Connect with us

Africa & Middle East

စစ်တပ်က ဒီမိုကရေစီအသွင်ကူးပြောင်းရေးအပေါ် ဆွေးနွေးရန် လမ်းဖွင့်ထားကြောင်း ဆူဒန်ခေါင်းဆောင် ပြောကြား

ဆူဒန်နိုင်ငံ၏ အသွင်ကူးပြောင်းရေး အချုပ်အခြာအာဏာပိုင်ကောင်စီ ဥက္ကဋ္ဌ Abdel Fattah Al-Burhan အား ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ခါတွန် ၊ ဖေဖော်ဝါရီ ၁၃ ရက်(ဆင်ဟွာ)

ဆူဒန်နိုင်ငံ၏ အသွင်ကူးပြောင်းရေး အချုပ်အခြာအာဏာပိုင်ကောင်စီ ဥက္ကဋ္ဌ Abdel Fattah Al-Burhan က စစ်တပ်အနေဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးရရှိရန် ရည်ရွယ်ထားသည့် အမျိုးသားအဆင့် ဆွေးနွေးပွဲတစ်ခုအား လမ်းဖွင့်ထားကြောင်း ဖေဖော်ဝါရီ ၁၂ ရက်၌ အလေးအနက် ပြောကြားခဲ့သည်။“စစ်တပ်အနေဖြင့် သဘောတူညီချက်တစ်ရပ် ရရှိမယ်ဆိုရင် အသွင်ကူးပြောင်းရေးအချိန်ကာလတစ်ခု သတ်မှတ်တဲ့ ဆွေးနွေးပွဲပြုလုပ်ဖို့ အဆင့်သင့်ပါပဲ”ဟု ကောင်စီ ဥက္ကဋ္ဌ Abdel Fattah Al-Burhan က Sudan TV က ထုတ်လွှင့်သည့် တွေ့ဆုံမေးမြန်းမှုတစ်ခုတွင် ပြောကြားခဲ့သည်။

ဆူဒန်နိုင်ငံ ခါတွန်မြို့၌ ဆူဒန်စစ်ဦးစီးချုပ် ပြဌာန်းထားသော ဆောင်ရွက်ချက်များကို ဆန့်ကျင်ဆန္ဒပြသူများအား ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

“ကျွန်တော်ရော စစ်တပ်အဖွဲ့အစည်းရော ဆူဒန်နိုင်ငံကို မအုပ်ချုပ်ချင်ပါဘူး။ ရွေးကောက်ပွဲတွေ ကျင်းပခဲ့တာ ဒါမှမဟုတ် နိုင်ငံအတွင်းမှာ အမျိုးသားအဆင့် သဘောတူညီချက်တစ်ရပ် ရရှိခဲ့တာ စတဲ့ဖြစ်ရပ်တွေမှာ စစ်တပ်က နိုင်ငံရေးနယ်ပယ်ကနေ ထွက်ခွာသွားမှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

ဆူဒန်နိုင်ငံ အသွင်ကူးပြောင်းရေး အချုပ်အခြာအာဏာပိုင်ကောင်စီ ဥက္ကဋ္ဌ Abdel Fattah Al-Burhan က သမ္မတဟောင်း Omar al-Bashir ၏ ပါတီဖြစ်သည့် အမျိုးသားကွန်ဂရက်ပါတီမှလွဲ၍ အင်အားစုများအားလုံး ပါဝင်ရမည့် ဆွေးနွေးပွဲတစ်ခုအား တောင်းဆိုခဲ့ကြောင်း သိရသည်။

တစ်ချိန်တည်းမှာပင် ဆူဒန်နိုင်ငံ၌ အသွင်ကူးပြောင်းရေးဆိုင်ရာ စုပေါင်းအကူအညီပေးရေး ကုလသမဂ္ဂမစ်ရှင် (UNITAMS) ခေါင်းဆောင် Volker Perthes က ဦးဆောင်သည့် ကုလသမဂ္ဂက ပံ့ပိုးဆောင်ရွက်ထားသော ဆွေးနွေးညှိနှိုင်းမှုများအား Al-Burhan က ဝေဖန်ခဲ့ကြောင်း သိရသည်။

