COVID-19 UPDATES
ကာကွယ်ဆေးထုတ်လုပ်သည့်ကုမ္ပဏီ BioNTech ၏ ဝင်ငွေမှာ ဒုတိယသုံးလပတ်တွင် ယူရို ၅.၃ ဘီလီယံထိ ခုန်တက်
ဘာလင်၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ)
BioNTech ကုမ္ပဏီ၏ ဝင်ငွေသည် ယမန်နှစ်အလားတူကာလ၌ ယူရို ၄၂ သန်းရှိခဲ့ရာမှ ယခုနှစ် ဒုတိယသုံးလပတ်တွင် ယူရို ၅.၃ ဘီလီလီယံ (အမေရိကန်ဒေါ်လာ ၆.၂ ဘီလီလီယံ) ထိ ခုန်တက်သွားခဲ့ကြောင်း ဂျာမနီဇီဝနည်းပညာကုမ္ပဏီက သြဂုတ် ၉ ရက်တွင် ကြေညာခဲ့သည်။
ကုမ္ပဏီ၏ခန့်မှန်းခြေအသားတင်ဝင်ငွေသည်ယမန်နှစ်ကယူရို ၈၈.၃ သန်းဆုံးရှုံးခဲ့ပြီးနောက်၎င်း၏ COVID-19 ကာကွယ်ဆေးရောင်းချခြင်းမှ ယခုနှစ် ဒုတိယသုံးလပတ်တွင် ယူရို ၂.၈ ဘီလီယံအထိ တဟုန်ထိုးမြင့်တက်ခဲ့ကြောင်း BioNTech ၏ ထုတ်ပြန်ချက်အရ သိရသည်။
BioNTech သည် Pfizer နှင့်အတူ ၂၀၂၁ ပထမနှစ်ဝက်တွင်ကမ္ဘာတစ်ဝှမ်း COVID-19 ကာကွယ်ဆေးပေါင်း တစ်ဘီလီယံကျော်ကိုဖြန့်ဝေခဲ့သည်။
“ခြောက်လဆိုတဲ့ ကာလလေးမှာ ဒီလို မှတ်တိုင်ကို ရောက်ခဲ့ပြီး ကျွန်တော်တို့ရဲ့ mRNA ကိုယ်ပိုင်နည်းပညာ နဲ့ ခြားနားတဲ့လုပ်ဆောင်မှုကို ဖန်တီးနိုင်ခဲ့လို့ ဂုဏ်ယူပါတယ်’’ ဟု အမှုဆောင်အရာရှိချုပ်နှင့် ပူးတွဲတည်ထောင်သူ Ugur Sahin ကပြောကြားသည်။
BioNTech သည် Pfizer နှင့်အတူ ယခုနှစ်တွင် COVID-19 ကာကွယ်ဆေး ၂.၂ ဘီလီယံကျော် နှင့် ၂၀၂၂ ခုနှစ် တွင်တစ်ဘီလီယံကျော်ထောက်ပံ့ရန် စာချုပ်များချုပ်ဆိုခဲ့သည်။ ထို့ကြောင့် ယင်းကုမ္ပဏီအနေဖြင့် ကာကွယ်ဆေးရောင်းချခြင်းမှ ဝင်ငွေ ယူရို ၁၅.၉ ဘီလီယံ အထိတိုးမြင့်ရရှိနိုင်ကြောင်း ခန့်မှန်းထားသည်။
အမေရိကန်ပြည်ထောင်စု Gaithersburg ရှိ TCR ဆဲလ်ကုထုံးဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းနှင့် ထုတ်လုပ်ရေးစက်ရုံတစ်ခုကိုမကြာသေးမီက ဝယ်ယူခြင်းသည်ကုမ္ပဏီ အနေဖြင့် သီးခြားကင်ဆာဆေးဝါးတစ်ရပ်အတွက် ကမ္ဘာ့ဇီဝနည်းပညာ ကုမ္ပဏီအဖြစ် တည်ဆောက်ရန်အရေးကြီးသော ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်းကုမ္ပဏီကအလေးအနက်ပြောကြားခဲ့သည်။ (၁ယူရို=အမေရိကန်ဒေါ်လာ ၁.၁၈ ) (Xinhua)
————————————
(English Version)
Vaccine developer BioNTech’s revenues jump to 5.3 bln euros in Q2
BERLIN, Aug. 9 (Xinhua) — BioNTech’s revenues jumped to 5.3 billion euros (6.2 billion U.S. dollars) in the second quarter (Q2) of this year, up from 42 million euros in the same period last year, the German biotechnology company announced on Monday.
The company’s estimated net income in Q2 skyrocketed to 2.8 billion euros due to sales from its COVID-19 vaccine, following losses of 88.3 million euros in the prior-year period, according to BioNTech.
BioNTech, together with Pfizer, delivered more than one billion COVID-19 vaccine doses worldwide in the first half of 2021.
“We are proud to have reached this great milestone after only six months and to have made a difference for people with our proprietary mRNA technology,” said CEO and co-founder Ugur Sahin.
BioNTech has signed contracts with Pfizer to supply more than 2.2 billion doses of its COVID-19 vaccine this year, and more than one billion in 2022. The German company thus raised its forecast for this year’s sales of the vaccine to 15.9 billion euros.
The company stressed that the recent acquisition of a TCR cell therapy development platform and a manufacturing facility in Gaithersburg in the United States was an important step towards the “goal to build a global biotechnology company for individualized cancer medicine.” (1 euro = 1.18 U.S. dollars) Enditem