Connect with us

Media

အာဖဂန်နစ္စတန်နိုင်ငံသို့ တရုတ်နိုင်ငံမှ ပေးပို့လှူဒါန်းသည့် Sinopharm ကာကွယ်ဆေး နောက်တစ်သုတ်ထပ်မံ ရောက်ရှိ

ကဘူးလ်၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အစိုးရ က ပေးပို့လှူဒါန်းသည့် COVID-19 ကာကွယ်ဆေး နောက်တစ်သုတ်သည် အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့သို့ ဒီဇင်ဘာ ၈ ရက်နေ့က ရောက်ရှိခဲ့သည်။

ကာကွယ်ဆေးများလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ကဘူးလ် နိုင်ငံတကာလေဆိပ်တွင်ကျင်းပခဲ့ပြီး အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ဝမ်ယွီ နှင့် အာဖဂန်နစ္စတန်နိုင်ငံ ပြည့်သူ့ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး အဗ္ဗဒူလ် ဘာရီ အိုမာ (Abdul Bari Omar) တို့တက်ရောက်ခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံ၌ နိုင်ငံရေးအခြေအနေပြောင်းလဲကတည်းက တရုတ်နိုင်ငံက အာဖဂန်နစ္စတန်နိုင်ငံကို ကာကွယ်ဆေး အလုံးရေ ၃ သန်းနှင့် အခြားဆေးဘက်ဆိုင်ရာအထောက်အပံ့များကို ပံ့ပိုးပေးမည်ဟု ကြေညာထားခဲ့ကြောင်း အခမ်းအနားတွင် သံအမတ်ကြီး ဝမ်က ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်၏ လက်ရှိကြုံတွေ့နေရသည့်အခက်အခဲများအား ကျော်လွှားနိုင်ရန် ကူညီသည့်အနေဖြင့် တရုတ်နိုင်ငံသည် အစားအသောက်များ၊ ဆောင်းရာသီအထောက်အပံ့များ၊ ကာကွယ်ဆေးများနှင့် ဆေးဝါးများ အပါအဝင် ယွမ် သန်း ၂၀၀ (အမေရိကန်ဒေါ်လာ ၃၁ သန်း) တန်ဖိုးရှိသော အရေးပေါ်အထောက်အပံ့များ ကိုလည်း ပေးအပ်သွားရန်လုပ်ဆောင်နေကြောင်းသူကဆိုသည်။

သံအမတ်ကြီးဝမ်က ” အာဖဂန်နစ္စတန်နိုင်ငံက အိမ်နီးချင်းကောင်းနိုင်ငံတစ်နိုင်ငံပါ၊  နောက်ပြီး ကျွန်တော်တို့ဟာ အာဖဂန်နစ္စတန်နိုင်ငံနဲ့ မိတ်ဆွေအစစ်အမှန်တွေဖြစ်ကြပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံကိုလည်း ကိုယ်ကျိုးမငဲ့ကွက်ဘဲ ကူညီပေးတာပါ။ အရင်တုန်းကလည်း ကျွန်တော်တို့ ရောဂါစမ်းသပ်ကိရိယာတွေ၊ အကာအကွယ်ဝတ်စုံတွေနဲ့ နှာခေါင်းစည်းတွေ စသဖြင့် အများကြီးပေးလှူခဲ့ပြီးပါပြီ။ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ဟာ အာဖဂန်နိုင်ငံပြည်သူတွေရဲ့ စီးပွားရေးအခက်အခဲနဲ့ လူမှုရေးရာအကြပ်အတည်းတွေအတွက် ကိုယ်ချင်းစာပါတယ်။ ဒါကြောင့်ကျွန်တော်တို့အနေနဲ့ထပ်ပြီးကူညီပေးသွားဖို့ဆန္ဒရှိပါတယ်။ လက်ရှိမှာ တရုတ်နိုင်ငံရဲ့ဗဟိုအစိုးရ ၊ ဒေသန္တရအစိုးရတွေနဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေက အမေရိကန်ဒေါ်လာ သန်း ၄၀ ဝန်းကျင်ရှိတဲ့ အကူအညီအထောက်အပံ့တွေ အာဖဂန်နစ္စတန်နိုင်ငံကို ထောက်ပံ့ကူညီပေးပြီးပါပြီ” ဟု ဆိုသည်။

