Connect with us

Asia

ဂျပန်နိုင်ငံက ၂၀၂၂ ခုနှစ် အစောပိုင်းတွင် သက်ကြီးရွယ်အိုများအား COVID-19 ရောဂါ အားဖြည့်ကာကွယ်ဆေးများ စတင်ထိုးနှံပေးမည်

တိုကျို၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံသည် ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်မှု ပိုမိုပျံ့နှံ့ခြင်းကိုကောင်းစွာကိုင်တွယ်နိုင်ရန် လာမည့်နှစ်တွင် COVID-19 ကာကွယ်ဆေးထိုးနှံပြီးသူများအတွက် တတိယအကြိမ် အားဖြည့် ကာကွယ်ဆေး စတင်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကာကွယ်ဆေးထိုးနှံရေးဝန်ကြီး Taro Kono က စက်တင်ဘာ ၂၁ ရက်၌ ပြောကြားခဲ့သည်။
ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပြီး ၈ လအကြာ သို့မဟုတ် ယင်းထက်စော၍ ကာကွယ်ဆေးထိုးနှံပြီးသူများကို အားဖြည့်ကာကွယ်ဆေးထိုးနှံမှုများ (booster injections) ဆောင်ရွက်ပေးရန် ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဝန်ထမ်းဝန်ကြီးဌာနက လွန်ခဲ့သည့် ရက်သတ္တပတ်က ဆုံးဖြတ်ခဲ့သည်။

ကာကွယ်ဆေးထိုးနှံခြင်းအား ဖေဖော်ဝါရီလမှ စတင်ကာ ကျန်းမာရေးဝန်ထမ်းများမှ အသက် ၆၅ နှစ်နှင့်အထက်ရှိသူများ၊ ယင်းနောက် ဆီးချိုရောဂါကဲ့သို့ ရောဂါအခံရှိသူများ၊ သာမန်ပြည်သူများထိ တိုးချဲ့ဆောင်ရွက်ခဲ့သည်။

ထို့ကြောင်း ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ယခုနှစ်အတွင်း အားဖြည့်ကာကွယ်ဆေးများ ထိုးနှံနိုင်မည်ဟုခန့်မှန်းထားကြောင်း Kono က သတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့သည်။

ဒေသဆိုင်ရာ အစိုးရများကိုလည်း တတိယအကြိမ် ကာကွယ်ဆေးကို သက်ကြီးရွယ်အိုများအား အဆင်ပြေချောမွေ့စွာ ထိုးနှံပေးနိုင်ရေး သေချာမှုရှိစေရန် ပြင်ဆင်မှုများ စတင်ရန် Kono က ပြောကြားခဲ့သည်။

နိုင်ငံများစွာတွင်လည်း လူမှုရေးနှင့် စီးပွားရေး ဆောင်ရွက်မှုမှာ ကပ်ရောဂါမတိုင်မီအဆင့်များသို့ ပြန်လည်ရောက်ရှိလာနိုင်စေရန် အားဖြည့်ကာကွယ်ဆေးထိုးနှံမှုများ ပေးအပ်နိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း၊ သို့ရာတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကမူ ဆင်းရဲသောနိုင်ငံများရှိ ပြည်သူများ ကာကွယ်ဆေး မထိုးနှံရသေးခင်အချိန်အထိ အားဖြည့်ကာကွယ်ဆေးများ ထိုးနှံခြင်းကို ရွှေ့ဆိုင်းပေးထားကြရန် တောင်းဆိုထားကြောင်း သိရသည်။ (Xinhua)
——————————————
(English Version)

Japan to provide COVID-19 booster shots to elderly in early 2022

TOKYO, Sept. 21 (Xinhua) — Japan will begin to vaccinate the elderly with the third dose of COVID-19 vaccine early next year, as the country seeks to better deal with the spread of more infectious variants, Vaccination Minister Taro Kono said on Tuesday.

The Ministry of Health, Labor and Welfare decided last week to provide booster injections to people who received the second dose of the vaccine eight months ago or earlier.
The launch of the vaccine expanded from medical personnel, starting in February, to people aged 65 and above, then people with underlying diseases such as diabetes, and eventually the general population.

Thus, medical staff are expected to get booster injections within the year, Kono said at a press conference. Kono also asked local governments to start preparations to make sure the third dose will be smoothly offered to the elderly.

Many countries are preparing to offer available booster shots to stimulate social and economic activity back to pre-pandemic levels, but the World Health Organization has called for a delay in booster injections until people in poorer countries have been vaccinated. Enditem
Photo : A medical worker receives a dose of the COVID-19 vaccine as the country launches its inoculation campaign at the Tokyo Medical Center in Tokyo, Japan, Feb. 17, 2021. (Behrouz Mehri/Pool via Xinhua)