Connect with us

Europe

နေတိုးထိပ်သီးအစည်းအဝေး ကျင်းပနေစဉ် အာဒိုဂန်နှင့် ဘိုင်ဒန်တို့ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံ

အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန် (ဝဲ) နှင့် တူရကီနိုင်ငံ သမ္မတ ရီဆပ် တေရစ် အာဒိုဂန်တို့အား တွေ့ရစဉ် (ဆင်ဟွာ)

ဘရပ်ဆဲလ်၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ သမ္မတ ရီဆပ် တေရစ် အာဒိုဂန် (Recep Tayyip Erdogan) က အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်နှင့် “အကျိုးရှိပြီး ရိုးရှင်းသော” တွေ့ဆုံပွဲ ပြုလုပ်ခဲ့ကြောင်း ဇွန် ၁၄ ရက်တွင် ပြောကြားခဲ့သည်။

နေတိုး (NATO) ထိပ်သီးအစည်းအဝေးနှင့် တွဲလျက်ပြုလုပ်သော ပထမဆုံးအကြိမ် မျက်နှာစုံညီအစည်းအဝေးတွင် ခေါင်းဆောင်နှစ်ဦးသည် ကမ္ဘာလုံးဆိုင်ရာ COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေးနှင့် ကာကွယ်ဆေးအခြေအနေ အပါအဝင် ကိစ္စရပ်များစွာကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

“အမေရိကန်နဲ့ တူရကီကြားမှာ ဖြေရှင်းလို့ မရနိုင်ဘူးဆိုတဲ့ ထူးထူးကဲကဲပြဿနာမျိုးမရှိပါဘူး။ ခြားနားမှုတွေအပေါ်မှာ အပြုသဘောဆောင်ပြီး အကျိုးအမြတ်ရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အလေးထားနိုင်တဲ့ နယ်ပယ်များစွာရှိပါတယ်” ဟု အာဒိုဂန်က သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များအား ပြောကြားခဲ့သည်။

“ကျွန်တော်တို့ရဲ့ သမိုင်းကြောင်း အချိန်အကြာကြီးရှိခဲ့တယ်။ ပြီးတော့ ကြီးမားတဲ့ ကိစ္စရပ်တွေအပေါ် အမြင်ချင်းဖလှယ်ဖို့ ကျွန်တော်တို့ စီမံနိုင်ခဲ့တယ်။ ကျွန်တော်တို့မှာ ခေတ်နဲ့ညီတဲ့ မတူညီတဲ့အမြင်တွေကို အလေးထားခဲ့သလို နောက်ထပ် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နယ်ပယ်များအကြောင်းလည်း ပြောခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။

“ကျွန်တော်တို့နိုင်ငံကြားမှာ ဆွေးနွေးမှုချန်နယ်များကို ထိထိရောက်ရောက်အသုံးပြုဖို့ လိုအပ်ချက်ကို သဘောတူခဲ့ကြပါတယ်။ ဒါက အလွန်ကိုအကျိုးရှိပြီး ရိုးရှင်းတဲ့အစည်းအဝေးဖြစ်ပါတယ်။ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို ပြန်လည်အသက်ဝင်လာစေမယ့် အချက်အလက်တွေကို ကျွန်တော်တို့ မီးမောင်းထိုးပြခဲ့ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

ဘိုင်ဒန်နှင့် ၎င်း၏ဆက်ဆံရေးကို ဖော်ပြရာတွင် “ကာလရှည် တည်တံ့လျက်ရှိကြောင်း” နှင့် ဘိုင်ဒန်အား တူရကီသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့ကြောင်း၊ ဘိုင်ဒန်ကလည်း ၎င်း၏အစီအစဉ် အခွင့်သင့်ချိန်တွင် လာရောက်လည်ပတ်မည်ဟု ဖော်ပြခဲ့ကြောင်း အာဒိုဂန်က ပြောခဲ့သည်။

သီးခြားပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဘိုင်ဒန်ကလည်း အဆိုပါ အစည်းအဝေးအား “အပြုသဘောဆောင်ပြီး အကျိုးရှိသော အစည်းအဝေးဖြစ်ကြောင်း၊ ကိစ္စရပ်များစွာအပေါ် ဘယ်လိုဆောင်ရွက်ရမလဲဆိုတာ ကျွန်တော်တို့ အသေးစိတ်ဆွေးနွေးခဲ့ပါတယ်။ ကျွန်တော်တို့အဖွဲ့တွေအနေနဲ့ ဆွေးနွေးမှုတွေကို ဆက်လက်လုပ်ဆောင်သွားနေပြီး တူရကီနဲ့ အမေရိကန်တို့ စစ်မှန်တဲ့ တိုးတက်မှုတွေ လုပ်ဆောင်သွားလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” ဟု ပြောကြားခဲ့သည်။ (Xinhua)

————————————
(English Version)
Erdogan, Biden hold first face-to-face meeting on sidelines of NATO summit
Source: Xinhua| 2021-06-15 05:54:52|Editor: huaxia
BRUSSELS, June 14 (Xinhua) — Turkish President Recep Tayyip Erdogan said here on Monday that he held a “fruitful and sincere” meeting with U.S. President Joe Biden.
In their first face-to-face meeting on the fringes of the NATO summit, the two leaders discussed a variety of issues including the global fight against the COVID-19 pandemic and the vaccine situation.
“There are no outstanding problems between the United States and Turkey that cannot be solved. On the contrary, there are many areas where we could focus on prospective and fruitful cooperation,” Erdogan told journalists at a news conference.
“Our history goes back a long time and we managed to exchange views on a vast area of issues. We also focused on the incidents on which we have different opinions and, in a very constructive fashion, talked about areas where we could further explore cooperation,” he said.
“We agreed on the necessity to effectively use dialogue channels between our nations, at the end of the day, it was a very fruitful and very sincere meeting. We also underlined the fact that bilateral cooperation should be revitalized,” he added.
Describing his relationship with Biden as “long-standing,” Erdogan said he invited Biden to visit Turkey, adding that Biden indicated that he might pay a visit once his intense schedule allows it.
Addressing a separate press conference, Biden also mentioned the meeting: “We had a positive and productive meeting. We had detailed discussions about how to proceed on a number of issues … Our teams are going to continue our discussions and I’m confident we will make real progress with Turkey and the United States.” Enditem
Combo photo shows U.S. President Joe Biden (L) and Turkish President Recep Tayyip Erdogan on different occasions. (Xinhua)