Connect with us

China

ဒိုင်နိုဆော သန္ဓေသားလောင်း သုတေသနပြုလေ့လာမှုက ငှက်မျိုးနွယ်စုများ၏ ရှေးဖြစ်စဉ်ကိုချိတ်ဆက်ရာတွင် အထောက်အပံ့ဖြစ်စေ

တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဖူကျန့်ပြည်နယ် ဖူကျိုးမြို့ရှိ ဖူကျန့်သိပ္ပံနှင့်နည်းပညာပြတိုက်တွင် ပြသထားသည့် ဒိုင်နိုဆောဥ ကျောက်ဖြစ်ရုပ်ကြွင်းနမူနာပုံစံအား ဒီဇင်ဘာ ၂၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၂၃ ရက်(ဆင်ဟွာ)

ဒိုင်နိုဆောဥ ကျောက်ဖြစ်ရုပ်ကြွင်း၏ သန္ဓေသားလောင်းကို သုတေသနပြုလေ့လာချက်အသစ်အရ ခေတ်သစ်ငှက်မျိုးနွယ်များက ဒိုင်နိုဆောမှ ဆင့်ကဲပြောင်းလဲလာခြင်း ဖြစ်သည်ဟူသော ယူဆချက်ကို တစ်ဆင့်တိုး အထောက်အထားဖြစ်စေကြောင်း သိရသည်။

တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဖူကျန့်ပြည်နယ် ဖူကျိုးမြို့ရှိ ဖူကျန့်သိပ္ပံနှင့်နည်းပညာပြတိုက်တွင် “Baby Yingliang”နှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ကျင်းပနေသည်ကို ဒီဇင်ဘာ ၂၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဖူကျန့်ပြည်နယ် ဖူကျိုးမြို့ရှိ ဖူကျန့်သိပ္ပံနှင့်နည်းပညာပြတိုက်တွင် ပြသထားသည့် ဒိုင်နိုဆောဥ ကျောက်ဖြစ်ရုပ်ကြွင်းအား ဒီဇင်ဘာ ၂၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဖူကျန့်ပြည်နယ် ဖူကျိုးမြို့ရှိ ဖူကျန့်သိပ္ပံနှင့်နည်းပညာပြတိုက်တွင် “Baby Yingliang”နှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ကျင်းပနေသည်ကို ဒီဇင်ဘာ ၂၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဖူကျန့်ပြည်နယ် ဖူကျိုးမြို့ရှိ ဖူကျန့်သိပ္ပံနှင့်နည်းပညာပြတိုက် ပြသထားသည့် ဒိုင်နိုဆောဥ ကျောက်ဖြစ်ရုပ်ကြွင်းနှင့် ၎င်း၏နမူနာပုံစံအား လာရောက်ကြည့်ရှုသူများက ဓါတ်ပုံရိုက်ကူးနေသည်ကို ဒီဇင်ဘာ ၂၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဖူကျန့်ပြည်နယ် ဖူကျိုးမြို့ရှိ ဖူကျန့်သိပ္ပံနှင့်နည်းပညာပြတိုက်တွင် ပြသထားသည့် ဒိုင်နိုဆောဥ ကျောက်ဖြစ်ရုပ်ကြွင်းအား ဒီဇင်ဘာ ၂၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဖူကျန့်ပြည်နယ် ဖူကျိုးမြို့ရှိ ဖူကျန့်သိပ္ပံနှင့်နည်းပညာပြတိုက်တွင် ပြသထားသည့် ဒိုင်နိုဆောဥ ကျောက်ဖြစ်ရုပ်ကြွင်းအား ဒီဇင်ဘာ ၂၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဒိုင်နိုဆော သန္ဓေသားလောင်း ကျောက်ဖြစ်ရုပ်ကြွင်းကို ၂၀၀၀ ပြည့်နှစ် ခန့်က တရုတ်နိုင်ငံ အရှေ့ပိုင်း ကျောက်တုံးများအကြားတွင် တွေ့ရှိခဲ့ပြီး ရင်းလျန် ကျောက်ဆိုင်ကျောက်ခဲများ သဘာဝ သမိုင်းပြတိုက်၌ ထားရှိကာ”Baby Yingliang” ဟု အမည်ပေးထားကြောင်း သိရသည်။

