Connect with us

North America

အမေရိကန်တပ်ဖွဲ့များ စေလွှတ်ပေးရန် ဟေတီနိုင်ငံ၏ တောင်းဆိုမှုအပေါ် သုံးသပ်နေဆဲဖြစ်ကြောင်း အိမ်ဖြူတော်ပြောကြား

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့ အိမ်ဖြူတော်၌ ဇွန် ၈ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် အိမ်ဖြူတော် သတင်းပြန်ကြားရေးမှူး Jen Psaki က ရှင်းလင်း ဖြေကြားနေစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဇူလိုင် ၁၃ ရက်(ဆင်ဟွာ)

သမ္မတဂျိုဗီနယ်လ်မော်စီ လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် နိုင်ငံအတွင်း ယိုးယွင်နေသော အခြေအနေအား ထိန်းသိမ်းရာ၌ အမေရိကန်တပ်ဖွဲ့ဝင်များ ဝင်ရောက် ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် ဟေတီနိုင်ငံ၏ တောင်းဆိုမှုအပေါ် စဉ်းစားသုံးသပ်နေဆဲဖြစ်ကြောင်း အမေရိကန်သမ္မတအိမ်ဖြူတော်က ဇူလိုင် ၁၂ ရက်တွင် ပြောကြားခဲ့သည်။အိမ်ဖြူတော်သတင်းပြန်ကြားရေးမှူး Jen Psaki က သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားရာတွင် ဟေတီနိုင်ငံသို့ အမေရိကန်တပ်ဖွဲ့ဝင်များ စေလွှတ်ပေးရန် ဟေတီကြားဖြတ်အစိုးရအဖွဲ့၏ တောင်းဆိုချက်အပေါ် အမေရိကန်အနေဖြင့် စဉ်းစားသုံးသပ်နေဆဲဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့ အိမ်ဖြူတော်၌ ဇွန် ၈ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် အိမ်ဖြူတော် သတင်းပြန်ကြားရေးမှူး Jen Psaki က ရှင်းလင်း ဖြေကြားနေစဉ်(ဆင်ဟွာ)

အမေရိကန်အိမ်ဖြူတော်အနေဖြင့် တပ်ဖွဲ့ဝင်များ စေလွှတ်ရေးအတွက် မဖြစ်နိုင်တော့ဘူးလားဟူ၍ သတင်းထောက်၏ မေးမြန်းချက်အပေါ် Jen Psaki က “မဟုတ်ပါဘူး” ဟူ၍ ပြန်လည်ဖြေကြားခဲ့သည်။ ယင်းနေ့မှာပင် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က သတင်းထောက်များအားပြောကြားရာတွင် “ ဟေတီနိုင်ငံရေးခေါင်းဆောင်တွေအနေနဲ့ သူတို့နိုင်ငံကောင်းစားရေး အတွက် အတူတကွ လုပ်ကိုင်ကြဖို့ လိုအပ်ပါတယ်” ဟု ဆိုပြီး အမေရိကန်နိုင်ငံအနေဖြင့် အကူအညီများပံ့ပိုးပေးသွားရန်အတွက် အသင့်ရှိကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ တရားရေးဌာန ၊ အမိမြေလုံခြုံရေးဌာန ၊ နိုင်ငံတော် နှင့် အမျိုးသားလုံခြုံရေးကောင်စီ(NSC) စသည့်မတူကွဲပြားသော ဌာနများမှ အရာရှိကြီးများပါဝင်သော အထူးကိုယ်စားလှယ်အဖွဲ့တစ်ခုသည် ဟေတီနိုင်ငံသို့ ဇူလိုင် ၁၁ ရက်တွင် သွားရောက်ခဲ့ကြောင်း သမ္မတအိမ်ဖြူတော်က အစောပိုင်းတွင် ပြောကြားခဲ့သည်။

