Connect with us

Politics, Law & Military

ရွေးကောက်ပွဲစနစ် တိုးတက်ကောင်းမွန်အောင်ပြုလုပ်ပြီးနောက် ဟောင်ကောင်ဥပဒေပြုကောင်စီရွေးကောက်ပွဲကို စည်းကမ်းတကျဖြင့် ချောမွေ့စွာ ကျင်းပပြီးစီး

ဟောင်ကောင် ၊ ဒီဇင်ဘာ ၂၀ ရက်(ဆင်ဟွာ)

ဟောင်ကောင်ရွေးကောက်ပွဲစနစ် တိုးတက်ကောင်းမွန်အောင်ပြုလုပ်ပြီးကတည်းက ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်သည့် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) ၏ ဥပဒေပြုကောင်စီ(LegCo) သတ္တမသက်တမ်းအတွက် ရွေးကောက်ပွဲမဲပေးမှုသည် ဒီဇင်ဘာ ၁၄ ရက် ညပိုင်းက အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း သိရသည်။အချို့သောမဲရုံများတွင် နည်းပညာပိုင်းဆိုင်ရာချွတ်ယွင်းမှု အနည်းငယ်ဖြစ်ပေါ်ခဲ့သည့်အတွက် မူလကသတ်မှတ်ထားသော မဲပေးချိန်ထက် နာရီဝက်ပိုနောက်ကျကာ မဲပေးမှုကို ည ၁၁.၀၀ နာရီတွင် အဆုံးသတ်ခဲ့ရသည်။

ဒီဇင်ဘာ ၁၉ ရက်တွင် ကျင်းပသည့် ဟောင်ကောင်ဥပဒေပြုကောင်စီရွေးကောက်ပွဲတွင် မဲပေးရန် တန်စီနေကြသော မဲဆန္ဒရှင်များအား တွေ့ရစဉ်(ဆင်ဟွာ)

“ ဒီနေ့ မဲလာပေးကြတဲ့ ပြည်သူ ၁.၃ သန်းကျော်ကို အထူးပဲကျေးဇူးတင်ပါတယ်” ဟု မဲရုံများ ပိတ်သိမ်းပြီးနောက် ထုတ်ပြန်သော ကြေညာချက်တစ်စောင်တွင် ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းက ဆိုသည်။

“ သူတို့ရဲ့ ဆန္ဒမဲပြားတွေဟာ ဥပဒေပြုကောင်စီ (legCo) အဖွဲ့ဝင်တွေ တင်မြှောက်ဖို့ သူတို့ရဲ့ရွေးချယ်မှုသာမက ရွေးကောက်ပွဲစနစ်တိုးတက်ကောင်းမွန်အောင်မြှင့်တင်ဖို့ အထောက်အပံ့လည်းဖြစ်စေပါတယ် ၊ မဲဆန္ဒရှင်တွေရဲ့ မဲပြားတွေဟာ ဟောင်ကောင်မှာ အရည်အသွေးပြည့်မီပြီး ထိရောက်တဲ့ အုပ်ချုပ်ရေးစနစ်ဖြစ်စေဖို့အတွက် ရောင်ပြန်ဟပ်စေသလို ဒီရွေးကောက်ပွဲကနေ ပြည်သူတွေရဲ့ စားဝတ်နေရေးတိုးတက်ကောင်းမွန်ဖို့နဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ကို ဖော်ဆောင်ခြင်းလည်းဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၁၉ ရက်တွင် ကျင်းပသည့် ဟောင်ကောင်ဥပဒေပြုကောင်စီရွေးကောက်ပွဲသတင်းရယူရန် ရုပ်သံသမားတစ်ဦးက ဟောင်ကောင်ကွန်ဗင်းရှင်း နှင့် ပြပွဲခန်းမရှေ့၌ နေရာယူနေစဉ်(ဆင်ဟွာ)

