Connect with us

Politics, Law & Military

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ သတင်းနှင့်ပြန်ကြားရေးရုံးက 《”တစ်နိုင်ငံ စနစ်နှစ်မျိုး”ဖြင့် ဟောင်ကောင်၏ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေး》 စက္ကူဖြူစာတမ်း ထုတ်ပြန်

ပေကျင်း၊ ဒီဇင်ဘာ ၂၀ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ သတင်းနှင့်ပြန်ကြားရေးရုံးက 《”တစ်နိုင်ငံ စနစ်နှစ်မျိုး”ဖြင့် ဟောင်ကောင်၏ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေး》 စက္ကူဖြူစာတမ်းကို ဒီဇင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ဟောင်ကောင်အထူးဒေသ ဒီမိုကရေစီ၏ ဖြစ်ပေါ်မှုနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်စဉ်များကို ဘက်စုံ သုံးသပ်မှု ပြုလုပ်၍ ဗဟိုအစိုးရက ဟောင်ကောင်အထူးဒေသ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေး၏ ရပ်တည်ချက်အခြေခံမူကို ထပ်ဆင့် ရှင်းလင်းဖော်ပြခဲ့သည်။

စက္ကူဖြူစာတမ်းတွင် ဟောင်ကောင်သည် ဗြိတိသျှကိုလိုနီအုပ်ချုပ်မှုအောက်တွင် ယုံကြည်ဖွယ်ရာ “ ဒီမိုကရေစီဆိုတာ မရှိခဲ့”ထောက်ပြရေးသားထားသည်။ တရုတ်နိုင်ငံ အစိုးရက ဟောင်ကောင်၏ အချုပ်အခြာအာဏာအား ပြန်လည်ကျင့်သုံး၍ “တစ်နိုင်ငံ စနစ်နှစ်မျိုး” မူအား အကောင်အထည်ဖော် ဆောင်ရွက်ပြီး ဟောင်ကောင်အထူးဒေသ၏ ဒီမိုကရေစီစနစ်ကို တည်ဆောက်ခဲ့သလို လက်တွေ့ အဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အားပေးထောက်ခံမှုများ ပြုခဲ့ကြောင်း ၊ တရုတ်ကွန်မြူနစ်ပါတီနှင့် တရုတ်နိုင်ငံအစိုးရက ဟောင်ကောင်ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးကို တည်ဆောက်သည့် သန္နိဋ္ဌာန်၊ စိတ်ရင်းစေတာအမှန်နှင့်ကြီးမားသည့် ကြိုးပမ်းမှုများက ပြောင်းလဲမှုမရှိတည်တံ့နေသည်ကို လက်တွေ့တွင် သိသာထင်ရှားစွာတွေ့မြင်နိုင်ကြောင်း ဖော်ပြထားသည်။

တရုတ်နိုင်ငံ နိုင်ငံတော်အလံနှင့် တရုတ်နိုင်ငံ ဟောင်ကောင်အထူးဒေသ အလံအား တွေ့ရစဉ်(ဆင်ဟွာ)

