Connect with us

COVID-19 UPDATES

အိန္ဒိယနိုင်ငံ၌ အိုမီခရွန် ဗီဇပြောင်းမျိုးကွဲ ကူးစက်ခံရသူ အရေအတွက် ၂၁ ဦးထိ မြင့်တက်လာ

အိန္ဒိယနိုင်ငံ Uttar Pradesh ပြည်နယ်ရှိ လေဆိပ်၌ ကျန်းမာရေးဝန်ထမ်းတစ်ဦးက COVID-19 ရောဂါ စစ်ဆေးခြင်းအတွက် ခရီးသည်တစ်ဦးထံမှ နှာခေါင်းတို့ဖတ် ရယူနေသည်ကို ဩဂုတ် ၁၃ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

နယူးဒေလီ ၊ ဒီဇင်ဘာ ၆ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ၌ COVID-19 ရောဂါ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက်မှာ ဒီဇင်ဘာ ၅ ရက် နံနက်ပိုင်းတွင် ၅ ဦး ရှိရာမှ ညနေပိုင်းတွင် ၂၁ ဦးထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။

ထိုနေ့အတွင်း နိုင်ငံအနောက်ပိုင်း Rajasthan ပြည်နယ်၏ မြို့တော် Jaipur မြို့၌ အိုမီခရွန် ဗိုင်းရပ်စ် ကူးစက်ခံရသူ ၉ ဦး နှင့် နိုင်ငံအနောက်တောင်ပိုင်း Maharashtra ပြည်နယ်၌ ၇ ဦး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

မီဒီယာတွင် ဖော်ပြမှုအရ ဒီဇင်ဘာ ၅ ရက်က Maharashtra ပြည်နယ် Pimpri-Chinchwad ဒေသတွင် ဗိုင်းရပ်စ် ကူးစက်ခံရသူ ၆ ဦး ရှိခဲ့ပြီး Pune မြို့တွင် ဗိုင်းရပ်စ် ကူးစက်ခံရသူ ၁ ဦး ရှိခဲ့ကြောင်း သိရသည်။

တောင်အာဖရိကနိုင်ငံမှ အိန္ဒိယနိုင်ငံ Jaipur မြို့သို့ လာရောက်ခဲ့သည့် မိသားစုတစ်ခုတွင် လူ ၉ ဦး၏ ဓာတ်ခွဲနမူနာ မျိုးဗီဇစစ်ဆေးရာ၌ အိုမီခရွန် ဗီဇပြောင်းမျိုးကွဲအား တွေ့ရှိကြောင်း ဒီဇင်ဘာ ၅ ရက်တွင် အတည်ပြုခဲ့သည်။ ပြည်နယ် ကျန်းမာရေးဌာနသည် အိုမီခရွန် ဗိုင်းရပ်စ် ကူးစက်ခံရသူ ၉ ဦးနှင့် ထိတွေ့ဆက်ဆံခဲ့သူများအား သီးခြားစောင့်ကြပ်ထားရှိခဲ့ကြောင်း မီဒီယာတွင် ဖော်ပြမှုများအရ သိရသည်။

Rajasthan ပြည်နယ်ကျန်းမာရေးဌာနက ပြည်နယ်အတွင်း၌ ဓာတ်ခွဲနမူနာ စုစုပေါင်း ၃၄ ခုအား စစ်ဆေးခဲ့ရာ ၎င်းတို့အနက် ၂၅ ခုမှာ ရောဂါပိုး စစ်ဆေးတွေ့ရှိရခြင်း မရှိကြောင်း ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် နိုင်ငံတောင်ပိုင်း Karnataka ပြည်နယ်မှ ဗိုင်းရပ်စ် ကူးစက်ခံရသူ ၂ ဦး ၊ Gujarat ပြည်နယ်၌ ၁ ဦး ၊ Maharashtra ပြည်နယ်၌ ၈ ဦး နှင့် ဒေလီမြို့၌ တစ်ဦး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။ (Xinhua)

———————————–
(English Version)
India’s Omicron variant tally rises to 21
NEW DELHI, Dec. 5 (Xinhua) — India’s tally of the Omicron variant of COVID-19 rose from five on Sunday morning to 21 in the evening.
During the day, nine cases of Omicron variant were reported from Jaipur, the capital city of western state of Rajasthan, and seven from the southwestern state of Maharashtra.
According to media reports, Maharashtra’s Pimpri-Chinchwad area registered six cases, while the Pune city reported one case of the variant on Sunday.
The genome sequencing of samples of nine people of a family that came to Jaipur from South Africa on Dec. 5 confirmed the Omicron variant. The state health department has isolated the people who have come in contact with the nine Omicron patients, said the media reports.
Besides, the Rajasthan health department said that a total of 34 samples were tested in the state, out of which 25 tested negative.
Meanwhile, two cases were reported from the southern state in Karnataka, one in Gujarat, eight in Maharashtra and one in Delhi. Enditem
Photo – A health worker takes a nasal swab sample from a passenger for COVID-19 testing at the airport in Prayagraj District of Uttar Pradesh, India, Aug. 13, 2021. (Str/Xinhua)