Connect with us

Media

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက အာရှတိုက်တွင် ထိပ်တိုက်တွေ့ဆုံမှုများအပေါ် သတိပေး

ပေကျင်း၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ)

အာရှတိုက်၌ “နံရံများအားဖြိုဖျက်ခြင်း” နှင့် “အတူယှဉ်တွဲမှုများအားဖျက်ဆီးခြင်း” တို့မှတစ်ဆင့် အစိတ်စိတ်အမွှာမွှာကွဲပြားစေခြင်းနှင့် ထိပ်တိုက်တွေ့ဆုံမှုများ ဖန်တီးလုပ်ဆောင်ခြင်းကဲ့သို့သော စိန်ခေါ်မှုအသစ်များကို ကြုံတွေ့နေရကြောင်း တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဝမ်ရိက ဒီဇင်ဘာ ၃၀ ရက်တွင်ပြောကြားခဲ့သည်။

ဝမ်ရိက ဆင်ဟွာသတင်းဌာနနှင့် တရုတ်နိုင်ငံ မီဒီယာအဖွဲ့တို့ ပူးပေါင်းကာ ၂၀၂၁ ခုနှစ်တွင် နိုင်ငံတကာ အခြေအနေနှင့် တရုတ်နိုင်ငံ၏ သံတမန်ရေးရာတို့နှင့်စပ်လျဉ်းသည့် အင်တာဗျူးတွင် ထိုသို့မှတ်ချက်ပြုခဲ့သည်။

ဝမ်ရိက “ဒီနှစ်ကတော့ တရုတ်နိုင်ငံနဲ့ အခြားအာရှတိုက်နိုင်ငံများအတွက် တိုးတက်ဖြစ်ထွန်းမှု နဲ့ အောင်မြင်မှုအသီးအပွင့်တွေရှိတဲ့နှစ်တစ်နှစ်လည်းဖြစ်ပါတယ်၊ တရုတ်နိုင်ငံကအာဆီယံနိုင်ငံတွေနဲ့ချစ်ကြည်ရေးကို ခိုင်မာတောင့်တင်းစေပြီးအဆင့်မြှင့်တင်လျက်ရှိပါတယ်။ အာဆီယံနဲ့တရုတ်နိုင်ငံနှစ်ဘက်စလုံးဟာ COVID-19 ကို အတူတကွ တိုက်ဖျက်ခဲ့ကြပါတယ်။ ဒေသတွင်းဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံမှု (RCEP) ကိုလည်း လက်မှတ်ရေးထိုးထားပြီး မကြာခင်မှာ အလုံးအရင်းနဲ့အကောင်အထည်ဖော်သွားမှာပါ ။ တရုတ်နိုင်ငံနဲ့ အာဆီယံနိုင်ငံတွေ ဟာ ဒစ်ဂျစ်တယ်စီးပွားရေးကဏ္ဍ၊ စဉ်ဆက်မပြတ်ရေကြောင်းစီးပွားရေးကဏ္ဍ၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိတဲ့စီးပွားရေးကဏ္ဍတို့မှာ ပူးပေါင်းဆောင်ရွက်မှုကိုတိုးမြှင့်ခဲ့ပါတယ်။ အချင်းချင်းချိတ်ဆက်မှုကိုလည်းကျယ်ပြန့်စွာမြှင့်တင်ခဲ့တဲ့အပြင် တရုတ်-လာအို ရထားလမ်း ကိုလည်း အောင်မြင်စွာ ဖောက်လုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်” ဟုဆိုသည်။

ဝမ်ရိသည် “ တောင်တရုတ် ပင်လယ် အရေးကိစ္စကို တောင်တရုတ်ပင်လယ်နိုင်ငံများ အပြုအမူဆိုင်ရာ ကြေညာစာတမ်း (DOC) မူဘောင်အောက်မှာ ထိရောက်စွာကိုင်တွယ်ရမှာဖြစ်ပြီး ရေကြောင်းသွားလာမှုနဲ့ ပျံသန်းမောင်းနှင်မှု ကင်းလွတ်ခြင်း စတာတွေကိုလည်း ဥပဒေနဲ့အညီ အကာအကွယ်လုပ်ဆောင်ရမှာပါ။ အာဖဂန်နစ္စတန်နဲ့ မြန်မာနိုင်ငံအရေးတို့လိုမျိုး နိုင်ငံရေးရာကိစ္စများမှာလည်း တရုတ်နိုင်ငံက ဒေသတွင်းမှာရှိတဲ့နိုင်ငံတွေနဲ့ ရင်းနှီးစွာပူးပေါင်းဆောင်ရွက်ပြီး ကမ္ဘာ့တစ်ထောင့်တစ်နေရာ မှာ တည်ငြိမ်အေးချမ်းမှုတွေရရှိစေဖို့ ပူးပေါင်း ကာကွယ်သွားမှာဖြစ်ပါတယ်။ အာရှတိုက်ဟာ ကြီးမားတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေတည်ရှိနေဆဲဖြစ်တဲ့ ဒေသတစ်ခုဖြစ်တဲ့အပြင် ကမ္ဘာကြီးပေါ်မှာ ဖွံ့ဖြိုးတိုးတက်မှု အလားအလာတွေရှိနေပါတယ်။ ဒါဟာလွယ်လွယ်နဲ့ဖြစ်လာတာတော့မဟုတ်ပါဘူး။ ဒါဟာတရုတ်နိုင်ငံနဲ့ ဒေသတွင်းနိုင်ငံတွေစည်းလုံးညီညွတ်စွာ နှစ်ပေါင်းများစွာကြိုးပမ်းအားထုတ်ခဲ့မှုရဲ့ ရလဒ်လည်းဖြစ်ပြီး အားလုံး နဲ့ ထိုက်တန် ပါတယ်” ဟုဆိုသည်။

