Connect with us

Asia

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မိုဒီက လယ်သမားများ နှစ်ချီကြာ ဆန္ဒပြမှုများအကြား လယ်ယာမြေဥပဒေ ၃ ခုကို ရုပ်သိမ်းပေး

အိန္ဒိယနိုင်ငံ မြောက်ပိုင်း ပန်ဂျပ်ပြည်နယ် Amritsar ခရိုင်တွင် အငြင်းပွားဖွယ်ရာ လယ်ယာမြေဥပဒေ သုံးခုကို ဆန့်ကျင်ဆန္ဒပြနေသော လယ်သမားများအား စက်တင်ဘာ ၁၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Str/Xinhua)

နယူးဒေလီ၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံတွင် အံ့အားသင့်ဖွယ် အပြောင်းအလဲအဖြစ် ယမန်နှစ်က အိန္ဒိယပါလီမန်က ခွင့်ပြုခဲ့သော လယ်ယာမြေဥပဒေ ၃ ခုကို ရုပ်သိမ်းလိုက်ကြောင်း ဝန်ကြီးချုပ် နာရန်ဒြာမိုဒီက နိုဝင်ဘာ ၁၉ ရက်၌ ကြေညာခဲ့ကြောင်း သိရသည်။

“ဒီလကုန်မှာ ပြုလုပ်မယ့် လွှတ်တော်ရဲ့ ဆောင်းရာသီအစည်းအဝေးမှာ လယ်ယာမြေဥပဒေ ၃ ခုလုံးကို ရုပ်သိမ်းရေးလုပ်ငန်း ပြီးစီးမှာဖြစ်ပါတယ်” ဟု မိုဒီက နိုင်ငံအား ရုပ်မြင်သံကြားမိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။

အဓိကအားဖြင့် ပန်ဂျပ်၊ ဟာယာနာ၊ အက်တာပရာဒက်ရှ်၊ ရာဂျက်စတန် ကဲ့သို့ မြောက်ပိုင်းပြည်နယ်များမှ လယ်သမား ထောင်ပေါင်းများစွာသည် လယ်ယာမြေဥပဒေ ၃ ခုကို တစ်နှစ်နီးပါးကြာ ဆန့်ကျင်ဆန္ဒပြလျက်ရှိသည်။ အစိုးရက ဒေလီမြို့တော်သို့ ဝင်ရောက်ခွင့် ပယ်ချခဲ့ပြီးနောက် ဆန္ဒပြလယ်သမားများသည် ဒေလီမြို့အနီးတဝိုက် ဝင်ပေါက်နေရာမျိုးစုံ၌ စခန်းချနေထိုင်လျက်ရှိသည်။

မိုဒီ၏ကြေညာချက်သည် Sikh အသိုင်းအဝိုင်းက ကျင်းပသည့် Sikh ပွဲတော်တစ်ခုဖြစ်သော “Prakash Parv” (မီးထွန်းပွဲတော်) နေ့တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

အဆိုပါ ကြေညာချက် နိုင်ငံမြောက်ပိုင်းပြည်နယ်များဖြစ်သော ပန်ဂျပ်နှင့် အက်တာပရာဒက်ရှ် အပြင် အတ်ထရာခန်း၊ ဂိုအာနှင့် မဏိပူရ်တို့တွင် လွှတ်တော်ရွေးကောက်ပွဲများ ပြလုပ်ရန် နှစ်လအလို၌ ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

လာမည့်ရက်အနည်းငယ်အတွင်း မိုဒီသည် ပြည်နယ်ရွေးကောက်ပွဲမဲများအလို့ငှာ ၎င်း၏ Bhartiya Janata ပါတီအတွက် နိုင်ငံရေးထောက်ခံမှုရရှိရန် နိုင်ငံရေးစည်းရုံးလှုံ့ဆော်ပွဲ နှစ်ခု ပြုလုပ်ရန် အတ်တာပရာဒက်ရှ်ပြည်နယ်သို့ သွားရောက်ရန် စီစဉ်ထားကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
Indian PM withdraws 3 farm laws amid year-long farmers protests
Source: Xinhua| 2021-11-19 12:16:35|Editor: huaxia
NEW DELHI, Nov. 19 (Xinhua) — In a surprise move, Indian Prime Minister Narendra Modi on Friday announced to withdraw all the three farm laws passed by the Indian Parliament last year.
“We will complete the process of the repealing all the three farm laws in the forthcoming winter session of the parliament later this month,” said PM Modi while addressing the nation on TV.
Thousands of farmers, mainly from northern states like Punjab, Haryana, Uttar Pradesh, Rajasthan, etc., had been protesting against the three farm laws for almost a year. The protesting farmers had been camping on various entry points around Delhi, after being denied entry in the national capital by the government.
Modi’s announcement came on the day of a Sikh festival “Prakash Parv” (festival of lights), celebrated on a grand scale by the Sikh community.
The announcement also assumed significance as it came a couple of months ahead of the Assembly elections in the northern states of Punjab and Uttar Pradesh, besides Uttarakhand, Goa, and Manipur.
In the next few days, Modi is slated to visit Uttar Pradesh to address a couple of political rallies in Uttar Pradesh to garner political support for his Bhartiya Janata Party ahead of the state polls. Enditem

Photo : Farmers protest against the three controversial farm laws in Amritsar district of India’s northern state Punjab, Sept. 18, 2021. (Str/Xinhua)