: Xinhua| 2021-09-13 18:31:18|Editor: huaxia
KABUL, Sept. 13 (Xinhua) — The Kabul International Airport will soon be ready for international flights as efforts are underway to remove technical problems, airport director Abdul Hadi Hamadani said Monday.
“The domestic flights have already begun and the international flights would begin soon and efforts are underway to remove the remaining 10 to 15 percent technical problems at the airport,” Hamadani said in a video clip as quoted by local media.
He made the remarks after the landing of a Pakistan International Airlines (PIA) plane at the Kabul airport and its taking off on Monday.
The Kabul airport were damaged with its many facilities destroyed during the withdrawal of the last U.S.-led forces and American nationals on Aug. 31, according to him.
Hamadani also confirmed that the airport has received planes carrying humanitarian assistances from Qatar, Bahrain, the United Arab Emirates, Uzbekistan, Kazakhstan and Pakistan, adding that similar flights from Russia and Turkey are expected to arrive in the coming days. Enditem
1- 2-Photo taken on Sept. 13, 2021 shows soldiers guarding at the Kabul airport in Kabul, capital of Afghanistan. The Kabul International Airport will soon be ready for international flights as efforts are underway to remove technical problems, airport director Abdul Hadi Hamadani said Monday. (Photo by Saifurahman Safi/Xinhua)
3- Photo taken on Sept. 13, 2021 shows people receiving security check at the Kabul airport in Kabul, capital of Afghanistan. The Kabul International Airport will soon be ready for international flights as efforts are underway to remove technical problems, airport director Abdul Hadi Hamadani said Monday. (Photo by Saifurahman Safi/Xinhua)
4- Photo taken on Sept. 13, 2021 shows soldiers guarding at the Kabul airport in Kabul, capital of Afghanistan. The Kabul International Airport will soon be ready for international flights as efforts are underway to remove technical problems, airport director Abdul Hadi Hamadani said Monday. (Photo by Saifurahman Safi/Xinhua)