China
တရုတ်နိုင်ငံ၏ အနာဂတ် “လ” ခရီးစဉ်များအတွက် ဒီဇိုင်းနာချုပ်က အသေးစိတ်ရှင်းလင်း ပြောကြား
ပေကျင်း ၊ မတ် ၁၃ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံသည် လာမည့် ၂၀၃၀ ပြည့်နှစ် မတိုင်မီ ချန်အဲ-၆ (Chang’e-6 ) ၊ ချန်အဲ-၇ ( Chang’e-7 ) ၊ ချန်အဲ-၈ (Chang’e-8) လသွားယာဉ်များနှင့်အတူ “လ” မျက်နှာပြင်စူးစမ်းလေ့လာရေးခရီးစဉ်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံ၏ လမ္ဘာစူးစမ်းလေ့လာရေးအစီအစဉ်မှ ဒီဇိုင်နာချုပ် Wu Weiren က ပြောကြားခဲ့သည်။
ချန်အဲ-၆ လသွားယာဉ်သည် လမျက်နှာပြင်ပေါ်မှာ အများဆုံးအဖြစ် နမူနာပစ္စည်းအလေးချိန် ၂ ကီလိုဂရမ်ကို ကမ္ဘာမြေကို သယ်ဆောင်လာပေးရန် စီစဉ်ထားကြောင်း ၊ ချန်အဲ-၇ လသွားယာဉ်သည် လကမ္ဘာတောင်ဝင်ရိုးဘက်အခြမ်းတွင် ဆင်းသက်ကာ ယင်းဒေသရှိ သဘာဝအရင်းအမြစ်များကို စူးစမ်းရှာဖွေမှုပြုလုပ်သွားမည်ဖြစ်ကြောင်း နှင့် ချန်အဲ-၈ လသွားယာဉ်မှာမူ လမျက်နှာပေါ်ရှိ သဘာဝအရင်းအမြစ်များ စူးစမ်းရှာဖွေရာတွင် ချန်အဲ-၇ နှင့်အတူ ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ချန်အဲ-၆ နှင့် ချန်အဲ-၇ လသွားယာဉ်များကို ၂၀၂၅ ခုနှစ်ဝန်းကျင်ခန့်တွင် လွှတ်တင်သွားရန် ရည်မှန်းထားကြောင်း Wu ၏ ပြောကြားချက်အရ သိရသည်။
ထို့ပြင် အနာဂတ်လသွားယာဉ်များတွင် ရေအရင်းအမြစ်ရှာဖွေရေးအတွက် သိပ္ပံပညာရှင်များအား ကူညီအားဖြည့်ပေးမည့် လမျက်နှာပြင်ပေါ်၌ ပျံသန်းသွားလာနိုင်သည့် အထူးယာဉ်အမျိုးအစားတစ်ခုကိုလည်း ထည့်သွင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အကယ်၍ လက်မျက်နှာပြင်တွင် “ရေ” ရှိနေပါက ယင်းမှာ အနာဂတ်လခရီးစဉ်များတွင် အာကာသယာဉ်မှူးများအတွက် အရင်းအမြစ်ရရှိအောင် ထောက်ပံ့ပေးနိုင်လိမ့်မည်ဖြစ်ကြောင်း Wu က မှတ်ချက်ပြုခဲ့သည်။
၂၀၃၀ ပြည့်နှစ် ကျော်လွန်ပြီးနောက်တွင် ခရီးစဉ်သစ်များဖော်ဆောင်ကာ ၂၀၃၅ ခုနှစ် အရောက်တွင် လပေါ်၌ နိုင်ငံတကာ “လ” သုတေသနစခန်းတစ်ခုတည်ဆောက်ရေး အလုံးစုံပြီးမြောက်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“ အနာဂတ် “လ”အခြေစိုက်စခန်းပေါ်မှာ အမျိုးမျိုးသော လပေါ်သွားယာဉ်တွေနဲ့ လဆင်းယာဉ်တွေက လုပ်ကိုင်ဆောင်ရွက်ကြမှာပါ ၊ အဲဒီယာဉ်တွေကို ထောက်ပံ့ကူညီပေးသွာဖို့ လ-အခြေစိုက်ဆက်သွယ်ရေးကွန်ရက်တစ်ခုရှိလာမှာပါ” ဟု ၎င်းက ဆိုသည်။ “ အဲဒီလသုတေသနစခန်းဟာ နေစကြဝဠာစနစ်အတွက် လွှဲပြောင်းရေးထောက်ပံ့စခန်းတစ်ခုအဖြစ်ရော ပိုမိုနက်ရှိုင်းသောအာကာသ စူးစမ်းလေ့လာရေးအတွက်ပါ လုပ်ကိုင်ဆောင်ရွက်ပေးမယ့် အခြေစိုက် စခန်းကြီးတစ်ခုဖြစ်လာနိုင်ပါတယ်” ဟု Wu ဖြည့်စွက်ပြောကြားခဲ့သည်။(Xinhua)
……………………
(English Version)
Chief designer details China’s future lunar missions
BEIJING, March 13 (Xinhua) — China will carry on its moon research in the future with Chang’e-6, Chang’e-7 and Chang’e-8 missions by 2030, chief designer of the country’s lunar exploration program Wu Weiren said.
The Chang’e-6 is scheduled to bring back to Earth lunar samples with a mass of up to 2 kilograms; the Chang’e-7 will be tasked with landing on the lunar south pole and detecting local natural resources; and the Chang’e-8, working in collaboration with Chang’e-7, is going to scout how to exploit lunar resources.
According to Wu, the Chang’e-6 and Chang’e-7 are expected to be launched around 2025.
Future missions also include the development of a special craft, which can fly from the landing site to lunar craters to help scientists look for traces of water. If water is present, it could provide resources for future crewed missions on the moon, Wu noted.
After 2030, a new set of missions will be carried out to complete the construction of an international lunar research station by 2035.
“There will be multiple rovers and landers working in the future moon station and a lunar-based communication network to support these spacecraft,” Wu said. “The lunar research station can also function as a transfer outpost for the solar system and even deeper space explorations.”
Photo taken at Beijing Aerospace Control Center in Beijing on Dec. 3, 2020 shows the ascender of Chang’e-5 spacecraft flying above the lunar surface.(Xinhua/Jin Liwang)