Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၌ ငလျင်များလှုပ်ခတ်ပြီးနောက် လူနေအိမ် ၁,၈၆၂ လုံး ပျက်စီး

ဂျကာတာ ၊ အောက်တိုဘာ ၂၀ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ၌ အောက်တိုဘာ ၁၆ ရက်က ၄ ဒသမ ၈ နှင့် ၃ ဒသမ ၈ အဆင့်ရှိ မြေငလျင်များ လှုပ်ခတ်ခဲ့ခြင်းကြောင့် ဘာလီအပန်းဖြေကျွန်းရှိ လူနေအိမ် ၁,၈၆၂ လုံးထက်မနည်း ပျက်စီးခဲ့ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအေဂျင်စီ(BNPB)က အောက်တိုဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။အဆိုပါ ပျက်စီးမှု ဖြစ်ပေါ်ခဲ့သည့် လူနေအိမ် ၁,၈၆၂ လုံးအနက် ၆၁၇ လုံးမှာ ပြင်းထန်စွာ ပျက်စီးခဲ့ပြီး ၁,၂၀၃ လုံးမှာ အနည်းငယ် ပျက်စီးသွားခဲ့ကြောင်း နှင့် ၄၂ လုံးမှာမူ အသင့်အတင့်ပျက်စီးမှု ရှိခဲ့ကြောင်း BNPB ၏ ပြောရေးဆိုခွင့်ရှိသူ Abdul Muhari က ပြောကြားခဲ့သည်။

လမ်းမတစ်ချို့မှာ ကျောက်တုံးများ ပြိုကျမှုကြောင့် ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့သော်လည်း အလုပ်သမားများက မြေတူးစက်များ အသုံးပြု၍ ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဘာလီကျွန်း၌ အောက်တိုဘာ ၁၆ ရက် အစောပိုင်းက ၄ ဒသမ ၈ ပမာဏရှိသော မြေငလျင် လှုပ်ခတ်ခဲ့ပြီး ၃ ဒသမ ၈ အဆင့်ရှိ နောက်ဆက်တွဲ မြေငလျင်လည်း ထပ်မံလှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။

အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအေဂျင်စီ(BNPB) ၏ မှတ်တမ်းအရ ငလျင်လှုပ်ခတ်ခြင်းများကြောင့် လူ ၃ ဦး သေဆုံးကာ ၈ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း နှင့် ၇၄ ဦးမှာ အနည်းငယ်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

—–i—————————————–
(English Version)
1,862 houses damaged after earthquakes in Indonesia’s Bali
JAKARTA, Oct. 19 (Xinhua) — Indonesia’s National Disaster Management Agency (BNPB) said on Tuesday that at least 1,862 houses in the resort island of Bali were damaged by earthquakes measuring 4.8 and 3.8 magnitude last Saturday.
Of the 1,862 houses, BNPB’s spokesman Abdul Muhari said 617 were severely damaged, 1,203 were lightly damaged and 42 were moderately damaged.
Some roads were cut off by rock slides but workers have cleared most of them using excavators.
A 4.8-magnitude earthquake rocked Bali early Saturday, followed by an aftershock measuring 3.8.
BNPB recorded that three people died, eight were seriously injured and 74 others were slightly injured. Enditem
Photo – Photo provided by Indonesia’s National Disaster Management Agency (BNPB) shows people evacuating victims after a 4.8-magnitude quake and landslide hit Bali, in Indonesia, Oct. 16, 2021. Three people were killed and seven others suffered broken bones with another one still buried under rubbles of a building after a 4.8-magnitude quake damaged houses in Indonesia’s resort island of Bali early Saturday. (BNPB/Handout via Xinhua)