ဟောင်ကောင်တစ်ဝှမ်းရှိ မဲရုံပေါင်း ၆၀၀ ကျော်သည် ဒီဇင်ဘာ ၁၉ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီ ၃၀ မိနစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ပြည်သူ ၄.၄၇ သန်းက မဲပေးရန် အမည်စာရင်းပေးသွင်းထားကြောင်း သိရသည်။

မဲဆန္ဒရှင်ပြည်သူများသည် ကပ်ရောဂါတိုက်ဖျက်ရေး စည်းမျဉ်းစည်းကမ်းများကို လိုက်နာခဲ့ကြပြီး မဲပေးသည့်နေ့တွင် အစီအစဉ်တကျ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေကာ အဆင်ပြေချောမွေ့စွာ နှင့် ဘေးကင်းစွာဖြင့် မဲပေးခဲ့ကြသည်။

ဒီဇင်ဘာ ၁၉ ရက်တွင် ကျင်းပသည့် ဟောင်ကောင်ဥပဒေပြုကောင်စီရွေးကောက်ပွဲတွင် မဲပေးပြီးသူများ မဲရုံမှ ပြန်လည်ထွက်ခွာလာစဉ်(ဆင်ဟွာ)

ဟောင်ကောင်ပြည်သူများသည် ၎င်းတို့၏ ဆန္ဒမဲကို တန်ဖိုးထားကြသည်။အဘယ်ကြောင့်ဆိုသော် ၎င်းတို့က ပြည်သူများအတွက် ထင်သာမြင်သာရှိသော အကျိုးရလဒ်များ ဆောင်ကြဉ်ပေးရန် နှင့် ဟောင်ကောင်၏ နက်ရှိုင်းစွာ အမြစ်တွယ်နေသည့်ပြဿနာရပ်များအား ဖြေရှင်းပေးရန်အတွက် အရည်အချင်းပြည့်မီသော အကောင်းဆုံးကိုယ်စားလှယ်လောင်းများကိုသာ ရွေးချယ်ရန် လိုလားနေကြခြင်းဖြစ်ကြောင်း အသက် ၃၀ နှစ်အရွယ် Leung ဟု အမည်ရသည့် အမျိုးသားတစ်ဦးက St. Andrew’s Catholic မူလတန်းကျောင်းမဲရုံပြင်ပတွင် ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၁၉ ရက်တွင် ကျင်းပသည့် ဟောင်ကောင်ဥပဒေပြုကောင်စီရွေးကောက်ပွဲ၏ မဲရုံတစ်ခုဖြစ်သည့် ဟောင်ကောင်ကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာထဲတွင် ဝန်ထမ်းများ လုပ်ကိုင်ဆောင်ရွက်နေကြစဉ်(ဆင်ဟွာ)

“ ဟောင်ကောင်ဟာ ကာလကြာရှည် ပြဿနာဟောင်းများစွာနဲ့ ခက်ခဲရှုပ်ထွေးနေခဲ့ရပါတယ် ၊ အတိတ်ကဆိုရင် ဥပဒေပြုကောင်စီ LegCo ဟာဖျက်လိုဖျက်ဆီး အနှောင့်အယှက်အဟန့်အတားတွေနဲ့ ကြုံတွေ့ခဲ့ရပြီး ဘာမှ မလုပ်နိုင်မကိုင်အောင် ဖြစ်ခဲ့ရတယ် ။ အဲဒီအတွက် ပြည်သူတွေဟာလည်း အချိန်အကြာကြီး ပင်းပန်းဆင်းရဲခဲ့ရတယ်။ ဒီရွေးကောက်ပွဲဟာ အလှည့်အပြောင်းတစ်ခုဖြစ်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်” ဟု Leung က ဆိုသည်။

