CHINA
ကလေးများအတွက် တရုတ်နိုင်ငံထုတ် Sinopharm COVID-19 ကာကွယ်ဆေး အရေးပေါ်အသုံးပြုရန် အာဂျင်တီးနား အတည်ပြု
ဗျူနိုအေးရိစ်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ)
တရုတ်ဆေးဝါးကုမ္ပဏီ Sinopharmမှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေးအား အသက် ၃ နှစ် မှ ၁၁ နှစ်ကြားကလေးများအတွက် အရေးပေါ်အသုံးပြုရန် အဂျင်တီးနား နိုင်ငံက မကြားသေးမီတွင် အတည်ပြုခဲ့သည်။အာဂျင်တီးနားနိုင်ငံ ကျန်းမာရေးဝန်ကြီး Carla Vizzotti က ပြီးခဲ့သည့်အပတ်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ယင်းအသက်အရွယ်အုပ်စုတွင် ခန့်မှန်းခြေ ကလေး ၆ သန်း ခန့်ရှိကြောင်း သိရသည်။
အာဂျင်တီးနားနိုင်ငံအနေဖြင့် ယခုနှစ်ကုန်တွင် အသက် ၃ နှစ်အထက်ရှိသူများကို ကာကွယ်ဆေးအပြီးထိုးနှံပေးရန်စီမံချက်ချထားကြောင်း Vizzotti က မှတ်ချက်ပြုသည်။
အဆိုပါ ဆေးထိုးနှံမှုသည် အာဂျင်တီးနားနိုင်ငံတွင် အခန်းတွင်း ကိုယ်တိုင်ကိုယ်ကျ စာသင်ကြားမှု ပြန်လည်စတင်နိုင်ရန် မျှော်လင့်ချက်ဖြစ်ကြောင်း ပညာရေးအရာရှိများက ဆိုသည်။
အာဂျင်တီးနားနိုင်ငံ၌ COVID-19 အတည်ပြုလူနာပေါင်း ၅သန်းကျော်ရှိခဲ့ပြီး အနည်းဆုံး ၁၁၅,၀၀၀ သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)
————————————————-
(English Version)
Argentina approves emergency use of China’s Sinopharm COVID-19 vaccine for children
BUENOS AIRES, Oct. 6 (Xinhua) — Argentina has recently approved the emergency use of COVID-19 vaccine developed by Chinese pharmaceutical company Sinopharm for children aged between three and 11.
The country’s health minister Carla Vizzotti made the announcement last week. There are approximately 6 million children in that age group.
Vizzotti also noted Argentina plans to finish vaccinating people aged over three years old by the end of this year.
Education officials said they expect the move to help resume in-person learning in Argentina.
Argentina has reported more than 5 million COVID-19 cases and at least 115,000 deaths. Enditem