Connect with us

China

တရုတ်ကြက်ခြေနီအသင်းက ယူကရိန်းနိုင်ငံသို့ အရေးပေါ် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးပို့

ဒွန်ဘတ်စ်ဒေသရှိ Anadol ကျေးရွာ၌ လူသားချင်းစာနာထောက်ထားမှုအကူအညီများ လက်ခံရယူနေသည့် ဒေသခံများအား မတ် ၁၀ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မတ် ၁၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ကြက်ခြေနီအသင်းသည် ယူကရိန်းနိုင်ငံ ကြက်ခြေနီအသင်းသို့ ဒုတိယအသုတ် အရေးပေါ်လူသားချင်းစာနာထောက်ထားမှု အကူအညီအထောက်အပံ့များပေးပို့ခဲ့ကြောင်း မတ် ၁၂ ရက်တွင် ကြေညာခဲ့သည်။

အစားအစာ ၊ အိပ်ယာလိပ်များ နှင့် အစိုဓာတ်ခံနိုင်သည့် ကတ်ပြားများ ပါဝင်သော ထပ်မံပေးပို့ခဲ့သည့် အထောက်အပံ့အသစ်များသည် မတ် ၁၂ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့မှ တင်ပို့ခဲ့ပြီး ပေကျင်းစံတော်ချိန် ည ၈ နာရီတွင် ဘူဒါပတ်မြို့သို့ ရောက်ရှိမည် ဖြစ်သည်။ ယင်းအထောက်အပံ့များအား ယူကရိန်းနိုင်ငံသို့ ဆက်လက်ပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့သော အထောက်အပံ့ ပထမအသုတ်အား မတ် ၉ ရက်တွင် ပေကျင်းမြို့မှ ပို့ပေးခဲ့ကြောင်း သိရသည်။ (Xinhua)

……………………………………
(English Version)
China Red Cross Society sends emergency humanitarian aid to Ukraine
BEIJING, March 12 (Xinhua) — The Red Cross Society of China on Saturday announced that it has sent a second batch of emergency humanitarian aid supplies to the Ukrainian Red Cross Society.
The new supplies, including food, sleeping bags and moisture-proof pads, left Beijing on Saturday and are expected to arrive in Budapest at 8 p.m. Beijing time. They will then be transported to Ukraine.
The first batch of such supplies was shipped from Beijing on Wednesday. ■
Photo – Local residents receive humanitarian aid in the village of Anadol in Donetsk, on March 10, 2022. (Photo by Victor/Xinhua)