Connect with us

Media

တရုတ်နိုင်ငံ၏ ထောက်ပံ့မှုဖြင့် တောင်အာရှ၏ အကြီးဆုံးကျောက်ကပ်ဆေးရုံကြီးသီရိလင်္ကာနိုင်ငံ၌ဖွင့်‌လှစ်

ကိုလံဘို၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံ သမ္မတ Gotabaya Rajapaksa က တရုတ်နိုင်ငံ၏ ထောက်ပံ့ကူညီမှုဖြင့် တည်ဆောက်ထားသော တောင်အာရှ၏ အကြီးဆုံး အမျိုးသားကျောက်ကပ်အထူးကုဆေးရုံကြီးကို ပြီးခဲ့သည့် သောကြာနေ့က တရားဝင်ဖွင့်လှစ်ပေးခဲ့သည်။

ယင်းဆေးရုံတည်ဆောက်ရေးအတွက်  ယခင်သီရိလင်္ကာသမ္မတ Maithripala Sirisena က ၂၀၁၅ ခုနှစ် တရုတ်နိုင်ငံ ခရီးစဉ်အတွင်း အကူအညီ တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆေးရုံတည်ဆောက်ရန် လပေါင်း ၃၀ (အချိန် ၂ နှစ်ခွဲ) ခန့်ကြာမြင့်ခဲ့သည်။

ယင်းဆေးရုံသည် အကျယ်အဝန်းစတုရန်းမီတာ‌ပေါင်း ၂၅,၀၀၀ ရှိပြီး အထွေ‌ထွေအတွင်းလူနာကုတင်ပေါင်း ၂၀၀ ၊ ကျောက်ကပ်ဆေးလူနာကုတင်ပေါင်း ၁၀၀ နှင့် အထူးကြပ်မတ်ကုသခန်း ကုတင်ပေါင်း ၂၀ ထည့်သွင်းတည်ဆောက်ထားသည်။

ကျောက်ကပ်ရောဂါအဆင့်အမြင့်ဆုံးရှာဖွေစစ်ဆေးနိုင်မည့်ဓါတ်ခွဲခန်းများ၊ ဓါတ်ရောင်ခြည် နှင့် စီတီ စကန်ဖတ်ခြင်းဝန်ဆောင်မှုများအပြင်၊ အစည်းအဝေးခန်းမကျယ်ကြီးတစ်ခုကိုလည်း ဆေးရုံကြီး၌ ထည့်သွင်းတည်ဆောက်ထားသည်။ (Xinhua)

————————————
(English Version)

GLOBALink | Sri Lankan president opens China-funded nephrology hospital

COLOMBO, June 13 (Xinhua) — Sri Lankan President Gotabaya Rajapaksa on Friday officially opened the largest specialized nephrology hospital in South Asia, which was built through a grant from China.

The hospital was requested by former President Sirisena during a visit to China in 2015. The complex took 30 months to construct.

The hospital has an area of 25,000 square meters, featuring 200 general inpatient beds, 100 hemodialysis beds, and 20 intensive care beds.

Hospital features also include state-of-the-art laboratories, radiation and CT scan services, and an auditorium.

Produced by Xinhua Global Service