၂၀၂၁ ခုနှစ် မတ် ၃၀ ရက်က တရုတ်နိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက်၏ အမြဲတမ်းကော်မတီက ဟောင်ကောင် အခြေခံဥပဒေအား ပြင်ဆင်သည့် ပူးတွဲ- ၂ ကို အတည်ပြုပြဌာန်းခဲ့ပြီး ယင်းတွင် ဥပဒေပြုကောင်စီ(LegCo) ဖွဲ့စည်းရေး နည်းစနစ်သစ် အသေးစိတ် စည်းမျဉ်းစည်းကမ်းများကို သတ်မှတ်ခဲ့ရာ “နိုင်ငံအား ချစ်မြတ်နိုးသူ ဟောင်ကောင်ဒေသအား စီမံအုပ်ချုပ်ခြင်း” ဟူသည့် စကားရပ်ကို ထည့်သွင်းဖော်ပြခဲ့သည်။ ထို့ပြင် ဟောင်ကောင်ဥပဒေပြုကောင်စီ၏ သတ္တမအကြိမ်သက်တမ်းတွင် ပါဝင်မည့် အဖွဲ့ဝင်အရေအတွက်ကိုလည်း ၇၀ ဦးမှ ၉၀ ဦးထိ တိုးမြှင့်ခဲ့သည်။

ရွေးကောက်ပွဲကော်မတီမဲဆန္ဒနယ်တွင် အမတ်နေရာ ၄၀ အတွက် ကိုယ်စားလှယ်လောင်း ၅၁ ဦး ၊ လုပ်ငန်းရေးရာ မဲဆန္ဒနယ်တွင် အမတ်နေရာ ၃၀ ဦးအတွက် ကိုယ်စားလှယ်လောင်း ၇၆ ဦး နှင့် ပထဝီမြေပြင်ရေးရာ မဲဆန္ဒနယ်တွင် အမတ်နေရာ ၂၀ ဦးအတွက် ကိုယ်စားလှယ်လောင်း ၃၅ ဦး အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံညီလာခံ၏ အမျိုးသားကော်မတီ(CPPCC) ဒုတိယဥက္ကဌ Leung Chun-ying သည် ဟောင်ကောင် ကွန်ဗင်းရှင်း နှင့် ပြပွဲစင်တာရှိ မဲရုံ၌ ၎င်း၏ ဆန္ဒမဲကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ထည့်ဝင်ခဲ့သည်။

ဆန္ဒမဲများသည် ဉာဏ်ပညာ နှင့် အရည်အချင်းရှိသူကို ရွေးချယ်ပေးရုံမျှသာမက ယခင်က ရပ်တံ့နေခဲ့ရသော ၊ ထိရောက်မှုမရှိသော ဥပဒေပြုကောင်စီ (LegCo) နှင့် အချို့သောဖျက်လိုဖျက်ဆီးအဖွဲ့ဝင်များ ထပ်မံအရွေးခံရခြင်းမရှိစေရန် “no” အဖြစ် ဖယ်ရှားပေးခြင်း လည်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဥပဒေပြုကောင်စီအဖွဲ့ဝင်သစ်များသည် “နိုင်ငံအား ချစ်မြတ်နိုးသူ ဟောင်ကောင်ဒေသအား စီမံအုပ်ချုပ်ခြင်း” ဟူသည့် အခြေခံစည်းမျဉ်းနှင့်အတူ ရပ်တည်နေသူများ နှင့် ဟောင်ကောင်၏ ပိုမိုဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ပေးမည့် ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြုသူများအဖြစ် ၎င်းက ယုံကြည်ထားသည်။

ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းသည် Raimondi ကောလိပ်ရှိ မဲရုံ၌ ဒီဇင်ဘာ ၁၉ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် လာရောက်မဲထည့်ခဲ့သည်။
ရွေးကောက်ပွဲ မဲပေးခြင်းသည် ဟောင်ကောင်၏ အနာဂတ် နှင့်တိုးတက်ကောင်းမွန်သော ရွေးကောက်ပွဲစနစ်အတွက် ယုံကြည်မှုတစ်ခုဖြစ်ကြောင်း နှင့် ဟောင်ကောင်ဒေသ၏ ရေရှည်ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေးအတွက် လမ်းခင်းပေးလိမ့်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဟောင်ကောင်အစိုးရအဖွဲ့အတွင်းရေးမှူးချုပ် John Lee က Yaumati Kaifong တွဲဖက်ကျောင်းတွင် ဖွင့်လှစ်ထားသည့် မဲရုံ၌ မဲပေးခဲ့သည်။
ရွေးကောက်ပွဲသည် ဟောင်ကောင်အတွက်အမှန်တကယ်အလုပ်လုပ်ပေးမည့် ၊ ဟောင်ကောင်အကျိုးစီးပွားကို ဖော်ဆောင်ပေးမည့် ဥပဒေပြုအမတ်များကို ရွေးချယ်ပေးလိမ့်မည်ဖြစ်ကာ “နိုင်ငံခြားအေဂျင့်များ”ဖြစ်သွားပြီး ဟောင်ကောင်ကို သစ္စာဖောက်ကြမည့်သူများ မဟုတ်ကြောင်း ၎င်းကဆိုသည်။

ဘဏ္ဍာရေးဌာန အတွင်းဝန် Paul Chan နှင့် တရားရေးဌာန အတွင်းဝန် Teresa Cheng တို့ကလည်း ၎င်းတို့၏ ဆန္ဒမဲများကို အသီးသီးလာရောက်ထည့်ခဲ့ကြသည်။ ကိုယ်စားလှယ်လောင်းများသည် မတူညီသောနောက်ခံ အမျိုးအမျိုးမှ လာရောက်ခဲ့ကြသူများဖြစ်ရာ မတူညီသောအသံများကို ပိုမိုကြားသိခွင့်ရတော့မည်ဖြစ်ကြောင်း ၊ ထို့ကြောင့် ဟောင်ကောင်အစိုးရအနေဖြင့် ဟောင်ကောင်၏ အားလုံးသောအကျိုးစီးပွားများအတွက် ပိုမိုကောင်းမွန်သော အုပ်ချုပ်ရေး ယန္တရားကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

ဟောင်ကောင်းအစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် ပြည်မကြီးရေးရာဌာန အတွင်းဝန် Erick Tsang ၊ လုံခြုံရေးဌာန အတွင်းဝန် Chris Tang နှင့် ဟောင်ကောင်ရွေးကောက်ပွဲရေးရာကော်မရှင်ရုံးဥက္ကဌ Fung Wah တို့သည် တနင်္ဂနွေနေ့က မဲရုံများကို သွားရောက်ကြည့်ရှုလေ့လာခဲ့ကြပြီး ပြည်သူများအား တက်ကြွစွာ မဲပေးကြရန် တိုက်တွန်းပြောကြားခဲ့သည်။

LegCo သည် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ၏ ဥပဒေပြုကောင်စီဖြစ်သည်။ဥပဒေပြုကောင်စီအမိန့်အရ ကောင်စီအမှုဆောင်အရာရှိချုပ်သည် ဟောင်ကောင်၏ သတ္တမသက်တမ်း ဥပဒေပြုကောင်စီကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် စတင်တာဝန်ယူသွားရမည်ဖြစ်သည်။ ဥပဒေပြုကောင်စီ၏ သက်တမ်းမှာ ၄ နှစ်ဖြစ်ကြောင်း သိရသည်။ (Xinhua)

————————————————-
(English Version)

Xinhua Headlines: Hong Kong holds LegCo election in smooth, orderly way after electoral improvement

HONG KONG, Dec. 19 (Xinhua) — Polls closed late Sunday in the election for the seventh-term Legislative Council (LegCo) of the Hong Kong Special Administrative Region (HKSAR), the first since improvement to the HKSAR electoral system.

Voting ended at around 11:00 p.m. local time (1500 GMT), about half an hour later than originally scheduled due to technical glitches at some polling stations.
“I want to express my sincere thanks to the more than 1.3 million voters who cast their ballots today,” HKSAR Chief Executive Carrie Lam said in a statement after the polls closed.
“Their votes are not only to elect the LegCo members of their choice, but also to support the improved electoral system. The votes also reflect their expectation for the HKSAR to enhance the effectiveness of its administration, and through this, to develop the economy and improve people’s livelihood,” she said.

