Connect with us

North America

၉၄ ကြိမ်မြောက် အကောင်းဆုံး ရုပ်ရှင်အော်စကာဆုအတွက် အရည်အသွေးပြည့်မီသော ရုပ်ရှင် ၂၇၆ ကား အကယ်ဒမီကြေညာ

အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိစ်မြို့ ဟောလိဝုဒ်၌ ပြုလုပ်ခဲ့သော ၉၂ ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲအခမ်းအနားအတွက် ပြင်ဆင်မှုများ ပြုလုပ်နေစဉ် Dolby ပြဇာတ်ရုံအပြင်ရှိ အော်စကာရုပ်တုအား ၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီ ၈က ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လော့အိန်ဂျလိစ်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)

၉၄ ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲ (သို့မဟုတ်) အော်စကာဆုအတွက် အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆုတွင် အရည်အသွေးပြည့်မီသော ဇာတ်ကားပေါင်း ၂၇၆ ကားကို ရုပ်ရှင်အနုပညာနှင့် သိပ္ပံအကယ်ဒမီအဖွဲ့ မှ ဇန်ဝါရီ ၂၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ယခုနှစ်အတွက် အရည်အသွေးစစ်ဆေးရသည့် ကာလမှာ ၁၀ လသာရှိသဖြင့် ဇာတ်ကားအရေအတွက်သည် ယခင်နှစ်ကရှိခဲ့သည့် ဇာတ်ကားအရေအတွက် ၃၆၆ ထက် နည်းပါးခဲ့ခြင်းဖြစ်သည်။

၉၄ ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲများအတွက်သာ ကျင့်သုံးမည့် သတ်မှတ်ထားမည့်စည်းမျဉ်းများအရ ထည့်သွင်းစဉ်းစားချက်များအဖြစ် ရုပ်ရှင်များအား အမေရိကန် မြို့ပြဧရိယာခြောက်ခုဖြစ်သော လော့စ်အိန်ဂျလိစ်ကောင်တီ၊ နယူးယောက်စီးတီး၊ Bay Area ၊ အီလီနွိုက်ပြည်နယ် ချီကာဂိုမြို့၊ ဖလော်ရီဒါ ပြည်နယ် မီယာမီမြို့နှင့် ဂျော်ဂျီယာပြည်နယ် အတ္တလန္တာမြို့တို့တွင် အနည်းဆုံးတစ်နေရာရှိ စီးပွားဖြစ်ရုပ်ရှင်ရုံ၌ ၂၀၂၁ ခုနှစ် မတ်လ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်ကြား ပြသခြင်းနှင့် တစ်နေရာတည်းတွင် ၇ ရက်ဆက်တိုက် ရုံတင်ပြသသော အနည်းဆုံးအရည်အချင်းကို ပြီးမြောက်ခြင်းတို့ဖြစ်ကြောင်း ယင်းအကယ်ဒမီက သတင်းထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

၉၄ ကြိမ်မြောက် အော်စကာဆုပေးပွဲအတွက် ဆန်ခါတင်စာရင်း မဲပေးခြင်းများကို ဇန်နဝါရီ ၂၇ ရက်မှ ဖေဖော်ဝါရီ ၁ ရက်အတွင်း ပြုလုပ်မည်ဖြစ်ပြီး ဆန်ခါတင်စာရင်းဝင်သည့် ဇာတ်ကားများကို ဖေဖော်ဝါရီ ၈ ရက်တွင် ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆုပေးပွဲအခမ်းအနားကို မတ် ၂၇ ရက်တွင် အမေရိကန်နိုင်ငံ အနာက်ပိုင်း ကယ်လီဖိုးနီးယားပြည်နယ် ဟောလိဝုဒ်ရှိ Dolby ပြဇာတ်ရုံ၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………………………..
(English Version)
Academy announces 276 feature films eligible for 94th Best Picture Oscar
LOS ANGELES, Jan. 20 (Xinhua) — A total of 276 feature films are eligible in the Best Picture race for the 94th Academy Awards, or the Oscars, the Academy of Motion Picture Arts and Sciences announced Thursday.
The number is much lower than last year’s 366 as the eligibility period for this year was only 10 months.
To be eligible for consideration under rules provisions implemented for the 94th Academy Awards year only, feature films may open in a commercial motion picture theater in at least one of six U.S. metropolitan areas: Los Angeles County; the City of New York; the Bay Area; Chicago, Illinois; Miami, Florida; and Atlanta, Georgia, between March 1, 2021, and December 31, 2021, and complete a minimum qualifying run of seven consecutive days in the same venue, said the Academy in a news release.
Nominations voting for the 94th Academy Awards will take place between Jan. 27 and Feb. 1 and nominations will be announced on Feb. 8.
The awards ceremony is set for March 27, at the Dolby Theater in Hollywood in the western U.S. state of California. Enditem