Europe
ရုရှတိုက်လေယာဉ်က ပင်လယ်နက်ပေါ်တွင် အမေရိကန် ကင်းထောက်လေယာဉ်ကို ကြားဖြတ်ဟန့်တား
မော်စကို၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံထုတ် Su-30 တိုက်လေယာဉ်တစ်စင်းသည် ပင်လယ်နက်ပေါ်တွင် အမေရိကန်ကင်းထောက်လေယာဉ်တစ်စင်းကို ကြားဖြတ်ဟန့်တားရန် ကြိုးပမ်းခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၀ ရက်တွင် ပြောကြားခဲ့သည်။“ရုရှားလေပိုင်နက်စောင့်ကြည့်ရေးစနစ်တွေက ပင်လယ်နက်ရဲ့ကြားနေရေပိုင်နက်ကိုဖြတ်ပြီး နိုင်ငံနယ်စပ်ကို ချဉ်းကပ်လာနေတဲ့ ပစ်မှတ်တစ်ခုကို တွေ့ရှိခဲ့ပါတယ်။ တောင်ပိုင်းစစ်ခရိုင်ရဲ့ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့မှ Su-30 တိုက်လေယာဉ်တစ်စင်းသည် ၎င်းအား အမျိုးအစားဖော်ထုတ်ရန်နဲ့ နိုင်ငံနယ်စပ်ကို ချိုးဖောက်မှုမှ ကာကွယ်ရန် ကြိုးပမ်းခဲ့ပါတယ်” ဟု ဝန်ကြီးဌာန ၏ Zvezda ရုပ်သံလွှင့်ဌာန ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
၎င်းတိုက်လေယာဉ်သည် အမေရိကန်ရေတပ်မှ P-8A ကင်းထောက်လေယာဉ်ဟု အမျိုးအစားသတ်မှတ်ခဲ့သော နိုင်ငံခြားလေယာဉ်ကို စောင့်ကြပ်ကြည့်ရှုခဲ့ကြောင်း သိရသည်။
အဆိုပါ အမေရိကန် လေယာဉ်သည် ရုရှားနယ်စပ်မှ ထွက်ခွာသွားသဖြင့် Su-30 လေယာဉ်သည်လည်း လေယာဉ်ကွင်းသို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိခဲ့ကြောင်း ဝန်ကြီးဌာနက ပြောကြားပြီး နိုင်ငံနယ်စပ်ကို ချိုးဖောက်ခြင်းမျိုးမရှိကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ရုရှားတိုက်လေယာဉ်များ၏ ပျံသန်းမှုအား နိုင်ငံတကာလေကြောင်း ဥပဒေများနှင့်အညီ တင်းတင်းကျပ်ကျပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ (Xinhua)
…………………………………………
(English Version)
Russian fighter intercepts U.S. reconnaissance plane over Black Sea
MOSCOW, Dec. 10 (Xinhua) — A Russian Su-30 fighter was scrambled to intercept a U.S. reconnaissance aircraft over the Black Sea, the Russian Defense Ministry said Friday.
“Russian airspace monitoring systems detected a target that was approaching the state border over the neutral waters of the Black Sea. A Su-30 fighter from the Southern Military District’s air defense forces was scrambled to identify it and prevent a violation of the state border,” the ministry’s Zvezda broadcasting service said in a statement.
The fighter escorted the foreign aircraft, which was identified as a U.S. Navy P-8A reconnaissance plane.
As the U.S. plane turned away from the Russian border, the Su-30 safely returned to the airfield, the ministry said, adding there was no violation of the state border.The flight of the Russian fighter was carried out in strict accordance with international air laws. Enditem