Connect with us

Europe

စပိန်နိုင်ငံက ပရိသတ်များအား အားကစားကွင်းအတွင်းသို့ ပြန်လည်ဝင်ရောက်ခွင့်ပြုမည်

စပိန်နိုင်ငံ မက်ထရစ်မြို့၌ မေ ၂၂ ရက်တွင် ၂၀၂၀-၂၀၂၁ လာလီဂါ ချန်ပီယံ အက်သလက်တီကိုမက်ထရစ်အသင်းပရိသတ်များ အောင်ပွဲခံနေကြစဉ်(ဆင်ဟွာ)

မက်ထရစ် ၊ ဩဂုတ် ၅ ရက်(ဆင်ဟွာ)

လာလီဂါရာသီသစ် စတင်မည့် ဩဂုတ် ၁၄ ရက် အားလပ်ရက်တွင် ပရိသတ်များကို ဘောလုံးကွင်းအတွင်းသို့ ပြန်လည်ဝင်ရောက်ခွင့်ပြုမည် ဖြစ်ကြောင်း စပိန်နိုင်ငံ ကျန်းမာရေးဝန်ကြီး Carolina Darias က ဩဂုတ် ၄ ရက်တွင် ပြောကြားခဲ့သည်။ဘောလုံးကွင်းများသည် အမိုးမပါရှိပါက ပရိသတ်ဝင်ရောက်ခွင့် ၄၀ ရာခိုင်နှုန်း ရရှိမည် ဖြစ်ပြီး အမိုးအကာလုံသော အားကစားကွင်းများအနေဖြင့် အမြင့်ဆုံး ပရိသတ်ဝင်ရောက်ခွင့် ၃၀ ရာခိုင်နှုန်းသာ ရရှိမည် ဖြစ်ကြောင်း ၎င်းက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ပွဲစဉ်များအား လာရောက်ကြည့်ရှုမည့် ထောက်ခံအားပေးသူများအနေဖြင့် အချိန်ပြည့် နှာခေါင်းစည်း တပ်ဆင်ထားရမည် ဖြစ်ပြီး ရေသောက်ခြင်းမှ လွဲ၍ အခြားအရည်များသောက်သုံးခြင်း ၊ ဆေးလိပ်သောက်ခြင်း ၊ အစားစားခြင်း တို့ကို ခွင့်ပြုမည် မဟုတ်ကြောင်း နှင့် ပွဲကြည့်နေချိန်တွင် ၁ ဒသမ ၅ မီတာ လူမှုဘဝခပ်ကွာကွာ နေထိုင်ခြင်း social distance ကို ထိန်းသိမ်းထားရမည်ဖြစ်ကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။

ယင်းကန့်သတ်ချက်များကို ဩဂုတ် ၂၉ ရက်အထိ ဆက်လက်ထားရှိသွားမည်ဖြစ်ပြီး ယင်းနောက်တွင် ပြန်လည်သုံးသပ်မှုပြုကာ ကပ်ရောဂါ အခြေအနေ တိုးတက်မှုအပေါ် မူတည်၍ အပြောင်းအလဲ လုပ်နိုင်ကြောင်း သိရသည်။

စပိန်နိုင်ငံအနှံ့ COVID-19 ရောဂါဖြစ်ပွားမှု အရေအတွက်သည် တည်ငြိမ်နေသော်လည်း Delta မျိုးဗီဇပြောင်းပိုးသည် ရောဂါဖြစ်ပွားမှုအသစ်များ၏ ၇၅ ရာခိုင်နှုန်းဝန်းကျင် ရှိကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။

“ ရက်အနည်းငယ်အတွင်းမှာပဲ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းဟာ COVID-19 ကာကွယ်ဆေး အနည်းဆုံး တစ်ကြိမ် ထိုးနှံထားပြီး ဖြစ်ပါလိမ့်မယ်။”ဟု ကျန်းမာရေးဝန်ကြီးက ပြောကြားခဲ့ပြီး ကာကွယ်ဆေးထိုးနှံသည့်နှုန်းသည် အလွန်တရာ မြင့်မားကြောင်း နှင့် ထိန်းသိမ်းရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

——————————————————–
(English Version)

Spain to allow sports fans back into stadiums

MADRID, Aug. 4 (Xinhua) — Fans will be allowed back into football grounds when the new LaLiga season kicks off on the weekend of Aug. 14, Spanish Health Minister Carolina Darias said on Wednesday.

Football grounds would be able to operate at 40 percent capacity if they were not roofed, while closed stadiums would have a maximum capacity of 30 percent, Darias told a press conference.
Supporters attending matches will have to wear facemasks at all times and will not be allowed to smoke, eat or drink anything other than water, and maintain a social distance of 1.5 meters, said the minister.

These limits will be maintained till Aug. 29, when they will be reviewed and possibly changed depending on the progress of the pandemic.
The number of COVID-19 cases across the country is “stabilizing”, but the Delta variant has accounted for around 75 percent of new cases, said the minister.
“In very few days, 70 percent of the population will have received at least one dose (of COVID-19 vaccine),” said Darias, noting the pace of vaccination was “tremendously high” and “needs to be maintained.” Enditem

Photo – Fans of Atletico de Madrid celebrate the team’s winning of the 2020-2021 La Liga title in Madrid, Spain, May 22, 2021. Atletico Madrid were crowned La Liga champions for the 2021-22 season with a 2-1 win away to Valladolid on a dramatic Saturday afternoon. (Photo by Gustavo Valiente/Xinhua)