Connect with us

ASEAN

လာအိုနိုင်ငံ၌ အသက် ၆နှစ် မှ ၁၁ နှစ်ကြား ကလေးငယ်များအား COVID-19 ကာကွယ်ဆေးထိုးနှံပေးမည်

လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့ရှိ ကာကွယ်ဆေးထိုးစင်တာတစ်ခု၌ တရုတ်နိုင်ငံ၏ Sinopharm COVID-19 ကာကွယ်ဆေးအားထိုးနှံမှု ခံယူနေသောအမျိုးသမီးတစ်ဦးအား ၂၀၂၁ခုနှစ်၊ ဇွန် ၁၇ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

ဗီယင်ကျန်း၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ)

လာအိုနိုင်ငံ အစိုးရက စာသင်ကျောင်းများ ဘေးကင်းစွာ ပြန်ဖွင့်နိုင်ရန် ကြိုးပမ်းမှုအနေဖြင့် အသက် ၆ နှစ်မှ ၁၁ နှစ်ကြား ကလေးငယ်များအတွက် COVID-19 ကာကွယ်ဆေးကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မတ်လတွင် စတင်ထိုးနှံပေးမည်ဖြစ်ကြောင်း ဒေသဆိုင်ရာမီဒီယာများက ဖေဖော်ဝါရီ ၁၆ ရက်တွင် ဖော်ပြခဲ့သည်။ယင်းအသက်အရွယ်အုပ်စုရှိ ကလေးစုစုပေါင်း ၉၅၇,၀၀၀ အား ကာကွယ်ဆေးထိုးနှံမည်ဖြစ်ပြီး၊ ထိုကဲ့သို့ ကလေးသူငယ်များကို ကာကွယ်ဆေးထိုးပေးခြင်းဖြစ် အခြားမိသားစုဝင်များ ကာကွယ်ဆေးထိုးနှံရန် တွန်းအားဖြစ်စေမည်ဟု မျှော်လင့်ကြောင်း အမျိုးသား ကာကွယ်ဆေးထိုး အစီအစဉ် ၏ လက်ထောက်မန်နေဂျာ Chansai Pathammavong ၏ ပြောကြားချက်ကို ကိုးကား၍ ဗီယင်ကျန်းတိုင်းမ် နေ့စဉ်သတင်းစာတွင်ဖော်ပြထားသည်။

အသက် ၆ နှစ်မှ၁၁ နှစ်ကြား ကလေးများအားလုံး ကာကွယ်ဆေးထိုးနှံခြင်းကို လာအိုမြို့တော် ဗီယင်ကျန်း၌ စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း Chansai က ဆိုသည်။မိဘများ သဘောတူမှသာလျင် ကလေးများအား ကာကွယ်ဆေးထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။ ကာကွယ်ဆေးထိုးရန် အရေးကြီးကြောင်း နှင့် ကာကွယ်ဆေးထိုးခြင်းအစီအစဉ်ကို ပညာရေးနှင့် အားကစားဝန်ကြီးဌာနက မိဘများအား အကြောင်းကြားမည်ဖြစ်ပြီး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အသက် ၁၂ နှစ်မှ ၁၇ နှစ်ကြား လူများအား ကာကွယ်ဆေးထိုးနှံခြင်းဆိုင်ရာ တိုးတက်မှုများကို ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ကျန်းမာရေး တာဝန်ရှိသူများအား ပြန်လည်သုံးသပ်ရန် ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားထားသည်။

ယခုအချိန်အထိ ကာကွယ်ဆေးထိုးနှံရန်သတ်မှတ်ချက်ပြည့်မီသော လူဦးရေ၏ ၆၅.၇၄ ရာခိုင်နှုန်းသည် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးဖြစ်ပြီး လူဦးရေ ၅၇.၈၆ ရာခိုင်နှုန်းသည် ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးဖြစ်ကြောင်း COVID-19 ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဆိုင်ရာ အမျိုးသား ကော်မတီမှ သိရသည်။ (Xinhua)

—————————————-

(English Version)

Laos to vaccinate children aged 6-11 against COVID-19

VIENTIANE, Feb. 16 (Xinhua) — The Lao government will begin a nationwide rollout of COVID-19 vaccinations for children aged 6 to 11 in March in a bid to reopen schools safely, local media reported Wednesday.

Local daily Vientiane Times quoted Deputy Manager of the National Immunization Program Chansai Pathammavong as saying that a total of 957,000 children in this age group will be vaccinated, and it is hoped that the vaccination of young children will encourage other family members to get vaccinated.

The vaccination of all children aged 6-11 will begin in Lao capital Vientiane, Chansai said.
Inoculations will be given to children only if their parents give their consent. The ministry will map out a vaccination plan while the education and sports ministry will inform parents about the importance of vaccination.

The health ministry also instructed local authorities and health officials to review the progress made in vaccinating people aged 12 to 17 .

So far, 65.74 percent of the eligible population have received their first jabs, while 57.86 percent have completed two doses, according to the National Taskforce Committee for COVID-19 Prevention and Control. Enditem