Connect with us

Politics, Law & Military

နီကာရာဂွာနိုင်ငံက တရုတ်နိုင်ငံနှင့် ဆက်ဆံရေးထူထောင်ခြင်းမှာ မှန်ကန်သောဆုံးဖြတ်ချက်ချမှတ်ခြင်းဖြစ်

ပေကျင်း၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ)

နီကာရာဂွာနိုင်ငံသည် ထိုင်ဝမ်နှင့် “သံတမန်ဆက်ဆံရေး” ရပ်ဆိုင်းပြီးနောက် တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေး ပြန်လည်စတင်ကြောင်း ဒီဇင်ဘာ ၁၀ ရက်က ပူးတွဲကြေညာချက်အား လက်မှတ်ရေးထိုးခဲ့သည်။
တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အသိအမှတ်ပြုခြင်းဖြင့် နီကာရာဂွာနိုင်ငံသည် မှန်ကန်သောဆုံးဖြတ်ချက်နှင့် သမိုင်း၏မှန်ကန်သောဘက်တွင် ရပ်တည်ရန် ရွေးချယ်လျက် အခြားသော ဗဟိုအမေရိကနိုင်ငံအချို့နှင့်အတူ လိုက်ပါဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

၂၀၀၇ ခုနှစ်တွင် ကို့စ်တာရီကာနိုင်ငံသည် ရာစုသစ်၌ ယင်းဒေသအတွင်း တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေး ခိုင်မာစွာထူထောင်ခဲ့သော ပထမဆုံးနိုင်ငံ ဖြစ်လာခဲ့သည်။ နောက်လေးနှစ်ကြာပြီးနောက် နှစ်နိုင်ငံကြား လွတ်လပ်သောကုန်သွယ်ရေး သဘောတူစာချုပ်မှာ အသက်ဝင်လာခဲ့ပြီး ထိုစဉ်အချိန်မှစ၍ နှစ်နိုင်ငံကုန်သွယ်ရေးမှာ တိုးတက်ပွားများလျက်ရှိသည်။

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့တွင် ပြုလုပ်သော ဒုတိယအကြိမ်မြောက် တရုတ် နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) အတွင်း စားသောက်ကုန်နှင့် စိုက်ပျိုးရေးထုတ်ကုန်များပြပွဲဧရိယာ၌ ကို့စတာရီကာနိုင်ငံမှ ပြခန်းပြသသူတစ်ဦးမှ ကော်ဖီဖျော်ပြနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

၂၀၀၇ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ တရုတ်နိုင်ငံသို့ ကို့စ်တာရီကာနိုင်ငံ၏ ပို့ကုန်များမှာ ငါးဆနီးပါး မြင့်တက်လာခဲ့သည်။ တရုတ်နိုင်ငံ ဈေးကွက်သို့ တင်ပို့ခဲ့သော ကုန်စည်များသည်လည်း အမျိုးအစား တိုးချဲ့လာသည်ကို တွေ့မြင်ရသလို နယ်ပယ်စုံ၌ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုမှာလည်း အားကောင်းလာခဲ့သည်။

ကို့စ်တာရီကာနိုင်ငံပြီးနောက် ပနားမား၊ ဒိုမီနီကာနှင့် အယ်လ်ဆာဗေးဒိုး စသည့်နိုင်ငံများသည်လည်း တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေး အသီးသီးထူထောင်လာခဲ့ကြသည်။ ထို့ပြင် ဟွန်ဒူးရပ်စ်နိုင်ငံ သမ္မတလောင်း Xiomara Castro က တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေးထူထောင်သွားမည်ဖြစ်ကြောင်း ၎င်း၏ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအတွင်း ကတိပြုခဲ့သည်။ ယင်းနိုင်ငံများအားလုံးသည် ပြည်သူများ၏ သဘောဆန္ဒနှင့် ခေတ်ရေစီးကြောင်းနှင့်အညီ တရုတ်တစ်နိုင်ငံတည်းမူဝါဒကို သဘောတူကြောင်း ဖော်ပြခဲ့ကြခြင်း ဖြစ်သည်။

