Connect with us

Media

ဂါဘွန်စစ်တပ်အရာရှိများက အာဏာကိုလွှဲပြောင်းယူလိုက်ပြီဖြစ်ကြောင်း ကြေညာ

လီဘရာဗီးလ်၊ ဩဂုတ် ၃၀ ရက် (ဆင်ဟွာ)

ဂါဘွန်စစ်တပ်အရာရှိများက အာဏာကို လွှဲပြောင်းရယူလိုက်ပြီဖြစ်ကြောင်း ပြောကြားလျက် ရွေးကောက်ပွဲ ပယ်ဖျက်လိုက်ကြောင်းနှင့် အဖွဲ့အစည်းများအားဖျက်သိမ်းလိုက်ကြောင်း ရုပ်မြင်သံကြားတွင် ကြေညာခဲ့သည်ဟု သတင်းများအရ သိရသည်။
နောက်ထပ် ကြေညာချက်ထုတ်ပြန်ခြင်းမရှိသည့်တိုင်အောင် ဂါဘွန်နိုင်ငံ၏ နယ်စပ်များကို ပိတ်ထားမည်ဖြစ်ကြောင်း၊ မြို့တော် လီဘရာဗီးလ်တွင် သေနတ်ပစ်ခတ်မှုများကိုလည်း ကြားနေရကြောင်း သတင်းများ၌ ဖော်ပြထားသည်။

အထွေထွေရွေးကောက်ပွဲကို ယုံကြည်လက်ခံမှုမရှိကြောင်းနှင့် ရလဒ်များကိုလည်း ဖျက်သိမ်းလိုက်ကြောင်း စစ်ဘက်ဆိုင်ရာအရာရှိများက ပြောခဲ့သည်။
အဆိုပါ ဖြစ်ရပ်မတိုင်မီ အာဏာရပါတီဖြစ်သော Gabonese Democratic Party မှ သမ္မတ အလီ ဘွန်ဂို အွန်ဒင်မ်ဘာ (Ali Bongo Ondimba) သည် ဩဂုတ် ၂၆ ရက် ရွေးကောက်ပွဲ၌ တတိယသက်တမ်းအတွက် ပြန်လည်ရွေးကောက်ခြင်းခံရကြောင်း ဂါဘွန်နိုင်ငံ ရွေးကောက်ပွဲကော်မရှင်က ပြောကြားခဲ့သည်။ (Xinhua)

………………………………
(English Version)
Gabonese military officers claim they have taken power: report
LIBREVILLE, Aug. 30 (Xinhua) — Gabonese military officers announced on TV the cancellation of elections and dissolution of institutions, claiming they have taken power, according to reports.
The African country’s borders are closed until further notice, said the reports, adding gunfire was The African country’s heard in the capital Libreville.
The officers said that the general election was not credible and the results are annulled.
Prior to the incident, Gabon’s national electoral body said that President Ali Bongo Ondimba from the ruling Gabonese Democratic Party was re-elected for a third term in Saturday’s election. Enditem