“Volker Perthes က ဆွေးနွေးမှုအတွက် ပါတီများအားလုံး ပါဝင်ရေး အားထုတ်ရန် ကြားဝင်ဖျန်ဖြေပေးသူ ဖြစ်ပေမဲ့ သူ့မှာ ကနဦးအဆိုပါပြုဖို့ အခွင့်အရေးမရှိပါဘူး။ သူက သီးခြားအုပ်စုတစ်ခုနဲ့အတူ ရှိပြီးတော့ သူတို့ရဲ့ အကြံဉာဏ်တွေ လွှမ်းမိုးခံနေရတယ်” ၎င်းက မှတ်ချက်ပြုခဲ့သည်။

ဆူဒန်နိုင်ငံ၌ ဒီမိုကရေစီအသွင်ကူးပြောင်းရေး အားလျော့မှေးမှိန်သွားစေရန် ၎င်းအပေါ် သို့မဟုတ် စစ်တပ်အဖွဲ့အစည်းအပေါ် နိုင်ငံတကာပိတ်ဆို့အရေးယူမှုတွေ သတ်မှတ်နိုင်ဖွယ်များကိုလည်း ကောင်စီ ဥက္ကဋ္ဌ Abdel Fattah Al-Burhan က ထပ်မံဘေးဖယ်ထားရန် ကြိုးပမ်းခဲ့သည်။

“အရေးယူပိတ်ဆို့မှုတွေအကြောင်း ပြောနေတာက မဖြစ်နိုင်သလို အသုံးလည်းမဝင်ပါဘူး”ဟု ၎င်းက ပြောကြားခဲ့သည်။ဆူဒန်စစ်တပ်၏ စစ်ဦးစီးချုပ်လည်းဖြစ်သူ Abdel Fattah Al-Burhan က ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၅ ရက် တွင် အရေးပေါ်အခြေအနေကြေညာခဲ့ပြီး အချုပ်အခြာအာဏာပိုင်ကောင်စီနှင့် အစိုးရကို တရားဝင်ဖျက်သိမ်းခဲ့ပြီးနောက် ဆူဒန်နိုင်ငံသည် နိုင်ငံရေးအကျပ်အတည်းနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။ (Xinhua)

………………………………………………………………

(EnglishVersion))

Sudanese leader says military open to dialogue on democratic transition

KHARTOUM, Feb. 12 (Xinhua) — Chairman of Sudan’s Transitional Sovereign Council Abdel Fattah Al-Burhan on Saturday stressed that the military was open to a national dialogue aimed at achieving democratic transition.

“The army is ready to conduct a dialogue regarding a transitional period if a consensus is reached,” said Al-Burhan in an interview aired by Sudan TV.

“Neither I nor the military establishment wants to rule Sudan. The army will leave the political arena in the event that elections are conducted or a national consensus is reached in the country,” he said.

He called for a dialogue that must include all forces, except for the National Congress Party, which is the party of former President Omar al-Bashir.

Meanwhile, Al-Burhan criticized the UN-facilitated consultations led by Volker Perthes, head of the United Nations Integrated Transitional Assistance Mission in Sudan (UNITAMS).

“Volker is a mediator to bring all parties to sit for dialogue, but he has no right to propose an initiative. He sits with a specific group and gets influenced by their ideas,” he noted.

Al-Burhan further downplayed the possibility of imposing international sanctions on him or the military establishment under the pretext of undermining the democratic transition in Sudan.

“Talking about sanctions is not feasible or useful,” he said.
Sudan has been suffering a political crisis after Al-Burhan, also general commander of the Sudanese Armed Forces, declared a state of emergency on Oct. 25, 2021 and dissolved the Sovereign Council and the government. ■
Photo 1 – In the photo, taken on Nov. 21, 2021, in Khartoum, Sudan, Chairman of Sudan’s Transitional Sovereign Council Abdel Fattah Al-Burhan speaks after signing a political declaration with Sudan’s Prime Minister Abdalla Hamdok and reappointing him as prime minister. (Xinhua /Mohamed Khidir)

Photo 2 – People participate in a protest against measures adopted by the Sudanese army commander in Khartoum, Sudan, Nov. 13, 2021.

At least five protesters were killed on Saturday during mass demonstrations in the Sudanese capital of Khartoum and other cities, the health ministry in the dissolved Sudanese government announced.

The capital Khartoum and other cities on Saturday witnessed huge demonstrations in protests against measures recently adopted by the Sudanese army commander, including dissolving the government and appointing a new sovereign council. (Xinhua/Mohamed Khidir)