More than 600 polling stations opened at 8:30 a.m. local time (0030 GMT) on Sunday across Hong Kong for 4.47 million registered electors to cast their votes. Voters followed anti-epidemic measures and practiced social distancing on a polling day that was orderly, smooth and safe.

Hong Kong people value their votes because they want to elect qualified representatives who are good at bringing tangible benefits for the people and solving Hong Kong’s deap-seated problems, said a man in his 30s, who only identified himself as Leung outside the polling station at St. Andrew’s Catholic Primary School.

“Hong Kong has been mired in many old problems for a long time. In the past, the LegCo was disrupted by filibustering and unable to do anything, and people have long been tired of it. I hope this election will be a gamechanger,” Leung said.

On March 30, 2021, the Standing Committee of the National People’s Congress adopted the amended Annex II to the Basic Law of the HKSAR, which sets out in detail the new methods for forming the LegCo to better implement the principle of “patriots administering Hong Kong.” The membership of the seventh term of the HKSAR LegCo will increase from 70 to 90.
In the Election Committee constituency, 51 candidates vied for 40 seats, in the functional constituencies, 67 candidates contested for 30 seats, and in the geographical constituencies, 35 candidates competed for 20 seats.

Leung Chun-ying, vice chairman of the National Committee of the Chinese People’s Political Consultative Conference (CPPCC), cast his ballot at the polling station at the Hong Kong Convention and Exhibition Center.

He said the votes would be significant not only in selecting the wise and capable, but also serving as a “no” to the previously stagnant, inefficient LegCo and some of its filibustering members.

He believed that the composition of the new LegCo will be in line with the principle of “patriots administering Hong Kong” and is broadly representative, which is conducive to the better development of Hong Kong.

HKSAR Chief Executive Carrie Lam cast her vote at 9:00 a.m. local time (0100 GMT) at the Raimondi College polling station.
Calling the election a vote of confidence for the improved electoral system and the future of the HKSAR, she said it will pave the way for safeguarding Hong Kong’s long-term peace and stability.

John Lee, chief secretary for administration of the HKSAR government, voted at the Yaumati Kaifong Association School polling station.
He said this election will elect legislators who will do real work for Hong Kong, serve the interests of Hong Kong, and will not betray Hong Kong by becoming “foreign agents.”
Financial Secretary Paul Chan and Secretary for Justice Teresa Cheng also cast their ballots. They said the very diverse background of the candidates is conducive to making more diverse voices heard, so that the HKSAR government can better promote good governance for the overall interests of Hong Kong.
Secretary for Constitutional and Mainland Affairs of the HKSAR government Erick Tsang, Secretary for Security Chris Tang and Chairman of the HKSAR Electoral Affairs Commission Fung Wah visited polling stations on Sunday and urged the public to vote actively.
The LegCo is the legislature of the HKSAR. The Chief Executive in Council, in accordance with the Legislative Council Ordinance, has specified Jan. 1, 2022 as the commencement date of the seventh-term LegCo of the HKSAR.
The term of office of the LegCo is four years.

1- Chief Executive of China’s Hong Kong Special Administrative Region (HKSAR) Carrie Lam casts vote in south China’s Hong Kong, Dec. 19, 2021. (Xinhua/Lui Siu Wai)
2- Voters wait to cast ballot at a polling station in Wan Chai of Hong Kong, south China, Dec. 19, 2021. (Xinhua/Wu Xiaochu)
3- A staff member debugs devices at the media center of the Hong Kong Convention and Exhibition Center in Hong Kong, south China, Dec. 19, 2021. (Xinhua/Li Gang)
4- Voters leave a polling station after casting ballot in Tsuen Wan of Hong Kong, south China, Dec. 19, 2021. (Xinhua/Lo Ping Fai)
5- Staff members are seen at the counting station of the Hong Kong Convention and Exhibition Center in Hong Kong, south China, Dec. 19, 2021. (Xinhua/Li Gang)