Connect with us

International Organizations

ဩစတြေးလျနိုင်ငံရှိ ပြည်နယ်တစ်ခုတွင် တောမီး အရေးပေါ်သတိပေးချက်များ ထုတ်ပြန်

ဩစတြေးလျနိုင်ငံ ကန်ဘာရာမြို့ရှိ Namadgi အမျိုးသားဥယျာဉ်တွင် တောမီးလောင်ကျွမ်းထားသော သစ်တောအား ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၇ ရက်ကတွေ့ရစဉ် (ဓာတ်ပုံ- ACT Government/Handout via Xinhua)

ဆစ်ဒနီ၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ)

ဩစတြေးလျနိုင်ငံ၏ အနောက်ဩစတြေးလျပြည်နယ် (WA) ရှိ အရေးပေါ်ဌာနက ပြည်နယ် အနောက်တောင်ပိုင်းနှင့် Perth မြို့တော်တွင် တောမီးလောင်ကျွမ်းမှုနှစ်ခုကို သတိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။

Perth မြို့ရှိ တောမီးသည် Canning Mills ရပ်ကွက်တွင် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မြေဧက ၉၆ ဟက်တာထက်မနည်း မီးလောင်သွားခဲ့သည်။

WA ၏ အနောက်တောင်ဘက် Kirup မြို့ရှိ တောမီးမှာလည်း အရေးပေါ်သတိပေးချက်အဆင့် ထုတ်ပြန်ထားကြောင်းနှင့် အနောက်မြောက်ဘက် လမ်းကြောင်းဆီသို့ “ဖြည်းဖြည်းချင်း” ရွှေ့လျားလျက်ရှိကြောင်း သိရသည်။

ပြည်နယ်၏ မီးသတ်နှင့် အရေးပေါ်လုပ်ငန်းဌာန (DFES) က တောမီးလောင်ကျွမ်းမှု သတိပေးချက်များကို ဖေဖော်ဝါရီ ၁ ရက်က ကနဦးထုတ်ပြန်ထားခြင်းဖြစ်ကြောင်းနှင့် မီးငြှိမ်းသတ်ရာတွင် လူ ၂၀၀ ကျော် ပါဝင်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

တောမီးလောင်မှုနှစ်ခုသည် လက်ရှိတွင် စတင်လောင်ကျွမ်းချိန်နှင့် နှိုင်းယှဉ်ပါက တည်ငြိမ်လျက်ရှိသော်လည်း လေတိုက်နှုန်းများခြင်းကြောင့် သတိပေးချက်များကိုမူ ဆက်လက်ထားရှိခြင်းဖြစ်သည်။

“လေတိုက်နှုန်းပြင်းထန်မှုက ညတွင်းချင်းမြင့်တက်လာပြီး ထိန်းချုပ်မှုမျဉ်းတွေပေါ် လေထုဖိအားများနေပါတယ်” ဟု DFES က ဆိုသည်။

“အခုထိတော့ ထိန်းချုပ်နိုင်ဆဲအဆင့်တော့ မဟုတ်တော့ပါဘူး။ မီးက အဲဒီနေရာကို ချဉ်းကပ်လာတဲ့အတွက် လူ့အသက်တွေနဲ့ နေအိမ်တွေကို ခြိမ်းခြောက်လာနိုင်ပြီး အခြေအနေတွေက ပြောင်းလဲနေပါတယ်”

DFES အနေဖြင့် ပြည်သူများအား ဘေးကင်းသောနေရာများသို့ ထွက်ခွာခြင်း တစ်နည်းအားဖြင့် ၎င်းတို့၏ နေအိမ်၌ပင် နားခိုရာရှာဖွေထားသင့်ကြောင်းနှင့် အကယ်၍ဖြစ်နိုင်မည်ဆိုပါက နေအိမ်အတွင်းမှတစ်ဆင့် ရေသွယ်ထားရှိရန် အကြံပြုထားသည်။

“ထွက်ပေါက်နှစ်ခုရှိပြီး မီးဖိုဆောင် ဒါမှမဟုတ် ပင်မင်းအခန်းလိုမျိုး ထွက်ပေါက်နှစ်ခုရှိတဲ့ အခန်းမျိုးကို ရွေးထားပါ” ဟု DFES က သတိပေးခဲ့သည်။ (Xinhua)

————————————–
(English Version)
Bushfire emergency warnings issued in Australian state
Source: XinhuaEditor: huaxia2022-02-03 10:32:21
SYDNEY, Feb. 3 (Xinhua) — The emergency department in Western Australia (WA) has issued warnings of two separate bushfires in the state’s southwest and the capital of Perth.
The blaze in Perth started in the suburb of Canning Mills and it has burned at least 96 hectares of land so far.
The bushfire in WA’s southwest town Kirup is also at emergency warning level, which is moving “slowly” in a northwestern direction.
The state’s Department of Fire and Emergency Services (DFES) said the bushfire warnings were initially issued on Tuesday, and more than 200 people were on-site battling the blaze.
The two fires are currently stationary compared to the beginning, but the warnings remained in place due to the wind intensity.
“The wind intensity has increased overnight and put pressure on containment lines,” the DFES said.
“It is (still) not contained or controlled. There is a possible threat to lives and homes as a fire is approaching in the area and conditions are changing.”
The DFES advised people to leave now for a safer place, otherwise, they should seek shelter in their homes and keep water running through the indoor settings if possible.
“Choose a room with two exits and water such as a kitchen or laundry,” the DFES warned. ■
Photo : Forest burnt by the fire is seen in Namadgi National Park in Canberra, Australia, Sept. 17, 2020. (ACT Government/Handout via Xinhua)