International Organizations
ဂျပန်တိုက်လေယာဉ်တစ်စင်း ဂျပန်နိုင်ငံ ပင်လယ်ပြင်ထဲတွင် ပျောက်ဆုံး
တိုကျို ၊ ဖေဖော်ဝါရီ ၁ ရက်(ဆင်ဟွာ)
ဂျပန်နိုင်ငံလေကြောင်း ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့(JASDF) မှ F15 ဂျက်တိုက်လေယာဉ်တစ်စင်းသည် ဇန်နဝါရီ ၃၁ ရက်တွင် ဂျပန်ပင်လယ်ပြင်ပေါ်တွင် လေ့ကျင့်ရေး ပြုလုပ်နေစဉ်အတွင်း ပျောက်ဆုံးသွားခဲ့ကြောင်း JASDF က ပြောကြားခဲ့သည်။
အဆိုပါ ဂျက်လေယာဉ်သည် ဂျပန်နိုင်ငံအလယ်ပိုင်း Ishikawa စီရင်စုရှိ Komatsu လေတပ်အခြေစိုက်စခန်းမှ ပျံတက်သွားပြီးနောက် ရေဒါအဆက်အသွယ် ပြတ်တောက်သွားခဲ့ကြောင်း JASDF ထံမှ သိရသည်။
ဂျက်တိုက်လေယာဉ်သည် လေတပ်စခန်း၏ အနောက် – အနောက်မြောက်ဘက် ၅ ကီလိုမီတာခန့်အကွာ ဂျပန်ပင်လယ်ပြင်အထက်၌ လေယာဉ်အမှုထမ်း နှစ်ဦး လိုက်ပါပြီး လေ့ကျင့်ရေးပြုလုပ်နေစဉ်အတွင်း ဒေသစံတော်ချိန် ညနေ ၅ နာရီ ၃၀ မိနစ်ဝန်းကျင် (ဂရင်းနစ်စံတော်ချိန် ၀၈၃၀) တွင် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန သတင်းအရင်းအမြစ် တစ်ဦးထံမှ သိရသည် ။
Ishikawa စီရင်စုရှိ Kanazawa ကမ်းခြေစောင့်ရုံးက လေတပ်အခြေစိုက်စခန်းအနီး Kaga ကမ်းရိုးတန်း အနီရောင်အလင်းတန်းတစ်ခု မြင်တွေ့ရချိန်နှင့် တစ်ပြိုင်နက် ဖုန်းခေါ်ဆိုမှုတစ်ခုအား လက်ခံရရှိခဲ့ကြောင်း သတင်းပို့ခဲ့သည်ဟု ပြောကြားခဲ့သည်။
ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်မှုအတွင်း လေယာဉ် ရေဒါမှ ပျောက်ကွယ်သွားသည့် ဧရိယာ ပင်လယ်ပြင်၌ ပေါလောပေါ်နေသည့် အရာဝတ္ထုအချို့အား တွေ့ရှိခဲ့ကြောင်း JASDF က ပြောကြားခဲ့သည်။
ကယ်ဆယ်ရေးအဖွဲ့များသည် ဂျပန်ပင်လယ်ပြင်တွင် တိုက်လေယာဉ်ပေါ်မှ ပျောက်ဆုံးနေသူများ ဖြစ်ဟန်ရှိသူများအား တွေ့ရှိခဲ့သော်လည်း လတ်တလောတွင် လူအရေအတွက် နှင့် ၎င်းတို့၏ အခြေအနေများအား အတည်မပြုနိုင်သေးကြောင်း ကာကွယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။
ပျောက်ဆုံးသွားသည့် တိုက်လေယာဉ်သည် နည်းဗျူဟာမြောက်ပျံသန်းလေ့ကျင့်မှုတွင် ရန်သူ့လေယာဉ်ကဲ့သို့ အသုံးပြုနိုင်သည့် တပ်ရင်းတစ်ရင်းအဖြစ် စုဖွဲ့ထားသော လေယာဉ်အုပ်စုတစ်စု၏ အဖွဲ့ဝင် လေယာဉ်တစ်စင်း ဖြစ်ကြောင်း JASDF ထံမှ သိရသည်။ (Xinhua)
—————————
(English Version)
Japanese fighter jet disappears over Sea of Japan
TOKYO, Jan. 31 (Xinhua) — A Japan Air Self-Defense Force (JASDF) F15 fighter jet disappeared during training over the Sea of Japan on Monday, the JASDF said.
The jet lost radar contact after taking off from the Komatsu Air Base in the central Japanese prefecture of Ishikawa, according to the JASDF.
The fighter disappeared at around 5:30 p.m. local time (0830 GMT) when it was conducting training with a crew of two aboard over the Sea of Japan about 5 km west-northwest of the base, according to a Ministry of Defense source.
The Kanazawa Coast Guard Office in Ishikawa Prefecture said it received a call about the same time that a red glow off the coast of Kaga near the air base was reported.
The JASDF said it found some floating objects in the area where the plane went off radar during its search and rescue operation.
The rescue team has found what appears to be missing people aboard the fighter on the Sea of Japan but the number of people found and their conditions cannot be confirmed at this point, according to the defense ministry.
The missing fighter belonged to a squadron that functions as enemy aircraft in tactical flight training, according to the JASDF. ■
Photo – An image taken from a Chinese fighter jet shows an F-15 from the Japanese Self-Defense Forces flying close to the Chinese air force patrolling in its East China Sea Air Defense Identification Zone on Wednesday. (Kong Fei / XINHUA)