Connect with us

Asia

ဂျပန်နိုင်ငံတွင် ပြင်းအား ၇.၄ အဆင့်ရှိသော ငလျင်လှုပ်ခတ်ပြီးနောက် လူ ၂ ဦးသေဆုံး၊ ၉၂ ဦးဒဏ်ရာရရှိ

ဂျပန်နိုင်ငံ ငလျင်လှုပ်ခတ်ပြီးနောက် JR Yokosuka ရထားပေါ်တွင် သောင်တင်နေသော ခရီးသည်များအား မတ် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ မတ် ၁၇ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် မတ် ၁၆ ရက်ညပိုင်းက အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် လူ ၂ ဦး သေဆုံးကာ အခြား ၉၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် မီးသတ် အာဏာပိုင်များက မတ် ၁၇ ရက်၌ ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံ မီယာဂီနှင့် ဖူကူရှီးမား အပါအဝင် စီရင်စု ၇ ခုတွင် ပြင်းအား ၇.၄ အဆင့်ရှိသော ငလျင်လှုပ်ခတ်မှုကြောင့် မတ် ၁၇ ရက် ဒေသစံတော်ချိန် နံနက် ၆:၃၀ နာရီအထိ စုစုပေါင်း ဒဏ်ရာရသူ ၉၂ ဦး ရှိကြောင်း မီးသတ်နှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီအရ သိရသည်။

အားပြင်းသော ငလျင်လှုပ်ခတ်မှုကို နိုင်ငံ အရှေ့မြောက်ပိုင်းနှင့် အရှေ့ပိုင်းဧရိယာများ၌လည်း ခံစားခဲ့ရကြောင်း၊ အထူးသဖြင့် မီယာဂီနှင့် ဖူကူရှီးမား စီရင်စုများတွင် အမြင့်ဆုံး အဆင့် ၇ အထိရှိသော ဂျပန် ငလျင်ပြင်းထန်မှုတိုင်းတာချက်အရ ယခုလှုပ်ခတ်သွားသောငလျင်သည် အဆင့် ၆ အထက် ရှိကြောင်း သိရသည်။

အဆိုပါ ငလျင်သည် မတ် ၁၆ ရက် ည ၁၁:၃၆ နာရီခန့်က မြောက်လတ္တီကျု ၃၇.၇ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၁၄၁.၇ ဒီဂရီနှင့် မြေအောက်အနက် ၆၀ ကီလိုမီတာကို ဗဟိုပြုကာ လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် မီယာဂီနှင့် ဖူကူရှီးမား စီရင်စုများရှိ ကမ်းရိုးတန်းဒေသများ၌ ဆူနာမီသတိပေးချက် ၁ မီတာအထက် ထုတ်ပြန်ထားပြီး ဒေသခံများအား ကမ်းရိုးတန်မှ ဝေးဝေးနေထိုင်ကြရန် တိုက်တွန်းနှိုးဆော်ထားသည်။

ငလျင်လှုပ်ခတ်မှုကြောင့် ကျည်ဆန်ရထားတစ်စင်း တွဲချော်ခဲ့ပြီးနောက် မတ် ၁၇ ရက် နံနက်ပိုင်း၌ Tohoku Shinkansen ကျည်ဆန်ရထားဝန်ဆောင်မှုအပိုင်းများကို ဆိုင်းငံ့ထားခဲ့ရသည်။

East Nippon Expressway ကုမ္ပဏီက မီယာဂီစီရင်စုရှိ အိုဆာကီမြို့ Tohoku Expressway နှင့် ဖူကူရှီးမားစီရင်စုရှိ ဆိုမားမြို့ရှိ Joban Expressway အပါအဝင် အဝေးပြေးလမ်းများ၏ လမ်းပိုင်းအမြောက်အများကိုလည်း ယာယီပိတ်ထားကြောင်း သိရသည်။ (Xinhua)

…………………………………………

(English Version)
2 killed, 92 injured after magnitude-7.4 quake strikes northeastern Japan
Source: Xinhua| 2022-03-17 09:12:00|Editor: huaxia
TOKYO, March 17 (Xinhua) — Two people were killed and 92 others injured after a strong earthquake hit northeastern Japan late Wednesday night, police and fire authorities said Thursday.
As of 6:30 a.m. local time on Thursday, a total of 92 people were reported injured in seven prefectures including Miyagi and Fukushima, where the quake was registered at magnitude 7.4, according to the Fire and Disaster Management Agency.
Strong shaking was felt in the country’s northeastern and eastern areas, especially in Miyagi and Fukushima Prefectures where the quake was logged six upper on the Japanese seismic intensity scale which peaks at seven.
The temblor occurred at around 11:36 p.m. local time Wednesday with a north latitude of 37.7 and an east longitude of 141.7 and at a depth of 60 km.
A tsunami warning of up to 1 meter was issued to coastal areas in the Miyagi and Fukushima Prefectures, with residents urged to stay away from the coast.
Part of the Tohoku Shinkansen bullet train service was suspended Thursday morning after the earthquake derailed a bullet train.
East Nippon Expressway Company temporarily closed several sections of expressways, including the Tohoku Expressway in Osaki, Miyagi Prefecture, and Joban Expressway in Soma, Fukushima. ■
Photo : Photo taken with a mobile phone shows passengers stranded in a JR Yokosuka Line train following an earthquake, Japan, March 16, 2022. (Photo by Sun Jialin/Xinhua)