Connect with us

China

၂၀၂၂ ခုနှစ် ပထမဆုံးနေ့တွင် RCEP အသက်ဝင်လာ

တရုတ်နိုင်ငံ တောက်ပိုင်း ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Beibu Gulf ဆိပ်ကမ်းရှိ ချင်ကျိုးဆိပ်ကမ်းအား ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ)

ကမ္ဘာ့အကြီးဆုံး လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက်ဖြစ်သော ဒေသတွင်းဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံမှု (RCEP) သဘောတူညီချက်သည် ယနေ့ ဇန်နဝါရီ ၁ ရက်တွင် အသက်ဝင်လာပြီဖြစ်သည်။

အဖွဲ့ဝင်နိုင်များအကြား ကုန်သွယ်မှု၏ ၉၀ ရာခိုင်နှုန်းကျော် သဘောတူညီချက် အသက်ဝင်လာပြီးနောက် အတည်ပြုလိုက်သော သဘောတူညီချက် နောက်ဆုံးတွင် စည်းကြပ်ခွန် သုညအထိ လျှော့ချသွားမည် ဖြစ်သည်။

လက်မှတ်ရေးထိုးထားသောနိုင်ငံများအကြား သင့်မြတ်အောင်ဆောင်ရွက်ခြင်းဖြင့် ဝန်ဆောင်မှုလုပ်ငန်း ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများတွင် အကျိုးရှိသော လုပ်ငန်းစဉ်များနှင့် ပိုမို တံခါးဖွင့်လှစ်လျက် RECP သည် အဖွဲ့ဝင်နိုင်ငံများထံ လက်တွေ့ကျသော အကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးမည်ဖြစ်သည်။

တရုတ်နိုင်ငံသည် RECP သဘောတူညီချက် တာဝန်များအား အပြည့်အဝ အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်းနှင့် ဒေသန္တရအစိုးရများ၊ စက်မှုလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများအား တံခါးဖွင့်ဝါဒ အခွင့်အလမ်းများကို ပိုမိုကောင်းမွန်စွာစွာ ဖမ်းဆုပ်နိုင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် RCEP လုပ်ထုံးလုပ်နည်းအား အရှေ့အာရှတွင် စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုအတွက် အဓိကပလက်ဖောင်းအဖြစ်သို့ ထူထောင်ရန် အဖွဲ့ဝင်နိုင်ငံများနှင့်အတူ တက်ကြွစွာ ဆောက်ရွက်သွားမည်ဖြစ်ကြောင်း ဝန်
ကြီးဌာနက ပြောကြားခဲ့သည်။

RCEP တွင် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံ၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ ဩစတြေးလျနှင့် နယူးဇီလန် စသည့်နိုင်ငံများ ပါဝင်သည်။ ယင်းနိုင်ငံ ၁၅ နိုင်ငံ၏ စုစုပေါင်းလူဦးရေ၊ ပြည်တွင်းအသားတင်ထုတ်ကုန်တန်ဖိုးနှင့် ကုန်သွယ်မှုများသည် ကမ္ဘာ့စုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ (Xinhua)

…………………………
(English Version)
RCEP comes into effect on first day of 2022
Source: Xinhua
Editor: huaxia
2022-01-01 00:45:00

BEIJING, Jan. 1 (Xinhua) — The Regional Comprehensive Economic Partnership (RCEP) agreement, the world’s largest free trade agreement, entered into force on Saturday.
After the agreement takes effect, more than 90 percent of merchandise trade among members that have approved the agreement will eventually be subject to zero tariffs.
With optimized trade rules among signatories, streamlined procedures and wider opening-up in the sectors of services-trade and investment, the RECP will bring tangible benefits to the member countries.
China will fully implement the obligations of the RCEP agreement and guide local governments, industries and enterprises to better seize the opening-up opportunities, according to the Ministry of Commerce.
The country will work actively with other members to build the RCEP mechanism into a major platform for economic and trade cooperation in East Asia, the ministry said.
The RCEP includes 10 ASEAN members, China, Japan, the Republic of Korea, Australia and New Zealand. The 15 states’ total population, gross domestic product and trade all account for about 30 percent of the world total. Enditem

Aerial photo taken on July 30, 2020 shows a view of the Qinzhou terminal of the Beibu Gulf Port in south China’s Guangxi Zhuang Autonomous Region. (Photo by Xu Zhiyan/Xinhua)