ယခုနှစ်ပိုင်းများတွင် တရုတ်နိုင်ငံဆန့်ကျင်ရေး၊ ဟောင်ကောင် ရှုပ်ထွေးရေး ဆောင်ရွက်နေသည့် အင်အားစုများက “ဆေးရောင်ဆိုး တော်လှန်ရေး(Colour revolution)” လုပ်ဆောင်ရန် ရည်ရွယ်ဆောင်ရွက်မှုများရှိခဲ့ရာ “တစ်နိုင်ငံ စနစ်နှစ်မျိုး” နောက်ဆုံးစည်းမျဉ်းကို စိန်ခေါ်ခြင်း၊ အထူးဒေသ၏ ဖွဲ့စည်းပုံအခြေခံဥပဒေစနစ်ကို တိုက်ခိုက်ခြင်း၊ ဟောင်ကောင်၏တရားဥပဒေစိုးမိုးရေးကို ဖျက်ဆီးခြင်းများ ပြုလုပ်ပြီး၊ အမျိုးသားလုံခြုံရေးကို ထိခိုက်စေခြင်း၊ ဟောင်ကောင်ဒေသ စည်ပင်သာယာဝပျောရေးနှင့်တည်ငြိမ်ရေးကို ဖျက်ဆီးသည့် လှုပ်ရှားမှုအမျိုးမျိုးလုပ်ဆောင်ခဲ့ကြောင်း စက္ကူဖြူစာတမ်းတွင် ရေးသားထားသည်။ လက်တွေ့တွင် တရုတ်နိုင်ငံဆန့်ကျင်ရေး၊ ဟောင်ကောင်ရှုပ်ထွေးရေးဆောင်ရွက်နေသည့် အင်အားစုနှင့် ၎င်းနောက်ကွယ်က ပြည်ပ ရန်လိုအင်အားစုများသည် ဟောင်ကောင်အထူးဒေသ ဒီမိုကရေစီ ရှေ့ဆောင် ဖွံ့ဖြိုးတိုးတက်ရေးကို ဟန့်တားသည့် လက်သည်သာဖြစ်သည်ကို သက်သေအထပ်ထပ်ပြုပြီး ဖြစ်ကြောင်း ဆိုသည်။

တရုတ်ကွန်မြူနစ်ပါတီနှင့်ဗဟိုအစိုးရက အခြေအနေနှင့်အချိန်အခါကို လေ့လာသုံးသပ်မှုပြုပြီးနောက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အခြေခံဥပဒေအရ ကောင်းမွန် ပြည့်စုံသည့် ဟောင်ကောင်အထူးဒေသ ဘက်စုံစီမံအုပ်ချုပ်ခွင့် ကျင့်သုံးခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အခြေခံဥပဒေနှင့်အတူ သက်ဆိုင်ရာစနစ် ယန္တရားများ၏ အရေးကြီးဆုံးဖြတ်ချက်များကို ပြည့်စုံကောင်းမွန်အောင် ဆောင်ရွက်ခဲ့ကြောင်း၊ ဟောင်ကောင်အထူးဒေသ အမျိုးသားလုံခြုံရေးအား ထိန်းသိမ်းကာကွယ်သည့် ဥပဒေနှင့်အကောင်အထည်မှုစနစ်များ ပြည့်စုံစွာ တည်ဆောက်ခြင်း၊ ဟောင်ကောင်အထူးဒေသ ရွေးကောက်ပွဲစနစ်အား ပြီးပြည်စုံအောင် တွန်းအားပေး ဆောင်ရွက်ခြင်းဖြင့် “နိုင်ငံအား ချစ်မြတ်နိုးသူ ဟောင်ကောင်ဒေသအား စီမံအုပ်ချုပ်ခြင်း”မူကို ခိုင်မာစွာ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း စက္ကူဖြူစာတမ်းတွင် ဖော်ပြထားသည်။

ထိုသို့သော အရင်းအမြစ်မှ ပြောင်းလဲစီမံဆောင်ရွက်မှုများသည် ဟောင်ကောင်၏အခြေအနေအား ရှုပ်ထွေးရာမှ စနစ်တကျစီမံအုပ်ချုပ်မှုသို့ ကြီးမားသည့်အပြောင်းအလဲဖြစ်လာစေရန် တွန်းအားဖြစ်စေခဲ့သလို ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ ဒီမိုကရေစီဖွံ့ဖြိုးတိုးရေး လမ်းကြောင်းမှန်သို့ရောက်ရှိအောင် ပြန်လည် တည့်မတ်ရာတွင် တွန်းအားဖြစ်စေခဲ့ကြောင်း ဖော်ပြထားသည်။