ဝမ်က “တရုတ်နိုင်ငံသို့ ထင်းရှုးအခွံမားသီးအရေအတွက်များစွာကို တင်သွင်းခွင့်ပြုပြီး အာဖဂန်နစ္စတန်နိုင်ငံရှိ ထင်ရှုးအခွံမာသီးစိုက်ပျိုးသည့် လယ်သမားများ၏ ဝင်ငွေ အမေရိကန်ဒေါ်လာသန်းနှင့်ချီ ရရှိစေရန် အကူအညီပေးနေပါတယ်။ ထို့အပြင် တရုတ်နိုင်ငံအနေဖြင့် အာဖဂန်နစ္စတန်နိုင်ငံအား သွင်းကုန်ထပ်မံတိုးချဲ့ခွင့်ပြုမှာဖြစ်ပြီး ပြည်သူများ၏လူနေမှုဘဝ တိုးတက်စေဖို့ ကူညီပေးသွားမှာ ဖြစ်ပါတယ်” မှတ်ချက်ပြုခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံ ပြည့်သူ့ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး အိုမာကလည်း တရုတ်နိုင်ငံအစိုးရ၏ အာဖဂန်နစ္စတန်အား လှူဒါန်းမှုများနှင့်ကူညီမှုများအပေါ် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။ ယခု ကဲ့သို့ဆိုးဝါးသည့်အခြေအနေ၌ လှူဒါန်းပေးပို့မှုသည် အာဖဂန်နစ္စတန်နိုင်ငံပြည်သူများ အတွက်အလွန်အရေးကြီးကြောင်း ဆိုသည်။

အာဖဂန်နစ္စတန်နိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး အဗ္ဗဒူ ဘာရီအိုမာက”ကျွန်တော်တို့ ဒီပူးပေါင်းဆောင်ရွက်မှုနဲ့ အကူအညီတွေကိုအထူးကျေးဇူးတင်အသိအမှတ်ပြုပါတယ် ၊ ခင်ဗျားတို့သိတဲ့အတိုင်းပါပဲ။ ဒီကနေ့ Sinopharm တံဆိပ် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး အလုံးရေ ၈ သိန်းရောက်တာဟာ အာဖဂန်နစ္စတန်နိုင်ငံပြည်သူတွေအတွက် သိပ်ပြီး အရေးကြီးပါတယ်။ နောက်ပြီး ကျွန်တော်တို့ ဟာ တရုတ်နိုင်ငံအစိုးရရဲ့ အကူအညီတွေနဲ့ အထောက်အပံ့တွေကို တန်ဖိုးထားပါတယ်။

သူတို့ဟာ ကျွန်တော်တို့ပြည်သူတွေကို ထောက်ပံ့ပေးပါတယ်၊ ဒီ ခက်ခဲတဲ့အခြေအနေမှာ ကျွန်တော်တို့ပြည်သူတွေရဲ့ ကျန်းမာရေးကိုလည်းထောက်ပံ့ပေးတာဖြစ်ပါတယ်” ဟုဆိုသည်။

ယခုအကြိမ် Sinopharm ကာကွယ်ဆေး တင်ပို့မှုသည် တရုတ်နိုင်ငံမ ှအာဖဂန်နစ္စတန်နိုင်ငံသို့ COVID-19 ကာကွယ်ဆေး ဒုတိယအကြိမ်လှူဒါန်းပေးပို့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ဇွန်လ၌ တရုတ်နိုင်ငံက လှူဒါန်းသည့် COVID-19 ကာကွယ်ဆေးများကို အာဖဂန်နစ္စတန်နိုင်ငံသို့ ပထမဆုံးအကြိမ် ပေးပို့ ခဲ့ကြောင်းသိရသည်။ (Xinhua)

……………………..

(English Version)

GLOBALink | Afghanistan receives new batch of China-donated Sinopharm vaccines

KABUL, Dec. 9 (Xinhua) — A batch of COVID-19 vaccines donated by the Chinese government arrived in Kabul, the capital of Afghanistan, on Wednesday.

A handover ceremony was held at Kabul international airport, attended by Chinese Ambassador to Afghanistan Wang Yu and deputy minister of Afghanistan’s Public Health Ministry Abdul Bari Omar.

Since the political situation of Afghanistan has changed, China has announced to donate 3 million doses of vaccines and other medical supplies to Afghanistan, Wang said while addressing the ceremony.

In order to help Afghanistan overcome the current difficulties, China is now accelerating the work on 200 million yuan (31 million USD) worth of emergency assistance to Afghanistan, including food, winter supplies, vaccines and medicines, he said.

Wang noted that China is importing a large number of pine nuts that will bring Afghan pine nut farmers with the income reaching hundreds of millions of U.S. dollars. Moreover, China will assist Afghanistan in further expanding its export and the projects that could help improve people’s livelihood.

For his part, Omar expressed his appreciation to the Chinese government for the donation and support provided to Afghanistan. He said the donation is very important for the people of Afghanistan in this critical situation.

This shipment of Sinopharm vaccines is the second Chinese donation of the COVID-19 vaccine to Afghanistan. In June, a batch of China-donated COVID-19 vaccines was handed over to Afghanistan.

Produced by Xinhua Global Service