၁၇ စင်တီမီတာ အရှည်ရှိသော ဥအခွံတွင်ရှိသည့် ဒိုင်နိုဆော သန္ဓေသားလောင်း ကျောက်ဖြစ်ရုပ်ကြွင်း အမြှီးမှခေါင်းသို့ အရှည် ၂၇ စင်တီမီတာ ရှိမည်ဟု ခန့်မှန်းရကြောင်း သိရသည်။ ၎င်းသည် လွန်ခဲ့သော နှစ်ပေါင်း ၇၂ သန်းမှ ၆၆ သန်းက ကရေတေးရှပ်စ်ကာလ(Cretaceous Period)ရှိ သွားမရှိ ဒိုင်နိုဆောမျိုးနွယ် theropod dinosaurs သို့မဟုတ် oviraptorosaur ဖြစ်မည်ဟု သတ္တဗေဒပညာရှင်များက ယူဆကြသည်။

ဥအတွင်းရှိ သန္ဓသားလောင်း၏ ကိုယ်ဟန်အနေအထားသည် သားပေါက်ခါနီးအချိန်အတွင်း ငှက်၏ကိုယ်ဟန်အနေအထားသို့ ပြောင်းလာသည်ကို သုတေသနလေ့လာမှုများအရ တွေ့ရှိရကြောင်း ဗုဒ္ဓဟူးနေ့က ထုတ်ပြန်သည့် iScience ဂျာနယ်တွင် ဖော်ပြထားသည်။

ဤသုတေသနပြုလေ့လာမှုတွင် ပါဝင်သည့် တရုတ်၊ ဗြိတိန်နှင့်ကနေဒါ သိပ္ပံပညာရှင်များက “Baby Yingliang”သည် ယခင်သိရှိခဲ့ဖူးသည့် ဒိုင်နိုဆော် သန္ဓေသားလောင်းကိုယ်ဟန်အနေအထားနှင့်မတူညီသည်ကို တွေ့ရှိရခြင်းဖြစ်သည်။ ၎င်း၏ခေါင်းသည်ခန္ဓာကိုယ်အောက်ဖက်တွင်ဖြစ်ပြီးခြေထောက်များက ဘေးတွင်ရှိကာ နောက်ကျောသည် ဥခွံအတိုင်း ကွေးကွေးလေးရှိနေခြင်းဖြစ်သည်။ ထိုအနေအထားသည် ယခုခေတ် ငှက်မျိုးနွယ် သန္ဓေသားလောင်းနှင့်အလားသဏ္ဍာန်တူရာ ယခင်က ဒိုင်နိဆောများတွင် ထိုအနေအထားမျိုးမတွေ့ရှိခဲ့ကြောင်း သိရသည်။

သားမပေါက်မီ ငှက်များက ခန္ဓာကိုယ်ကိုယ်ဟန်ပြောင်းလဲမှုရှိကြရာ ခန္ဓာကိုယ်ကို ကွေး၍ခေါင်းကို တောင်ပံအောက်တွင်ထားလေ့ရှိကြပြီး ထိုအနေအထားကို မပြောင်းလဲနိုင်ပါက သားမပေါက်နိုင်ဘဲ သေဆုံးမည့်အန္တရာယ်ပိုများနိုင်ကြောင်း သိရသည်။

အခြား ဒိုင်နိုဆော၊ ငှက်များ၏ သန္ဓသားပုံစံနှင့်”Baby Yingliang”နှိုင်းယှဉ်ကြည့်ခြင်းဖြင့် ၎င်းမှာ ငှက်များ သားဥမပေါက်မီကိုယ်ဟန်ပြောင်းလဲသည့်အပြုအမူသည် နှစ်သန်းပေါင်းများစွာ theropod dinosaursမှ ဆင့်ကဲပြောင်းလဲလာခြင်းဖြစ်မည်ဟု သုတေသနအဖွဲ့က အဆိုပြုခဲ့သည်။

စာတမ်း၏ပထမစာရေးဆရာနှင့် Birmingham တက္ကသိုလ် PhD သုတေသီ Fion Waisum Maက ဒိုင်နိုဆော သန္ဓေသားအားလေ့လာခြင်းသည် လူတွေ၏ ဒိုင်နိုဆောပေါက်ဖွားပုံနှင့်ကြီးပြင်းပုံအပေါ် သိရှိနားလည်မှု ပို၍တိုးစေနိုင်ကြောင်း ဆိုသည်။

“စိတ်ဝင်စားဖို့ကောင်းတာက ဒိုင်နိုဆောနဲ့ ကြက်နဲ့ သန္ဓသားလောင်းပုံစံက ဥထဲမှာအတူတူပဲ၊ ဒါက သားမပေါက်မီ အလားတူသည့် ကိုယ်နေဟန်ထားကို ဖော်ပြတာပါ” Fion Waisum Maက ဆိုသည်။

