COVID-19 UPDATES
ဂျပန်နိုင်ငံ၌ အိုမီခရွန် ဗီဇပြောင်းအား ထပ်မံကူးစက်ခံရသူ ၈ ဦးတွေ့ရှိ
တိုကျို၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)
ဂျပန်အာဏာပိုင်များက COVID-19 အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ထပ်မံကူးစက်ခံရသူ ၈ ဦးကို အတည်ပြုခဲ့ပြီး နိုင်ငံအတွင်း ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ခံရသူ စုစုပေါင်း ၁၂ ဦးအထိ ရှိလာခဲ့ကြောင်း ဒေသတွင်းမီဒီယာများက ဒီဇင်ဘာ ၁၀ ရက်တွင် ဖော်ပြခဲ့သည်။
အဆိုပါ ရှစ်ဦးစလုံးသည် နိုဝင်ဘာလနှောင်းပိုင်းမှ ဒီဇင်ဘာလ အစောပိုင်း အထိ ပြည်ပမှ ဂျပန်နိုင်ငံသို့ ဝင်ရောက်လာခဲ့သူများဖြစ်ကြောင်း အစိုးရတာဝန်ရှိသူတစ်ဦးကပြောသည်။
ဂျပန်နိုင်ငံသည် အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ပထမဆုံးတွေ့ရှိမှုကို နိုဝင်ဘာ ၃၀ ရက်တွင် ကြေညာခဲ့သည်။
အခြားနိုင်ငံအများအပြားတွင် အတည်ပြုထားသော အိုမီခရွန် ဗီဇပြောင်းဗိုင်းရပ်စ်သစ်သည် ယခင်ဗိုင်းရပ်စ်ဗီဇပြောင်း မျိုးကွဲများထက် ပိုမိုကူးစက်နိုင်ကာ လက်ရှိကာကွယ်ဆေးများဖြင့် ကိုယ်ခံအားမြှင့်တင်နိုင်မည်ဖြစ်ပြီး ကူးစက်မှုမှ ရှောင်ရှားနိုင်မည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သတိပေးထားသည်။ (Xinhua)—————————————
(English Version)
Japan reports another 8 cases of Omicron variant infection
TOKYO, Dec. 10 (Xinhua) — Japanese authorities have confirmed another eight COVID-19 cases of the Omicron variant, bringing the total number of infections by the new strain in the country to 12, local media reported Friday.
All eight entered Japan from abroad from late November to early this month, a government official said.
Japan announced its first case of the Omicron variant infection on Nov. 30.
The World Health Organization has warned that the new Omicron variant, which has been confirmed in many other countries, could be more transmissible than previous strains of the virus and be able to evade immunity provided by current vaccines. Enditem