Connect with us

Europe

ကပ်ရောဂါကြောင့် စတော့ဟုမ်းမြို့တွင် ကျင်းပမည့် နိုဗယ်လ်ဆုပေးပွဲ အခမ်းအနား ပယ်ဖျက်

စတော့ဟုမ်း ၊ စက်တင်ဘာ ၂၄ ရက်(ဆင်ဟွာ)

COVID-19 ကပ်ရောဂါ မသေချာမရေရာမှုများကြောင့် ယခုနှစ်အတွက် နိုဗယ်လ်ဆုရရှိသူများအနေဖြင့် ၎င်းတို့၏ မိခင်နိုင်ငံတွင်သာ ဆုကို အသီးသီးလက်ခံရယူသွားရမည့် ဒုတိယမြောက်နှစ်ဖြစ်လာကြောင်း နိုဗယ်လ်ဖောင်ဒေးရှင်းက စက်တင်ဘာ ၂၃ ရက်တွင် ပြောကြားခဲ့သည်။ဆုရရှိသူများအတွက် အစဉ်အလာဂုဏ်ပြုညစာစားပွဲကြီးကို ပယ်ဖျက်လိုက်ရသော်လည်း ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့တော်ရှိ မြို့တော်ခန်းမ၌ ဆုပေးပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၀ ရက်တွင် ပြည်တွင်း ဒေသခံဧည့်ပရိသတ်များဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့ရှိ ကာကွယ်ဆေးထိုးနှံပေးသော စင်တာထဲသို့ မေ ၆ ရက်က လမ်းလျှောက်ဝင်လာသူတစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

ယင်းအခမ်းအနားမြင်ကွင်းများကို တီဗွီရုပ်သံ နှင့် နိုဗယ်လ်ဖောင်ဒေးရှင်းလူမှုကွန်ရက်မီဒီယာများမှ တဆင့် ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။

ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့ ၌ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၂ ရက်က ၂၀၂၀ ပြည့်နှစ်အတွက် နိုဗယ်လ်စီးပွားရေးဆုရရှိသူနှစ်ဦးအား ကြေညာပြီးနောက် ၎င်းတို့၏ ပုံရိပ်ကို LED မျက်နှာပြင်ပေါ်တွင် တွေ့ရစဉ်(ဆင်ဟွာ)

“ လူတိုင်းလူတိုင်းက COVID-19 ကပ်ရောဂါကို ကျော်လွန်ပြီးမြောက်သွားချင်နေကြပြီလို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အဲဒီအနေအထားကို မရောက်သေးပါဘူး ” ဟု နိုဗယ်လ်ဖောင်ဒေးရှင်း အမှုဆောင်အရာရှိချုပ် Vidar Helgesen က သတင်းထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။

“ နိုဗယ်လ်ဆုဆိုတာ ကမ္ဘာနဲ့ချီတဲ့ ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုပါ ၊ နှစ်စဉ်နှစ်တိုင်း မတူကွဲပြားတဲ့ တိုက်ကြီးတွေဆီကနေ ရွေးချယ်ခံရပါတယ်၊ ကပ်ရောဂါမသေချာမရေရာမှုနဲ့ နိုင်ငံတကာ ခရီးသွား ဖြစ်လာနိုင်တဲ့ အနေအထားတွေကြောင့် ၂၀၂၁ ခုနှစ် ဆုရရှိသူတွေဟာ သူတို့မိခင်နိုင်ငံက သံတမန်တွေဆီကပဲ သူတို့ဆုတံဆိပ်ကြီးကို လက်ခံရယူကြရမှာပါ ” ဟု ၎င်းက ဆိုသည်။

“ ကျွန်တော်တို့ရဲ့ အစဉ်အလာအခမ်းအနားကြီးကို ပုံစံသစ်နဲ့ ကျင်းပခြင်းကြောင့် ကမ္ဘာတစ်ဝှမ်းက ပြည်သူတွေအနေနဲ့ အသွင်သဏ္ဍာသစ်နဲ့ ဒီဂျစ်တယ်နည်းပညာတွေသုံးပြီး ပိုပြီး ကြည့်ရှုခံစားနိုင်ကြဖို့ ရည်ရွယ်ပါတယ်။ ဗဟုသုတတွေ ၊ စိတ်အားထက်သန်မှုတွေကို ဝေမျှကြမယ် ၊ နိုဗယ်လ်ဆုဟာ အဲဒီအတွက်ပဲ ရပ်တည်နေတယ်လို့ မျှော်လင့်ပါတယ် ” ဟု Helgesen က ဆိုသည်။

