Connect with us

Media

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ရေခဲမြို့တော် ဟားအယ်ပင်းတွင် ရေခဲနှင်းကမ္ဘာဥယျာဉ်ကြီးအား အများပြည်သူလည်ပတ်နိုင်ရန် ဖွင့်လှစ်ပေးထား

ဟားအယ်ပင်း၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဟားအယ်ပင်းမြို့တွင် လူကြိုက်များရေပန်းအစားဆုံး ခရီးသွားနေရာတစ်ခုဖြစ်သည့် ၂၃ ကြိမ်မြောက် ဟားအယ်ပင်းရေခဲနှင်းကမ္ဘာ ဥယျာဉ်ကြီးကို အများပြည်သူလည်ပတ်နိုင်ရန်အတွက် စနေနေ့တွင် ဖွင့်လှစ်ခဲ့သည်။ “ဆောင်းရာသီအိုလံပစ်အလင်းရောင် ကမ္ဘာတစ်ဝန်း ထွန်းတောက်စေ”ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပသည့် ယင်းဥယျာဉ်ကြီးတွင် ယခုနှစ်အတွက် ကဏ္ဍ ဇုန် ၇ ခု နှင့် ၅၅၀ မီတာ အရှည်ရှိ ရှုခင်းသာလမ်းကြောင်း ရှိပြီး ဆီးနှင်းရေခဲ ပန်းပု ၆၅ ခု ထည့်သွင်းပြသထားသည်။
ယင်းဥယျာဉ်တည်ဆောက်မှုအတွက် ကုဗမီတာ ၂၃၀,၀၀၀ ရှိ ဆီးနှင်းရေခဲများကို အသုံးပြုခဲ့ရသည်ဟု ခန့်မှန်းရကြောင်း သိရသည်။ (Xinhua)
—————————-
(English Version)
GLOBALink | Ice and snow themed park opens to public in NE China’s ice city Harbin
2021-12-26 09:55:04
HARBIN, Dec. 26 (Xinhua) — The 23rd Harbin Ice-Snow World, one of the most popular tourist destinations in the city, opened to the public on Saturday.
With the theme of “The light of the Winter Olympics shines all over the world,” the park this year has seven themed zones and a 550-meter sightseeing route. It features 65 sites of snow and ice carvings and sculptures. It is estimated that 230,000 cubic meters of ice and snow were used in the park’s construction.