Connect with us

Asia

အိန္ဒိယနိုင်ငံ Panacea Biotec က ရုရှားနိုင်ငံ၏ Sputnik V ကာကွယ်ဆေး ထုတ်လုပ်မည်

ရုရှားနိုင်ငံ၏ Sputnik V ကာကွယ်ဆေးအား တွေ့ရစဉ် (ဆင်ဟွာ)

မွမ်ဘိုင်း၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ Panacea Biotec ကုမ္ပဏီသည် ရုရှားနိုင်ငံ၏ Sputnik V COVID-19 ကာကွယ်ဆေး ၂၅ သန်း ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ကုမ္ပဏီက ဩဂုတ် ၅ ရက်၌ ပြောကြားခဲ့သည်။ကာကွယ်ဆေးထုတ်လုပ်ရေး လိုင်စင်သဘောတူညီချက်အရ Panacea Biotec အနေဖြင့် ရုရှားနိုင်ငံရှိ Generium ကုမ္ပဏီက ထုတ်လုပ်ထားသော ဆေးဝါးပါဝင်ပစ္စည်းအား အဆင်သင့်ဖြည့်တင်း အသုံးပြုကာ Sputnik V ကာကွယ်ဆေး ထုတ်လုပ်သွားမည်ဖြစ်ကြောင်းနှင့် ၎င်းအရာများအားလုံးကို အိန္ဒိယနိုင်ငံ၌ ဖြန့်ချိရေးအတွက် နောက်ထပ် အိန္ဒိယ ပုဂ္ဂလိက ဆေးကုမ္ပဏီဖြစ်သော Dr Reddy’s Laboratories ထံ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

ရုရှားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေက အိန္ဒိယ ကုမ္ပဏီအား ကာကွယ်ဆေးထုတ်လုပ်ရန် လိုင်စင်ထုတ်ပေးခဲ့ပြီးနောက် Panacea Biotec သည် ကာကွယ်ဆေး ထုတ်လုပ်မှု လိုင်စင်ကို ဇူလိုင်လက ရရှိခဲ့ခြင်းဖြစ်သည်။

မေလအစောပိုင်းကလည်း ကာကွယ်ဆေးအသုတ်များအား အိန္ဒိယနိုင်ငံရှိ Panacea Biotec ၏ အဆောက်အအုံ၌ ထုတ်လုပ်ခဲ့ပြီး အရည်အသွေးထိန်းချုပ်ရန်အတွက် ရုရှားနိုင်ငံရှိ Gamaleya စင်တာသို့ တင်ပို့ခဲ့ကြောင်း၊ ၎င်းကာကွယ်ဆေးများမှာ ရုရှားနိုင်ငံနှင့် အိန္ဒိယနိုင်ငံ နှစ်နေရာလုံးတွင် အရည်အသွေး သတ်မှတ်ချက်များအားလုံး ရှင်းရှင်းလင်းလင်း အောင်မြင်ခဲ့ကြောင်း သိရသည်။

မော်စကိုအခြေစိုက် Gamaleya အင်စတီကျုမှ ထုတ်လုပ်သော Sputnik V ကာကွယ်ဆေးသည် Astrazeneca ၏ Covishield နှင့် အိန္ဒိယ Bharat Biotech ကုမ္ပဏီ၏ Covaxin ပြီးနောက် အိန္ဒိယနိုင်ငံ၌ တတိယမြောက် ခွင့်ပြုထားသည့် ကာကွယ်ဆေးလည်း ဖြစ်သည်။

ထို့ပြင် အိန္ဒိယနိုင်ငံ၌ ကာကွယ်ဆေးထိုးနှံမှု ၄၈၉ သန်းကျော် ပြီးစီးခဲ့ပြီး လက်ရှိ COVID-19 ရောဂါဖြစ်ပွားသူ ၄၁၁,၀၇၆ ဦးနှင့်သေဆုံးသူ ၄၂၆,၂၉၀ ဦးရှိကြောင်း သိရသည်။ (Xinhua)

——————————————————–
(English Version)

India’s Panacea Biotec to manufacture Russia’s Sputnik V vaccine

MUMBAI, Aug. 5 (Xinhua) — India’s Panacea Biotec will manufacture 25 million doses of Russia’s Sputnik V vaccine for COVID-19, the company said in a regulatory filing with the Bombay Stock Exchange on Thursday.

As per the licensing agreement, Panacea Biotec shall produce Sputnik V vaccine using the ready to fill drug substance manufactured by Generium in Russia, and then supply the entire quantity thereof to another Indian private drug company Dr Reddy’s Laboratories for distribution in India.

In July, Panacea Biotec has received the manufacturing license to produce the vaccine after Russian Direct Investment Fund, granted the Indian company the license to manufacture the vaccine.

Earlier in May, the batches of vaccine were produced at Panacea Biotec’s facilities in India and were shipped to the Gamaleya Center in Russia for quality control and they have successfully cleared all quality parameters both in Russia and India.

Sputnik V, the vaccine developed by Moscow-based Gamaleya Institute, is the third vaccine to be approved in India after Astrazeneca’s Covishield and Indian company Bharat Biotech’s Covaxin.

So far, India has completed over 489 million vaccinations, with 411,076 active cases of COVID-19 and 426,290 deaths reported till date. Enditem

Photo taken on Dec. 22, 2020 shows Russia’s Sputnik V vaccine at a plant in the Karaganda Region, Kazakhstan. Kazakhstan has started production of Russia’s Sputnik V vaccine against the COVID-19. (Photo by Kalizhan Ospanov/Xinhua)