Connect with us

Africa & Middle East

အေဒင်မြို့၌ ယီမင်အစိုးရတာဝန်ရှိသူများအား ပစ်မှတ်ထားသည့် ဗုံးခွဲမှုအတွင်း ၅ ဦးသေဆုံး

ယီမင်နိုင်ငံ အေဒင်မြို့၌ ကားဗုံးပေါက်ကွဲသည့် နေရာတွင် ပျက်စီးသွားသည့် ယာဉ်အား အောက်တိုဘာ ၁၀ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

အေဒင် ၊ ယီမင် ၊ အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ)
ယီမင်နိုင်ငံ တောင်ပိုင်း ဆိပ်ကမ်းမြို့ ဖြစ်သည့် အေဒင်မြို့၌ အောက်တိုဘာ ၁၀ ရက်တွင် ယီမင်အဆင့်မြင့်အစိုးရတာဝန်ရှိသူများ လိုက်ပါလာသည့် ယာဉ်တန်းတစ်ခုသည် ကြီးမားသောပေါက်ကွဲမှုဖြင့် ကြုံတွေ့ခဲ့ရကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ယီမင်နိုင်ငံ အေဒင်မြို့၌ အောက်တိုဘာ ၁၀ ရက်တွင် ကားဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် လမ်းပေါ်တွင် လုံခြုံရေးတာဝန်ရှိသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ယီမင်နိုင်ငံ အေဒင်မြို့၌ ကားဗုံးပေါက်ကွဲသည့် နေရာတွင် ပျက်စီးသွားသည့် ယာဉ်အား အောက်တိုဘာ ၁၀ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