ဟောင်ကောင်အထူးဒေသ၏ ဒီမိုကရေစီ ကောင်းမွန်ပြည်စုံစွာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခဲ့ရာတွင် ဟောင်ကောင်ဒေသနေပြည်သူများ၏ ဒီမိုကရေစီ အခွင့်အရေးအာမခံမှုရှိစေရေး၊ ကောင်းမွန်သည့်စီမံအုပ်ချုပ်မှုများ ဖော်ဆောင်ရေး၊ ဟောင်ကောင်ဒေသ ရေရှည် စည်ပင်သာယာဝပျော်ရေးနှင့်တည်ငြိမ်ရေး၊ ရေရှည်တည့်တံ့သည့် ငြိမ်းချမ်းမှုရှိစေရေးအတွက် လေးနက်သည့်အဓိပ္ပါယ်ရှိကြောင်း စက္ကူဖြူစာတမ်းတွင် ရေးသားထားသည်။ “တစ်နိုင်ငံ စနစ်နှစ်မျိုး”သည် ဟောင်ကောင်အထူးဒေသ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးအတွက် အရင်းခံသည့် အာမခံချက်ဖြစ်ကြောင်း၊ “တစ်နိုင်ငံ စနစ်နှစ်မျိုး” ရေရှည်တည်ငြိမ်စွာ အကောင်အထည်ဖော်ကျင့်သုံးရန်၊ ဟောင်ကောင်ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေး ဆက်လက်တွန်းအားပေးဆောင်ရွက်ရန် အာမခံမှုတွင် “နိုင်ငံအား ချစ်မြတ်နိုးသူ ဟောင်ကောင်ဒေသအား စီမံအုပ်ချုပ်ခြင်း”မူကို ခိုင်မာစွာ အပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ “တစ်နိုင်ငံ စနစ်နှစ်မျိုး”မူနှင့် အခြေခံဥပဒေအရ ဟောင်ကောင်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ သမိုင်းစသည်တို့နှင့်ကိုက်ညီသည့် ဟောင်ကောင်ဒေသ ဝိသေသလက္ခဏာရှိသော ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ်ကို ရှာဖွေရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

တရုတ်ကွန်မြူနစ်ပါတီနှင့်တရုတ်နိုင်ငံအစိုးရ၏ ကြီးမြတ်သည့်ရှေ့ဆောင်မှုဖြစ်သည့် “တစ်နိုင်ငံ စနစ်နှစ်မျိုး”မူကို ဟောင်ကောင်တွင် အကောင်အထည်ဖော်ဆောင်ရာ၌ အောင်မြင်မှုကြီးများ ရရှိခဲ့ပြီဖြစ်ရာ အားကောင်းသည့်ရှင်သန်စွမ်းအားနှင့်စနစ်၏ခံနိုင်ရည်စွမ်းအားကို ပေါ်လွင်စေခဲ့ကြောင်း စက္ကူဖြူစာတမ်းတွင် ဖော်ပြထားသည်။
တရုတ်ကွန်မြူနစ်ပါတီနှင့် တရုတ်နိုင်ငံအစိုးရတွင် ဆိုရှယ်လစ်စနစ်ကျင့်သုံးသည့် ပြည်မကြီးကို ကောင်းမွန်စွာ စီမံခန့်ခွဲ တည်ဆောက်နိုင်သလို အရင်းရှင်စနစ်ကျင့်သုံးသည့် ဟောင်ကောင်ဒေသကိုလည်း ကောင်းမွန်စွာ စီမံခန့်ခွဲတည်ဆောက်နိုင်သည့်အပြင် ဟောင်ကောင်အထူးဒေသအား လက်တွေ့အခြေအနေနှင့်လျော်ညီသည့် ဒီမိုကရေစီကို ကောင်းမွန်စွာတည်ဆောက်နိုင်၊ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်သည့် ယုံကြည်ချက်၊ဉာဏ်ပညာနှင့်စွမ်းရည် ရှိကြောင်း ရေးသားထားသည်။

