INTERNATIONAL ORGANIZATION
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ COVID-19 ဖြစ်ပွားမှု စုစုပေါင်း ၈၂၂,၀၀၀ ကျော်ရှိလာ
ဒါကာ၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဇွန် ၁၁ ရက်တွင် COVID-19 ရောဂါကြောင့် စုစုပေါင်း သေဆုံးသူ ၁၃,၀၀၀ ဦးနှင့် စုစုပေါင်းကူးစက်ခံရသူဦးရေ ၈၂၂,၀၀၀ ကျော်သို့ ရောက်ရှိလာခဲ့ပြီး နိုင်ငံတွင်း၌ တကျော့ပြန်ကူးစက်မှုအားထိန်းချုပ်ရန် အပြင်းအထန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ကျန်းမာရေးဝန်ဆောင်မှု အထွေထွေညွှန်ကြားမှုဦးစီးဌာန (DGHS) ၏ ဇွန် ၁၁ ရက်တွင် ထုတ်ပြန်ချက်အရ COVID-19 ရောဂါထပ်မံကူးစက်ခံရသူ ၂,၄၅၄ ဦး နှင့် ထပ်မံသေဆုံးသူ ၄၃ ဦး ရှိပြီး စုစုပေါင်းကူးစက်ခံရသူဦးရေ ၈၂၂,၈၄၉ ဦးနှင့် စုစုပေါင်းသေဆုံးသူ ၁၃,၀၃၂ ဦးရှိလာကြောင်း သိရသည်။
တရားဝင်အချက်အလက်များအရ ဘင်္ဂလားဒေ့ရှ်တစ်နိုင်ငံလုံးတွင် ဇွန် ၁၁ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီ အထိ ၂၄ နာရီအတွင်း နမူနာပေါင်း ၁၈,၅၃၅ ခုအားစမ်းသပ်စစ်ဆေးခဲ့ကြောင်း သိရသည်။
တစ်နိုင်ငံလုံး၌ ဇွန် ၁၁ ရက်တွင် ရောဂါမှပြန်လည်သက်သာလာသည့် လူနာသစ် ၂,၂၈၆ ဦး အပါအဝင် စုစုပေါင်း ပြန်လည်ကျန်းမာလာသူဦးရေ ၇၆၁,၉၁၆ ဦးရှိကြောင်း DGHS က ထုတ်ပြန်ခဲ့သည်။ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ လက်ရှိအချိန်တွင် COVID-19 ရောဂါဖြင့် သေဆုံးမှုနှုန်းမှာ ၁.၅၈ ရာခိုင်နှုန်းနှင့် ရောဂါမှပြန်လည်ကောင်းမွန်မှုနှုန်းမှာ ၉၂.၅၉ ရာခိုင်နှုန်းရှိကြောင်း တရားဝင်စာရင်းဇယားများအရ သိရသည်။ (Xinhua)
———————————————-
(English Version)
Bangladesh’s total COVID-19 cases surpass 822,000
DHAKA, June 11 (Xinhua) — Bangladesh’s COVID-19 death toll topped 13,000 Friday, with total cases surpassing 822,000 as the country struggles to limit the resurgence of infections.
The Directorate General of Health Services (DGHS) reported 2,454 new COVID-19 cases and 43 new deaths, making the tally at 822,849 and death toll at 13,032 on Friday.
The official data showed that 18,535 samples were tested in 24 hours (till 8 a.m. local time on Friday) across Bangladesh.
The total number of recovered patients in the country stood at 761,916 including 2,286 new recoveries Friday, said the DGHS.
According to the official data, the COVID-19 fatality rate in Bangladesh is now 1.58 percent and the current recovery rate is 92.59 percent. Enditem