Connect with us

Environment, Disasters & Accidents

တရုတ်နိုင်ငံ၌ နှင်းများထူထပ်စွာ ကျဆင်းသောကြောင့် အပြာရောင် သတိပေးချက်အား သက်တမ်းတိုး

တရုတ်နိုင်ငံ၊မြို့တော်ပေကျင်း Xuanwumen အနောက်လမ်း၌ စက်ဘီးများပေါ်တွင် နှင်းများဖုံးလွှမ်းနေသည်ကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြောက်ပိုင်းဒေသများတွင် ဆီးနှင်းများထူထပ်စွာ ကျဆင်းမှုကြောင့် မိုးလေဝသ အာဏာပိုင်များက အပြာရောင်သတိပေးချက်ကို ဖေဖော်ဝါရီ ၁၃ ရက်က သက်တမ်းတိုးခဲ့ကြောင်း သိရသည်။အတွင်းမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆန်းရှီးပြည်နယ်၊ ဟဲပေပြည်နယ်၊ ပေကျင်းမြို့ ၊ ထျန်းကျင်း၊ လျောင်နင်ပြည်နယ် နှင့် ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တို့တွင် ဖေဖော်ဝါရီ ၁၃ ရက် နံနက်မှ ၁၄ ရက်နံနက်အထိ ဆီးနှင်းများ ထူထပ်စွာ ကျဆင်းနိုင်ပြီး ဆီးနှင်းများ ကျဆင်းမှုမှာ တစ်စင်တီမီတာမှ လေးစင်တီမီတာ သို့မဟုတ် ခြောက်စင်တီမီတာကျော်အထိပင်ကျဆင်းနိုင်ကြောင်း အမျိုးသားမိုးလေဝသဌာနမှ ပြောကြားခဲ့သည်။ .

အမျိုးသားမိုးလေဝသဌာနက ဒေသခံများအား နေအိမ်တွင်း၌သာနေထိုင်ရန် အကြံပြုထားကြောင်းနှင့် လမ်းများ၊ မီးရထားလမ်းများ၊ လျှပ်စစ်နှင့် တယ်လီဖုန်းဆက်သွယ်မှုများ အပါအဝင် သတိပြုချက်များ လုပ်ဆောင်ရန် ဒေသဆိုင်ရာအာဏာပိုင်များအား တိုက်တွန်းထားကြောင်း သိရသည်။

တရုတ်နိုင်ငံတွင် အရောင်လေးရောင်ကုတ်စနစ်ဖြင့် မိုးလေဝသသတိပေးစနစ် လေးခုရှိပြီး အနီရောင်သည် အပြင်းထန်ဆုံးဖြစ်ပြီး ယင်းအနောက်တွင် လိမ္မော်ရောင်၊ အဝါရောင်နှင့် အပြာရောင်တို့ အသီးသီးဖော်ပြထားကြောင်း သိရသည်။ (Xinhua)

………………………………………………………………

(EnglishVersion))

China renews blue alert for heavy snows

BEIJING, Feb. 13 (Xinhua) — China’s meteorological authorities on Sunday renewed a blue alert for heavy snows in northern regions of the country.

From Sunday morning to Monday morning, heavy snows are likely to hit parts of Inner Mongolia, Shanxi, Hebei, Beijing, Tianjin, Liaoning and Xinjiang, with one to four centimeters of snowfall expected, or even over six centimeters, said the National Meteorological Center.
and urged local authorities to take precautions involving roads, railways, electricity and telecommunications.
China has a four-tier color-coded weather warning system, with red representing the most severe, followed by orange, yellow and blue. Enditem