စက္ကူဖြူစာတမ်းတွင် ဟောင်ကောင်အထူးဒေသသည် ရှုပ်ထွေးမှုများအား တွန်းလှန်၍ မှန်ကန်သည့်လမ်းကြောင်းကိုပြန်လည်ရောက်ရှိခြင်း၊ စီမံအုပ်ချုပ်မှုမှ ဖွံ့ဖြိုးတိုးတက်ခြင်း ကဏ္ဍသစ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဖော်ပြထားသည်။
နိုင်ငံရေး ဒီမိုကရေစီရှိခြင်း၊ တရားဥပဒေစိုးမိုးမှုပြည့်စုံခြင်း၊ လွတ်လပ်စွာ တံခါးဖွင့်လှစ်မှုရှိခြင်း၊ အားလုံပါဝင်သော သဟဇာတဖြစ်မှုရှိခြင်း၊ စည်ပင်သာယာဝပျောခြင်းနှင့်တည်ငြိမ်မှုရှိခြင်း၊ အမိနိုင်ငံအား ရင်ဝယ်ပိုက် နှလုံးသွင်းထားရှိခြင်း၊ ကမ္ဘာ့ကိုမျက်နှာမူခြင်းရှိသည့် ဟောင်ကောင်၏ ပိုမိုကောင်းမွန်သည့် အခြေအနေကို ကမ္ဘာမျက်နှာစာတွင် တွေ့မြင်ရမည်ဖြစ်ပြီး “တစ်နိုင်ငံ စနစ်နှစ်မျိုး” ဟောင်ကောင်ဒေသ၌ ဖော်ဆောင်မှုသည် ပိုမိုကြီးမားသည့် အောင်မြင်မှုကို ရရှိမည် ဖြစ်ကြောင်း ရေးသားထားသည်။ (Xinhua)

————————————————-
(Chinese Version)

国务院新闻办发表《“一国两制”下香港的民主发展》白皮书
2021-12-20 10:23:30
《“一国两制”下香港的民主发展》白皮书。新华社记者 吴凯翔 摄
新华社北京12月20日电 国务院新闻办公室20日发表《“一国两制”下香港的民主发展》白皮书,全面回顾香港特别行政区民主的产生和发展历程,进一步阐明中央政府对香港特别行政区民主发展的原则立场。

白皮书指出,香港在英国殖民统治之下没有民主可言。中国政府对香港恢复行使主权,实行“一国两制”方针,创建了香港特别行政区的民主制度,并在实践中支持其不断发展完善。中国共产党和中国政府建立发展香港民主的决心、诚意以及付出的巨大努力一以贯之,有目共睹。
白皮书说,近年来,反中乱港势力以夺取特区管治权、实施“颜色革命”为目的,挑战“一国两制”原则底线,冲击特区宪制秩序,破坏香港法治,进行危害国家安全、损害香港繁荣稳定的各种活动。事实一再表明,反中乱港势力及其背后的外部敌对势力是阻碍香港特别行政区民主向前发展的罪魁祸首。

白皮书指出,中国共产党和中央政府审时度势,作出健全依照宪法和基本法对特别行政区行使全面管治权、完善同宪法和基本法实施相关制度机制的重大决策,推动建立健全香港特别行政区维护国家安全的法律制度和执行机制,完善香港特别行政区选举制度,坚定落实“爱国者治港”原则。这一系列标本兼治的举措,推动香港局势实现由乱到治的重大转折,推动香港特别行政区民主发展重新回到正确轨道。

白皮书指出,发展完善香港特别行政区的民主,对保障香港居民民主权利、实现良政善治、确保香港长期繁荣稳定和长治久安具有重大意义。“一国两制”为香港特别行政区民主发展提供了根本保障。确保“一国两制”实践行稳致远,继续推动香港民主发展,必须坚决贯彻落实“爱国者治港”原则。必须按照“一国两制”方针和基本法,切合香港的政治、经济、社会、文化、历史等条件,探索具有香港特色的民主发展道路。

白皮书说,作为中国共产党和中国政府的伟大创举,“一国两制”在香港的实践已经取得巨大成功,显现出强大生命力和制度韧性。中国共产党和中国政府有信心、有智慧、有能力,既把实行社会主义制度的内地管理好、建设好,也把实行资本主义制度的香港管理好、建设好,并把符合香港特别行政区实际情况的民主建设好、发展好。

白皮书指出,香港特别行政区正迎来拨乱反正、由治及兴的新阶段。一个政治民主、法治健全、自由开放、包容和谐、繁荣稳定、胸怀祖国、面向世界的香港必将更好地呈现在世人面前,“一国两制”在香港的实践必将取得更大成功。