Connect with us

Asia

မလေးရှားပင်လယ်ပြင်၌ လှေတိမ်းမှောက်မှု ဖြစ်ပွားပြီး လူ ၁၀ ဦးသေဆုံး

မလေးရှားနိုင်ငံ Sabah ပြည်နယ် ပင်လယ်ပြင်၌ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဖြစ်ပွားခဲ့သည့် လှေတိမ်းမှောက်မှုဖြစ်စဉ်တွင် ပျောက်ဆုံးနေသူများအား ရှာဖွေနေသော မလေးရှား ရေတပ်အား တွေ့ရစဉ်(ဆင်ဟွာ)

ကွာလာလမ်ပူ ၊ ဒီဇင်ဘာ ၁၅ ရက်(ဆင်ဟွာ)

မလေးရှားနိုင်ငံ Johor ပြည်နယ်၌ အထောက်အထားမဲ့ရွှေ့ပြောင်းနေထိုင်သူများ လိုက်ပါလာသည့် လှေတစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီးနောက် လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း မလေးရှား ရေကြောင်းစည်းကမ်းထိန်းသိမ်းရေးအေဂျင်စီ(MMEA)က ဒီဇင်ဘာ ၁၅ ရက်တွင် ပြောကြားခဲ့သည်။

ကလေးငယ်အချို့အပါအဝင် လူ ၆၀ ဦးခန့် လှေပေါ်တွင် လိုက်ပါလာသည်ဟု ယူဆရပြီး ၂၁ ဦးအား ကယ်ဆယ်ထားကြောင်း ၊ အနည်းဆုံး လူ ၁၀ ဦးသေဆုံးပြီး ၂၉ ဦးမှာ ပျောက်ဆုံးနေကြောင်း Johor ရေကြောင်းစည်းကမ်းထိန်းသိမ်းရေးအေဂျင်စီ ညွှန်ကြားရေးမှူး ပထမ ရေတပ်ဗိုလ်ချုပ်ကြီး Nurul Hizam Zakaria က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။ အဆိုပါလှေသည် ဒီဇင်ဘာ ၁၄ ရက် (ဂရင်းနစ်စံတော်ချိန် ၂၀၃၀) ဒေသစံတော်ချိန် နံနက် ၄ နာရီခွဲဝန်းကျင်တွင် ဆိုးရွားသည့်ပင်လယ်ပြင်အခြေအနေကြောင့် နစ်မြုပ်သွားခဲ့ကြောင်း ၎င်းက ပြောကြားခဲ့ပြီး အသက်ရှင်ကျန်ရစ်သူများအား ရှာဖွေရန် ရေတပ် နှင့် လေကြောင်းမှ ကျွမ်းကျင်သူအချို့အား စေလွှတ်ထားကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

———————————-
(English Version)
10 killed after boat capsizes in Malaysian waters
KUALA LUMPUR, Dec. 15 (Xinhua) — At least 10 people died after a boat reportedly carrying undocumented migrants capsized off Malaysia’s Johor state, the Malaysian Maritime Enforcement Agency (MMEA) said on Wednesday.
Some 60 individuals, including several children, were believed to be on the vessel, with 21 having been rescued, at least 10 dead, and 29 being unaccounted for, said Johor MMEA director First Maritime Admiral Nurul Hizam Zakaria in a statement.
“The boat sank in rough sea conditions at around 4:30 a.m. (2030 GMT Tuesday),” he said, adding that several naval and aerial assets have been deployed to search for survivors. Enditem
Photo – Malaysian navy searches for missing people in a boat accident in waters off the Malaysian state of Sabah on Feb. 1, 2017. The search and rescue operation expanded to 3,900 square nautical miles on Wednesday, up from Tuesday’s 3,000 square nautical miles, involving 350 personnel and 22 assets from the Malaysian navy, maritime authorities and the police as well neighboring Brunei. (Xinhua)