“ အဲဒီကိုယ်စားလှယ်အဖွဲ့ဟာ ဟေတီနိုင်ငံအစိုးရအရာရှိကြီးတွေနဲ့အတူ အရေးကြီးတဲ့ အခြေခံအဆောက်အဦပိုင်း လုံခြုံရေးနဲ့ပတ်သက်ပြီး သုံးသပ်ခဲ့ကြပါတယ် ၊ သမ္မတလုပ်ကြံသတ်ဖြတ်ခံရမှုကို စုံစမ်းစစ်ဆေးဖို့ ဦးဆောင်လုပ်ကိုင်နေတဲ့ ဟေတီအမျိုးသားရဲတပ်ဖွဲ့အကြီးအကဲနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ် ” ဟု အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ Emily Horne က ကြေညာချက်တွင် ပြောကြားခဲ့သည်။
ထို့ပြင် ကိုယ်စားလှယ်အဖွဲ့သည် ဟေတီနိုင်ငံအတွင်းရှိ နိုင်ငံရေးခေါင်းဆောင်များနှင့်တွေ့ဆုံ၍ “ ဟေတီနိုင်ငံမှာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပနိုင်ဖို့ အတွက် နိုင်ငံရေးဘုံသဘောတူညီချက်ရရှိအောင် ပွင့်လင်းမြင်သာပြီး အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးရေးကို အားပေးထောက်ခံကြောင်း”ကိုလည်း ဆွေးနွေးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဟေတီသမ္မတမော်စီလုပ်ကြံသတ်ဖြတ်ခံရပြီးနောက် နိုင်ငံအတွင်း ယိုယွင်းပျက်စီးနေသည့် အဓိကအခြေခံအဆောက်အဦပိုင်း လုံခြုံရေးကို ထိန်းသိမ်းရန်အတွက် အမေရိကန်နိုင်ငံ နှင့် ကမ္ဘာ့ကုလသမဂ္ဂအနေဖြင့် တပ်ဖွဲ့ဝင်များကို ဟေတီနိုင်ငံသို့ စေလွှတ်ပေးရန် ဟေတီနိုင်ငံကြားဖြတ်အစိုးရအဖွဲ့က တောင်းဆိုခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာ ၂၆ ရက်တွင် ကျင်းပရန် စီစဉ်ထားသည့် ဟေတီနိုင်ငံ၏ သမ္မတ နှင့် လွှတ်တော်ရွေးကောက်ပွဲများ မကျင်းပမီ ၂ လအလိုတွင် ယခုကဲ့သို့ ဟေတီသမ္မတမော်စီလုပ်ကြံသတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။(Xinhua)

———————————————
(English Version)

Haiti’s request for U.S. troops under review: White House

WASHINGTON, July 12 (Xinhua) — The White House said on Monday that it is still reviewing Haiti’s request for U.S. military support to stabilize the country after the assassination of President Jovenel Moise.

White House Press Secretary Jen Psaki said during a daily briefing that Haiti’s interim government’s request of sending U.S. troops to the country is still under review.
When asked if the White House had ruled out sending troops, she replied “no.”

President Joe Biden on the same day told reporters that “Haiti’s political leaders need to come together for the good of their country,” adding that the United States is ready to offer assistance.
The White House said earlier that an interagency delegation with officials from the departments of Justice, Homeland Security, and State, and National Security Council (NSC) had travelled to Haiti on Sunday.

“The delegation reviewed the security of critical infrastructure with Haitian government officials and met with the Haitian National Police, who are leading the investigation into the assassination,” NSC spokesperson Emily Horne said in a statement.

The delegation also met with Haitian political leaders “to encourage open and constructive dialogue to reach a political accord that can enable the country to hold free and fair elections,” according to the statement.

Haiti’s interim government asked the United States and the United Nations to deploy troops to the country to secure key infrastructure in the aftermath of the assassination of President Moise.
The assassination of the Haitian president came two months before the country’s presidential and legislative elections, which are scheduled for Sept. 26.

White House Press Secretary Jen Psaki speaks during a press briefing at the White House in Washington, D.C., the United States, on June 8, 2021. (Photo by Ting Shen/Xinhua)
A soldier stands guard in front of Haitian President Jovenel Moise’s home in Port-au-Prince, Haiti, on July 7, 2021. (Photo by Tcharly Coutin/Xinhua)