သို့ရာတွင် နိုင်ငံအချို့ရှိ အန္တရာယ်ရှိသူများက ထိုင်ဝမ်နှင့်ပတ်သက်သော မေးခွန်းအပေါ် အထွေထွေပြောင်းလဲမှုအား ဆန့်ကျင်လျက် မီးနှင့်ကစားလျက်ရှိကြောင်း၊ တရုတ်နိုင်ငံ၏ အဓိကအချက်ကို စိန်ခေါ်ရန်နှင့် “ထိုင်ဝမ်ကတ်” ကို ကစားခြင်းဖြင့် တရုတ်နိုင်ငံအား ဖိနှိပ်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

ယခုအခါ နီကာရာဂွာနိုင်ငံသည် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အသိအမှတ်ပြုကာ ထောက်ခံသော ၁၈၁ နိုင်ငံမြောက်ဖြစ်လာခဲ့သည်။ အမေရိကန်နိုင်ငံနှင့် ထိုင်ဝမ်ရှိ ဒီမိုကရက်တစ်တိုးတက်ရေးပါတီ (Democratic Progressive Party) တို့က ရေလက်ကြားတစ်ခွင်လှိုင်းထစေရန် ပူးပေါင်းကြံစည်နေချိန်တွင် နီကာရာဂွာနိုင်ငံ၏ ဆုံးဖြတ်ချက်သည် ပိုမိုလေးစားဖွယ်နှင့် နှစ်ထောင်းအားရဖွယ်ဖြစ်သည်။

နီကာရာဂွာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ရပ်တည်လိုက်ခြင်းသည် တရားနည်းလမ်းကျသော ရွေးချယ်မှုဖြစ်သည့်အပြင် နိုင်ငံနှင့် ပြည်သူများအတွက် အကျိုးကျေးဇူးရှိသော ရွေးချယ်မှုလည်း ဖြစ်ပေသည်။ (Xinhua)

…………………………………………

(English Version)

Xinhua Commentary: Nicaragua makes the right decision on ties with China

BEIJING, Dec. 10 (Xinhua) — Nicaragua signed with China on Friday a joint communique on the resumption of diplomatic relations, severing the so-called “diplomatic ties” with China’s Taiwan.

By recognizing the one-China principle, Nicaragua has followed some other Central American countries by making the right decision and choosing to stand on the right side of history.

Back in 2007, Costa Rica became the first country in the region to forge diplomatic ties with China in the new century. Four years later, a free trade pact between the two countries took effect, and bilateral trade has flourished ever since.

From 2007 to 2020, Costa Rica’s exports to China increased nearly fivefold. The goods exported to China’s market have seen expanding diversity, and bilateral cooperation in various fields continues to strengthen.

After Costa Rica, Panama, Dominica and El Salvador also established diplomatic ties with China subsequently. Besides, Honduran presidential candidate Xiomara Castro vowed during her election campaign to establish diplomatic relations with China. All these have once again showed that the one-China principle accords with the will of the people and the trend of times.
However, for quite some time, a handful of people in some countries have been going against the general trend and playing with fire on the Taiwan question. They attempt to challenge China’s bottom line, and to suppress China by playing the “Taiwan card.”

Now, Nicaragua has become the 181st country that recognizes and supports the one-China principle. Its courage to make the decision deserves more respect and admiration at a time when the United States and Taiwan’s Democratic Progressive Party authority are colluding to make waves across the strait.

For the Central American country, standing with China is a righteous choice, as well as a choice that benefits the country and its people. ■
Photo : 1- China and Nicaragua sign the joint communique on the resumption of diplomatic relations between the People’s Republic of China and the Republic of Nicaragua in north China’s Tianjin, Dec. 10, 2021. (Xinhua/Yue Yuewei)

2- An exhibitor from Costa Rica makes coffee at Food and Agricultural Products exhibition area during the second China International Import Expo (CIIE) in Shanghai, east China, Nov. 9, 2019. (Xinhua/Zhang Yuwei)