Connect with us

Media

အင်ဒိုနီးရှားနှင့်မလေးရှားတို့က AUKUS နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော တည်ဆောက်မည့် အရေးစိုးရိမ်ပူပန်ကြောင်းထုတ်ပြန်

ဂျကာတာ၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံနှင့် မလေးရှားနိုင်ငံတို့သည် ဩစတြေးလျနိုင်ငံ၏ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများ တည်ဆောက်မည့် ဆုံးဖြတ်ချက်အပေါ် စိုးရိမ်မှုရှိကြောင်း၊ ထိုလုပ်ဆောင်ချက်သည် ဒေသတွင်း ပါဝါဖြန့်ကျက်မှု နှင့် တင်းမာမှုများ မြင့်တက်လာနိုင်ဖွယ်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က ဂျကာတာသို့လာရောက်သည့်ခရီးစဉ်အတွင်း ပြီးခဲ့သည့်တနင်္လာနေ့က ပြုလုပ်ခဲ့သော ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ အဆိုပါ ထုတ်ပြန်ချက် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။

“ဒါဟာ အာဆီယံနဲ့ တောင်တရုတ်ပင်လယ်ဒေသဆီ အခြားအင်အားကြီးနိုင်ငံတွေကို ပိုပြီးမကြာခဏ ဆွဲဆောင်လာနိုင်ဖွယ်ရှိပါတယ်” ဟု ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးဖြစ်သူ Saifuddin Abdullah က ဆိုသည်။

အလားတူပင် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi ကလည်း ဒေသတွင်း တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးအခြေအနေကို ထိန်းသိမ်းရန် နှစ်နိုင်ငံသဘောတူညီမှုရရှိထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဒါကြောင့်မိမိတို့အနေနဲ့ အာဆီယံ စည်းလုံးညီညွတ်မှုကို ခိုင်မြဲစေဖို့ နှင့် ဗဟိုပြုဖို့ ကတိကဝတ်ပြုခဲ့ကြပြီး တစ်ချိန်တည်းမှာပင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအားလုံးကို ဒေသတွင်း လူမှုဖူလုံရေး၊ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကိုဖော်ဆောင်ဖို့ တိုက်တွန်းထားပါတယ်” ဟု ဆိုသည်။

သြစတြေးလျ၊ ဗြိတိန်နှင့် အမေရိကန်နိုင်ငံတို့က စက်တင်ဘာလအတွင်း သုံးနိုင်ငံ လုံခြုံရေးမိတ်ဖက် ပူးပေါင်းဆောင်ရွက်မှုအသစ် (AUKUS) ကို ကြေညာခဲ့ပြီး ပထမဦးစားပေးအဖြစ် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောအား ဩစတြေးလျနိုင်ငံထံ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………..
(English Version)
GLOBALink | Indonesia, Malaysia express concerns over AUKUS nuclear submarine deal
JAKARTA, Oct. 19 (Xinhua) — Indonesia and Malaysia expressed their concerns over Australia’s decision to acquire nuclear-powered submarine, seeing the step will escalate power projection and tension in the region.
The statement was made on Monday in a joint press conference during the visit of Malaysian Foreign Minister Saifuddin Abdullah to Jakarta.
“This may draw other powers to visit ASEAN and the South China Sea regions more frequently,”  said Malaysian Foreign Minister Saifuddin Abdullah.
Meanwhile, Indonesia Foreign Minister Retno Marsudi said both countries agree to maintain a stable and peaceful situation in the region.
Australia, Britain and the United States announced a new security partnership known as AUKUS in September, under which the first initiative is the delivery of a nuclear-powered submarine fleet to Australia by the other two.
Produced by Xinhua Global Service