ဆွီဒင်ဓာတုဗေဒပညာရှင် အယ်လ်ဖရက်နိုဗယ်လ်သေဆုံးခဲ့ရသည့် နှစ်ပတ်လည် အခါသမယကို ဂုဏ်ပြုရင်း ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့တော်၌ နှစ်စဉ် ဒီဇင်ဘာ ၁၀ ရက်တွင် နိုဗယ်လ်ဆုပေးပွဲအခမ်းအနားကို ကျင်းပခဲ့သည်။ ယင်းနေ့တွင် တစ်နှစ်တာနိုဗယ်လ်ဆုရှင်များကို ဆုပေးအပ်ကြသည်။ အစဉ်အလာအားဖြင့် ဆုရသူများသည် ဆုပေးပွဲနှင့် ဂုဏ်ပြုညစာစားပွဲကို လူကိုယ်တိုင်တက်ရောက်ကြပြီး ဟောပြောပွဲများ နှင့် ဖျော်ဖြေပွဲများကဲ့သို့သော နိုဗယ်လ်ဆုရက်သတ္တပတ် ဂုဏ်ပြုအစီအစဉ်များတွင် ပါဝင်လှုပ်ရှားကြသည်။

COVID-19 ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ် နိုဗယ်လ်ဆုရသူများသည် ၎င်းတို့၏ သက်ဆိုင်ရာနိုင်ငံများတွင်သာ ဆုကို လက်ခံရယူခဲ့ကြရပြီး ဆုပေးပွဲကို အွန်လိုင်းမှတဆင့် ထုတ်လွှင့်ခဲ့သည်။ ပြီးခဲ့သောနှစ်တွင် ဂုဏ်ပြုညစာစားပွဲကိုလည်း ပယ်ဖျက်ခဲ့ကြောင်း သိရသည်။(Xinhua)

————————————————
(English Version)
Nobel Prize ceremonies canceled again in Stockholm due to pandemic

STOCKHOLM, Sept. 23 (Xinhua) – Due to the uncertainty of the COVID-19 pandemic, this year’s Nobel Prize laureates will receive their awards in their home countries for the second year running, the Nobel Foundation said here on Thursday.

The traditional banquet will be canceled, but the award ceremony will be held at Stockholm’s City Hall on Dec. 10 in the presence of a local audience. The event will be broadcast on TV and on the Nobel Foundation’s social media channels.

“I think everybody would like the COVID-19 pandemic to be over, but we are not there yet,” said Vidar Helgesen, executive director of the Nobel Foundation, in a press release.

“The Nobel Prize is a global phenomenon. Every year, laureates from different continents are selected. Uncertainty about the course of the pandemic and international travel possibilities is the reason why the 2021 laureates will receive their medals and diplomas in their home countries.”
“As our traditional events assume new shapes, we are looking forward to reaching even more people around the world by using new formats and digital solutions — spreading the knowledge, inspiration and hope that the Nobel Prize stands for,” Helgesen said.

Each year on Dec. 10, a ceremony is held in the Swedish capital to mark the anniversary of the death of Swedish chemist and inventor Alfred Nobel. On that day, the annual Nobel Prizes are awarded. Traditionally, the laureates attend the award ceremony and the banquet in person, and participate in a series of Nobel Week activities, such as lectures and concerts.

Due to COVID-19, the 2020 Nobel Prize winners received their awards in their respective countries, and the ceremony was broadcast online. Last year’s banquet was also canceled.

1Guests and honorees join the Swedish royal family at the Nobel banquet in the Blue Hall at Stockholm’s City Hall Dec. 10, 2008. (Xinhua)

2A man walks into a COVID-19 vaccination center in Stockholm, capital of Sweden, on May 6, 2021. (Xinhua/Wei Xuechao)

3The photos of Laureates of the 2020 Nobel Prize in Economics are seen on a screen during the prize announcement in Stockholm, Sweden, Oct. 12, 2020. (Xinhua/Wei Xuechao)