Connect with us

Asia

အိန္ဒိယနိုင်ငံမြို့တော်ရှိ စာသင်ကျောင်းများ၌ အတန်းများအားလုံး နိုဝင်ဘာလတွင် ပြန်ဖွင့်မည်

နယူးဒေလီ၊ အောက်တိုဘာ ၂၈ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ ကျောင်းများအားလုံးသည် နိုဝင်ဘာ ၁ ရက်မှစ၍ စုစုပေါင်း ကျောင်းသားအင်အား ၅၀ ရာခိုင်နှုန်းဖြင့် အတန်းများအားလုံး ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း နယူးဒေလီ၏ ဒုတိယဝန်ကြီးချုပ်နှင့် ပညာရေးဝန်ကြီး Manish Sisodia က အောက်တိုဘာ ၂၇ ရက်တွင်ပြောသည်။ယမန်နှစ် ကCOVID-19 ကပ်ရောဂါကြောင့် စာသင်ကျောင်းများ ပိတ်ထားရပြီး ဍ အတန်းကြီးများအတွက် လွန်ခဲ့သည့် ရက်သတ္တပတ်အနည်းငယ်က ကျောင်းများ ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း ကြိုတင်ကာကွယ်မှုအနေဖြင့် အငယ်တန်းအတန်းများကို ပိတ်ထားရကြောင်း သိရသည်။

ဒေလီဘေးအန္တရာယ်စီမံခန့်ခွဲမှုအာဏာပိုင် (DDMA) ၏ အစည်းအဝေးအပြီးတွင် Sisodia က ကလေးများအား ကိုယ်တိုင် ကျောင်းလာရန် မိဘများက သဘောတူညီမှု မဖြစ်မနေလုပ်ဆောင်ရမည်ဖြစ်ကြောင်း Sisodia မှ ပြောကြားခဲ့သည်။

ပညာရေးဌာနသည် COVID-19 ဆိုင်ရာ
သင့်လျော်သော အမူအကျင့် (CAB) ကို တိကျစွာ လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ပြီး ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် သယ်ယူပို့ဆောင်ရေး ဝန်ထမ်းများသည်လည်း ကာကွယ်ဆေးနှစ်ကြိမ်လုံးကို ၁၀၀ ရာခိုင်နှုန်း ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။

တရားဝင်အချက်အလက်များအရ သင်ကြားရေးဝန်ထမ်းများ၏ ၉၀ ရာခိုင်နှုန်းသည် အနည်းဆုံးကာကွယ်ဆေး ၁ ကြိမ် ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)

————————————————

(English Version)
Schools in Indian capital to reopen for all classes from November

NEW DELHI, Oct. 27 (Xinhua) — All schools in New Delhi will reopen for all classes with 50 percent capacity of the total students’ strength from Nov. 1, deputy chief minister and education minister of New Delhi Manish Sisodia said on Wednesday.

While schools have been functional for the past few weeks for senior classes after being shut down due to the COVID-19 pandemic last year, junior classes were shut as a precautionary measure.
After a meeting of the Delhi Disaster Management Authority (DDMA), Sisodia said that parental consent would be compulsory for kids to come to school physically.
The education department has to ensure the enforcement of COVID-19 Appropriate Behavior (CAB), and teachers, staff, and transportation personnel are 100 percent vaccinated with both doses of the vaccine.

As per the official information available, 90 percent of the teaching staff have already taken at least one dose of COVID-19 vaccines. Enditem