သုတေသနအဖွဲ့ဝင်တစ်ဦး ဖြစ်သည့် Edinburgh တက္ကသိုလ်မှ Steve Brusatteကလည်း ဒိုင်နိုဆောလေး သားမပေါက်မီအနေအထားက ဥထဲမှာခွေနေသည့် ငှက်ကလေးနှင့်တူကြောင်း၊ ၎င်းမှာ”ယနေ့ခေတ် ငှက်မျိုးနွယ်များ၏သွင်ပြင်လက္ခဏာက ပထမဦးဆုံး သူတို့ရဲ့ ဒိုင်နိုဆောဘိုးဘွားတွေက ဆင့်ကဲပြောင်းလဲလာခြင်း ဖြစ်တဲ့ နောက်ထပ်အထောက်အထားဖြစ်တယ်”ဟု ဆိုသည်။

ဒိုင်နိုဆော သန္ဓသားလောင်းသည် အရှားပါးဆုံး ကျောက်ဖြစ်ရုပ်ကြွင်းများအနက် တစ်ခုဖြစ်ကြောင်း၊ လေ့လာမှု၏တွေ့ရှိချက်များကို ထပ်မံစမ်းသပ်ရန်အတွက် သန္ဓေသားရုပ်ကြွင်းများ ထပ်မံရှာတွေ့ဖို့ လိုအပ်ကြောင်း စာတမ်း ပူးတွဲပြုစုသူ တရုတ်နိုင်ငံ ဘူမိသိပ္ပံတက္ကသိုလ် ပါမောက္ခ Xing Lida က ဆိုသည်။ (Xinhua)

——————————
(English Version)
Across China: Dinosaur embryo study supports ancestral link to birds
2021-12-22 10:08:34
BEIJING, Dec. 22 (Xinhua) — A new study examining an embryo from a fossilized dinosaur egg has provided further evidence supporting the notion that modern birds evolved from dinosaurs.
The embryo fossil was discovered in rocks in east China around the year 2000 and housed in the Yingliang Stone Nature History Museum in Fujian Province, where it was dubbed “Baby Yingliang”.
Estimated to be 27 cm long from head to tail, the creature lies inside a 17-cm-long egg. Paleontologists believe it belongs to a toothless theropod dinosaur, or oviraptorosaur, dating back 72 to 66 million years, within the Cretaceous Period.
The posture of the embryo within the egg implies that these dinosaurs developed bird-like postures close to hatching, according to the study published in the journal iScience on Wednesday.
Scientists from China, Britain and Canada who worked on the study found the posture of “Baby Yingliang” unique among known dinosaur embryos — its head lies below the body, with the feet on either side and the back curled along the blunt end of the egg. Previously unrecognized in dinosaurs, this posture is similar to that of modern bird embryos.
Before hatching, birds are known to develop a series of tucking postures, bending their body and extending their head under their wings. Embryos that fail to attain such postures have a higher chance of death due to unsuccessful hatching.
By comparing “Baby Yingliang” with the embryos of other dinosaurs and birds, the research team proposed that such pre-hatching behavior, which was previously thought unique to birds, evolved in theropod dinosaurs tens or hundreds of millions of years ago.
Fion Waisum Ma, joint first author and PhD researcher at the University of Birmingham, said the dinosaur embryo study could help bolster people’s understanding of dinosaur growth and reproduction.
“It is interesting to see this dinosaur embryo and a chicken embryo pose in a similar way inside the egg, which possibly indicates similar prehatching behaviors,” Ma added.
Steve Brusatte from the University of Edinburgh, who is part of the research team, said this little prenatal dinosaur looks just like a baby bird curled up in its egg, providing yet “more evidence that many features of today’s birds first evolved in their dinosaur ancestors.”
Dinosaur embryos are some of the rarest fossils. To further test the hypothesis raised in the study, more embryo fossil discoveries are needed, said co-author Xing Lida, professor at the China University of Geosciences. Enditem

Photo 1: A fossilized dinosaur egg model is pictured at Fujian Science and Technology Museum in Fuzhou, southeast China’s Fujian Province, Dec. 22, 2021. Photo 2,4: A press conference on “Baby Yingliang” is held at Fujian Science and Technology Museum in Fuzhou, southeast China’s Fujian Province, Dec. 22, 2021.

Photo 2,4:A press conference on “Baby Yingliang” is held at Fujian Science and Technology Museum in Fuzhou, southeast China’s Fujian Province, Dec. 22, 2021.

Photo3,6,7:A fossilized dinosaur egg is pictured at Fujian Science and Technology Museum in Fuzhou, southeast China’s Fujian Province, Dec. 22, 2021.
Photo 5:Visitors take photos of a fossilized dinosaur egg and its model at Fujian Science and Technology Museum in Fuzhou, southeast China’s Fujian Province, Dec. 22, 2021.