ဝမ်ရိက “အလားတူ ကျွန်တော်တို့အနေနဲ့ အဲဒီဒေသတွေမှာစိန်ခေါ်မှုအသစ်တွေကိုလည်းကြုံတွေ့ရပါတယ်။ အဲဒီမှာ ကွဲပြားခြားနားချက်နှစ်ခုရှိပါတယ်။ တစ်ခုကတော့ ဖွံဖြိုးတိုးတက်မှုနဲ့ သာယာဝပြောမှုကို အပြန်အလှန်ယုံကြည်မှု နဲ့ ပူးပေါင်းဆောင်ရွက်မှုကတစ်ဆင့် လက်တွဲဖော်ဆောင်ခြင်းဖြစ်ပြီး၊ နောက်တစ်ခုကတော့ “နံရံများအားဖြိုဖျက်ခြင်း” နဲ့ “အတူယှဉ်တွဲမှုများအားဖျက်ဆီးခြင်း” လုပ်ဆောင်မှုများကတဆင့် ကွဲပြားခြားနားမှုနဲ့ ထိပ်တိုက်တွေ့ဆုံမှု ကိုဖန်တီးတာဖြစ်ပါတယ်။ အာရှတိုက်နိုင်ငံများ အနေနဲ့ အခြေခံကျပြီး ရေရှည်တည်တံ့တဲ့အကျိုးအမြတ်တွေနဲ့ ထိုက်တန်မှုရှိအောင် ရှင်းလင်းစွာမြင်နိုင်ဖို့, သူတို့ရဲ့ ရပ်တည်ချက်တွေ ခိုင်မာမြဲမြံနေဖို့၊ မှန်ကန်တဲ့ရွေးချယ်မှုတွေလုပ်ဆောင်နိုင်ဖို့ သိပ်ကိုအရေးကြီးပါတယ်။ ဒီဒေသပြင်ပက ဘယ်နိုင်ငံကိုမဆို ဒီဒေသမှာ ပြဿနာမီးမွှေးဖို့ နောက်ပြီး အာရှတိုက်ကို စစ်အေးကာလကို တွန်းပို့ဖို့ ခွင့်မပြုပါဘူး။ ကျွန်တော်တို့ ဒီဒေသပြင်ပက ဘယ်နိုင်ငံကိုမဆို လက်ရှိတည်ရှိနေတဲ့ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုမူဘောင်နှင့် ဒေသတွင်း အဆင့်မြှင့်တင်ရေးလုပ်ငန်းများပျက်ပြားအောင်လုပ်ဆောင်ပြီး သူတို့ ပုံစံ တစ်ခုနဲ့အစားထိုးတာတွေကို ခွင့်မပြုပါဘူး။ ဒီဒေသပြင်ပက ဘယ်နိုင်ငံကိုမဆို ဒေသတွင်းမှာ လက်နက်အားပြိုင်မှုတွေဖြစ်ပေါ်အောင်လှုံ့ဆော်တာမျိုး ဒါမှမဟုတ် နျူကလီးယားလက်နက်တွေ အများအပြားတိုးပွားလာပြီး အာရှတိုက်ရဲ့ လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းမှုကို အန္တရာယ်ဖြစ်စေမှုများကို လက်ခံလို့မရပါဘူး” ဟု ပြောကြားခဲ့သည်။ (Xinhua)

……………………

(English Version)

GLOBALink | Chinese FM warns about trend of creating confrontation in Asia

BEIJING, Dec. 30 (Xinhua) — Chinese State Councilor and Foreign Minister Wang Yi on Thursday said Asia faces new challenges such as a trend of creating division and confrontation through “erecting walls” and “decoupling.”

Wang made the remarks in an interview with Xinhua News Agency and China Media Group on the international situation and China’s diplomacy in 2021.

Produced by Xinhua Global Service