Connect with us

COVID-19 UPDATES

ချီကာဂိုအစိုးရကျောင်းများပြန်ဖွင့်ပြီး ၃ ပတ် အတွင်း COVID-19 ကူးစက်ခံရသူ ၄၈၁ ဦးရှိကြောင်း ထုတ်ပြန်

ချီကာဂိုရှိ Philip Rogers မူလတန်းကျောင်းတွင် နှာခေါင်းစည်းတပ်နေသည့် ကျောင်းသားတစ်ဦးအား ၂၀၂၁ ခုနှစ်၊ သြဂုတ် ၃၀ ရက်တွင်တွေ့ရစဉ် (ဆင်ဟွာ)

ချီကာဂို၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

အမေရိကန်ပြည်ထောင်စုတွင် တတိယအကြီးဆုံးစာကျောင်များတည်ရှိရာ ခရိုင်တစ်ခုဖြစ်သည့် ချီကာဂိုရှိ အစိုးရကျောင်းများ(CPS) ကို ပြန်လည်ဖွင့်လှစ်ပြီး ပထမသုံးပတ်အတွင်း COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၄၈၁ ဦးနှင့် ဗိုင်းရပ်စ်ကူးစက်ခံထားရသူ တစ်ဦးဦးနှင့် အနီးကပ်ထိတွေ့ခဲ့သူပေါင်း ၉,၆၀၀ ဦးကျော်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။

ချီကာဂိုခရိုင်၏ အချက်အလက်များအပေါ် အခြေခံတွက်ချက်မှုအရ သြဂုတ်၂၉ ရက်မှ စက်တင်ဘာ ၁၉ ရက်အတွင်း ဗိုင်းရပ်စ် ကူးစက်ခံရသည့် ကျောင်းသားပေါင်း ၃၂၉ ဦးနှင့် အရွယ်ရောက်ပြီးသူ ၁၅၂ ဦး ရှိကြောင်း Chicago Tribune သတင်းစာတွင် ဖော်ပြခဲ့သည်။

ယင်းခရိုင်၏ နောက်ဆုံးအချက်အလက်များအရ ယခုစာသင်နှစ်အတွင်း လူပေါင်း ၄,၀၀၀ ကျော်အား COVID-19 စစ်ဆေးခဲ့ပြီး၊ ပြီးခဲ့သည့် အပတ်က လူ ၄ဦးတွင် COVID-19 ပိုးစမ်းသပ်တွေ့ရှိခဲ့ကြောင်း သိရသည်။

စာသင်ကျောင်းပရဝုဏ်၏ စေတနာ့ဝန်ထမ်းစစ်ဆေးမှုအစီအစဉ်ကို ယခုလကုန်တွင် ကျောင်းများအားလုံးသို့ တိုးချဲ့ဆောင်ရွက်ရန် မျှော်လင့်၍ မရကြောင်း သိရသည်။ ယင်းစစ်ဆေးသည့် အစီအစဉ် သည် ကာကွယ်ဆေးထိုးနှံမထားသည့် ဝန်ထမ်းများနှင့် သို့မဟုတ် အားကစားရာသီတွင် ကာကွယ်ဆေးထိုးနှံမထားသော(သို့မဟုတ်) ကာကွယ်ဆေးတစ်ကြိမ်သာထိုးနှံထားသည့် ကျောင်းအားကစားသမားများအတွက်သာ မဖြစ်မနေ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

မည်သို့ပင်ဆိုစေ CPS၏ အွန်လိုင်းမှတဆင့် ခြေရာခံခြင်းလုပ်ဆောင်ချက်တွင် ချီကာဂိုခရိုင်အတွင်း ဖွင့်လှစ်ထားသော စာသင်ကျောင်း ၅၀၀ ခန့်မှ အချက်အလက်သာပါဝင်ပြီး စည်းမျဉ်းစည်းကမ်းကန့်သတ်ချက် သို့မဟုတ် စာချုပ်ဖြင့် သင်ကြားသော ကျောင်းများ သို့သော် လွတ်လပ်စွာ စီမံခန့်ခွဲမှုရသောကျောင်းများသည် CPS လမ်းကြောင်း၏ တစ်စိတ်တစ်ပိုင်းသာပါဝင်ကြောင်း သိရသည်။(Xinhua)

————————————
(English Version)
Chicago Public Schools reports 481 COVID-19 cases in 3 weeks
CHICAGO, Sept. 20 (Xinhua) — Chicago Public Schools (CPS), the third largest school district in the United States, is reporting 481 COVID-19 cases with more than 9,600 close contacts of an infected person identified in the first three weeks of school.
The data on the district’s public case tracker reflects 329 student cases and 152 adult cases for the period from Aug. 29 through Sept. 19, the Chicago Tribune reported on Monday.
The district’s latest update shows more than 4,000 COVID-19 tests have been administered this school year through its screening program, with four people testing positive last week.
The school district’s voluntary testing program is not expected to expand to all schools until the end of the month. The testing program is only mandatory for unvaccinated staff members and unvaccinated or half-vaccinated student-athletes during their sports seasons.
Nevertheless, CPS’ online case tracker only includes data from some 500 district-run schools and not charter or contract schools that are part of the CPS orbit, but are independently managed. Enditem