“အစိုးရအရာရှိတွေ လိုက်ပါလာတဲ့ ယာဉ်တန်းကို ပစ်မှတ်ထားပြီးတော့ အေဒင်မြို့ Tawahi ဒေသမှာ ကားဗုံးခွဲတိုက်ခိုက်မှု လုပ်ခဲ့တာပါ”ဟု အမည်မဖော်လိုသည့် ဒေသတွင်းလုံခြုံရေးအရင်းအမြစ်က ပြောကြားခဲ့သည်။
အဆိုပါ ကားဗုံးခွဲ တိုက်ခိုက်မှုသည် အေဒင်မြို့ အုပ်ချုပ်ရေးမှူး Ahmed Lamlas နှင့် ဆော်ဒီကျောထောက်နောက်ခံပြုထားသည့် ယီမင်အစိုးရတာဝန်ရှိသူများ၏ ယာဉ်တန်းအား ပစ်မှတ်ထားခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဒေသဆိုင်ရာ တာဝန်ရှိသူ၏ ပြောကြားချက်အရ အေဒင်မြို့ အုပ်ချုပ်ရေးမှူး နှင့် စိုက်ပျိုးရေးဝန်ကြီးသည် ကားဗုံးတိုက်ခိုက်မှုအတွင်း ထိခိုက်မှုမရှိဘဲ လွတ်မြောက်သွားခဲ့ကြောင်း သိရသည်။
Tawahi ဒေသ၌ ဗုံးပေါက်ကွဲသည့် နေရာမှ ထွက်ပေါ်လာသော အနက်ရောင်မီးခိုးလုံးများ ကို တွေ့မြင်ရကြောင်း မျက်မြင်တွေ့ရှိသူများ၏ ပြောကြားချက်အရ သိရသည်။
အေဒင်မြို့အုပ်ချုပ်ရေးမှူးအား လုံခြုံရေး တာဝန်ယူထားသည့် စစ်သား ၅ ဦး သေဆုံးခဲ့ပြီး အခြားသူများ ဒဏ်ရာရရှိခဲ့ကြောင်း အေဒင်မြို့ ဒေသဆိုင်ရာတာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ အတည်ပြုပြောကြားခဲ့သည်။
ယင်းကားဗုံးတိုက်ခိုက်မှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့ကမျှ ၎င်းတို့ ပြုလုပ်ခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခြင်း မရှိပေ။သို့သော် ယီမင်အစိုးရတာဝန်ရှိသူများက ပြီးခဲ့သောလများအတွင်း ဗုံးပေါက်ကွဲမှုများအတွက် အယ်လ်ကိုင်းဒါးကဲ့သို့ အကြမ်းဖက်အဖွဲ့များအား အပြစ်တင်ခဲ့ကြောင်း သိရသည်။
ဒေသဆိုင်ရာ တာဝန်ရှိသူများက ယီမင်နိုင်ငံ၏ ယာယီမြို့တော်အဖြစ် သတ်မှတ်ထားသည့် အေဒင်မြို့တွင် လုံခြုံရေး နှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန် ကြိုးစားနေကြောင်း သိရသည်။
သို့သော်လည်း ဆော်ဒီကျောထောက်နောက်ခံပြုထားသည့် ယီမင်အစိုးရ အခြေစိုက် အေဒင်မြို့၌ ၂၀၁၅ ခုနှစ်မှစတင်ကာ မကြာခဏ ဗုံးပေါက်ကွဲမှုများ နှင့် ကားပေါ်မှနေ၍ သေနတ်ပစ်ခတ် တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။
နိုင်ငံတကာအသိအမှတ်ပြုထားသည့် Hadi အစိုးရအား မြို့တော် Sanaa မြို့မှ မောင်းထုတ်ပြီး အီရန်ကျောထောက်နောက်ခံပြုထားသည့် ဟူသီစစ်သွေးကြွများက ယီမင်နိုင်ငံမြောက်ပိုင်း ပြည်နယ်အများအပြားအား ထိန်းချုပ်ခဲ့သည့်၂၀၁၄ ခုနှစ်နှောင်းပိုင်းမှစ၍ ယီမင်နိုင်ငံသည် ပြည်တွင်းစစ်အတွင်း နစ်မြုပ်သွားခဲ့ရကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
5 killed in explosion targeting Yemeni gov’t officials in Aden
ADEN, Yemen, Oct. 10 (Xinhua) — A massive explosion struck a convoy of high-ranking Yemeni government officials in the country’s southern port city of Aden on Sunday, a security official told Xinhua.
“A booby-trapped vehicle exploded in Aden’s district of Tawahi, targeting a traveling convoy carrying a number of government officials,” the local security source said on condition of anonymity.
The car bomb attack targeted the motorcade of Aden’s governor Ahmed Lamlas and other officials of the Saudi-backed Yemeni government, he said.
According to the local official, the city’s governor and the minister of the agriculture survived the bombing attack unhurt.
Witnesses said that columns of black smoke were seen rising from the bombing site in Tawahi.
An official of Aden’s local authority confirmed to Xinhua that five soldiers in charge of guarding Aden’s governor were killed and a number of others wounded.
No group has claimed responsibility for the car bomb attack yet. However, Yemeni government officials blamed terror groups such as al-Qaida for the bomb explosions during the past months.
Local authorities are trying to maintain security and stability in the strategic Yemeni port city considered as the country’s temporary capital.
However, sporadic bombing incidents and drive-by shooting attacks still occur in Aden, where the Saudi-backed Yemeni government has been based since 2015.
Yemen has been mired in a civil war since late 2014, when the Iran-backed Houthi rebels seized control of several northern provinces and forced the internationally-recognized government of Hadi out of the capital Sanaa. Enditem
Photo 1 – Photo taken on Oct. 10, 2021 shows a damaged vehicle at the site of a car bomb in Aden, Yemen. A massive explosion struck a convoy of high-ranking Yemeni government officials in the country’s southern port city of Aden on Sunday, a security official told Xinhua. According to the local official, the city’s governor and the minister of the agriculture survived the bombing attack unhurt. An official of Aden’s local authority confirmed to Xinhua that five soldiers in charge of guarding Aden’s governor were killed and a number of others wounded. (Photo by Murad Abdo/Xinhua)
Photo 2 – Security members are seen on a street after a car bomb attack in Aden, Yemen, Oct. 10, 2021. A massive explosion struck a convoy of high-ranking Yemeni government officials in the country’s southern port city of Aden on Sunday, a security official told Xinhua. According to the local official, the city’s governor and the minister of the agriculture survived the bombing attack unhurt. An official of Aden’s local authority confirmed to Xinhua that five soldiers in charge of guarding Aden’s governor were killed and a number of others wounded. (Photo by Murad Abdo/Xinhua)
Photo 3 – Photo taken on Oct. 10, 2021 shows damaged vehicles at the site of a car bomb in Aden, Yemen. A massive explosion struck a convoy of high-ranking Yemeni government officials in the country’s southern port city of Aden on Sunday, a security official told Xinhua. According to the local official, the city’s governor and the minister of the agriculture survived the bombing attack unhurt. An official of Aden’s local authority confirmed to Xinhua that five soldiers in charge of guarding Aden’s governor were killed and a number of others wounded. (Photo by Murad Abdo/Xinhua)