Connect with us

COVID-19 UPDATES

ဖိလစ်ပိုင်နိုင်ငံသည် အိန္ဒိယနိုင်ငံနှင့် အခြား ၆ နိုင်ငံအား ဇွန် ၃၀ ရက်အထိ ခရီးသွားခွင့်ကန့်သတ်ချက် သက်တမ်းတိုး

ကာကွယ်ရေးဝတ်စုံဝတ်ဆင်ထားသော ခရီးသည်များ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ရှိ Ninoy Aquino အပြည်ပြည်ဆိုင်ရာလေဆိပ်၏ ဂိတ် (၁) တွင် လမ်းလျှောက်နေသည်ကို ၂၀၂၁ ခုနှစ်၊ မတ် ၁၇ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

မနီလာ၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ သည် အိန္ဒိယနိုင်ငံ၊ပါကစ္စတန်နိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ နီပေါနိုင်ငံ၊ အိုမန်နိုင်ငံနှင့်ယူအေအီး နိုင်ငံတို့ မှ ဝင်ရောက်မည့် ခရီးသွားများအားလုံးကို ဇွန် ၃၀ ရက် အထိ ပြည်ဝင်ခွင့် ကန့်သတ်ချက်တိုးမြှင့်လိုက်ကြောင်း သမ္မတပြောရေးဆိုခွင့်ရှိသူ Harry Roque က ဇွန် ၁၄ ရက်နံနက်တွင်ပြောသည်။

ကူးစက်ရောမြင့်မားစွာပျံ့နှံ့ခြင်းမှ ကာကွယ်ရန် ခရီးသွားလာခွင့် ကန့်သတ်ချက် အား ဖိလစ်ပိုင်သမ္မတ Rodrigo Duterte က အတည်ပြုခဲ့ကြောင်း Roque ကထုတ်ပြန်ချက်ထဲတွင် ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံသည် COVID-19 ဖြစ်ပွားမှုမြင့်တက်လျက်ရှိသော အိန္ဒိယနိုင်ငံမှ ခရီးသည်များအား ကန့်သတ်ချက်ကို ဧပြီ ၂၉ ရက်မှ စ၍ဆောင်ရွက်ခဲ့သည်။ မေ ၇ ရက်မှစ၍ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ ပါကစ္စတန်၊ နှင့် သီရိလင်္ကာနိုင်ငံတို့မှာ ခရီးသွားများ ဝင်ရောက်ခွင့်ကိုလည်း ကန့်သတ်ခဲ့သည်။

အိုမန်နိုင်ငံနှင့် ယူအေအီးနိုင်ငံတို့မှ ပြန်လာသော ဖိလစ်ပိုင်အလုပ်သမားများတွင် အိန္ဒိယနိုင်ငံ၌ ပထမဆုံးတွေ့ရှိသည့် COVID-19 ဗိုင်းရပ်စ် မျိုးဗီဇကွဲကို စမ်းသပ်တွေ့ရှိပြီးနောက် ဖိလစ်ပိုင်နိုင်ငံသည် အိုမန်နိုင်ငံနှင့် ယူအေအီးနိုင်ငံတို့မှ အပြည်ပြည်ဆိုင်ရာ ခရီးသည်ဝင်ရောက်မှုကို မေ ၁၅ ရက်နောက်ပိုင်းတွင် ကန့်သတ်ခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ၌ ဇွန် ၁၄ ရက်အထိ သေဆုံးသူ ၂၂,၈၄၅ ဦးအပါအဝင် COVID-19 အတည်ပြုလူနာပေါင်း ၁,၃၂၂,၀၅၃ ဦးရှိကြောင်း သိရသည်။ (Xinhua)

———————————–
(English Version)
Philippines extends travel ban on India, six other countries until June 30
MANILA, June 14 (Xinhua) — The Philippines has extended the travel ban for all inbound travelers from India, Pakistan, Sri Lanka, Bangladesh, Nepal, Oman and the United Arab Emirates (UAE) until June 30, presidential spokesman Harry Roque said Monday evening.
In a statement, Roque said Philippine President Rodrigo Duterte approved the extension of travel restrictions to prevent the spread of the highly infectious variant.
The Philippines initially imposed travel restrictions on India from April 29 due to the COVID-19 surge in that country. It widened the ban to include travelers from Bangladesh, Nepal, Pakistan and Sri Lanka from May 7.
The Philippines also banned international arrivals from Oman and the UAE on May 15 after overseas Filipino workers that flew in from these countries tested positive for the COVID-19 variant first found in India.
The Philippines has reported 1,322,053 confirmed COVID-19 cases as of Monday, including 22,845 deaths. Enditem
Photo-Passengers wearing protective suits walk at the Terminal 1 of the Ninoy Aquino International Airport in Manila, the Philippines, on March 17, 2021.(Xinhua/Rouelle Umali)