Europe
ရုရှား စစ်တပ်က ကိဗ်ဒေသရှိ လက်နက်ခဲယမ်းစက်ရုံအား ဖျက်ဆီး
မော်စကို ၊ ဧပြီ ၁၈ ရက်(ဆင်ဟွာ)
ရုရှားနိုင်ငံ၏ တပ်ဖွဲ့များက ယူကရိန်းနိုင်ငံ ကိဗ်ဒေသအတွင်းရှိ လက်နက်ခဲယမ်းစက်ရုံတစ်ရုံအား ဖျက်ဆီးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဧပြီ ၁၇ ရက်တွင် ပြောကြားခဲ့သည်။“ညဘက်အချိန်မှာ တိကျမှုမြင့်မားတဲ့ လေကြောင်းအခြေပြု ဒုံးကျည်တွေက ကိဗ်ဒေသအတွင်းက Brovary မြို့အနီး လက်နက်ခဲယမ်းစက်ရုံတစ်ရုံကို ဖျက်ဆီးခဲ့ပါတယ်”ဟု ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Igor Konashenkov က နေ့စဉ်ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ယူကရိန်းနိုင်ငံ အရှေ့ပိုင်း မာရီယူပိုးလ်မြို့ရှိ ဗလီတစ်ခုမှ ရုရှားဓားစာခံများအား ကယ်ဆယ်ရာတွင် ပြည်ပကြေးစားစစ်သားများ အပါအဝင် စစ်သွေးကြွ ၂၉ ဦးအား ရှင်းလင်းသုတ်သင်ခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ရုရှားတပ်ဖွဲ့များသည် ယူကရိန်းတပ်ဖွဲ့ ပိုင်ဆိုင်သည့် လေယာဉ် ၁၃၄ စင်း ၊ လေယာဉ်ပစ်ဒုံးကျည်စနစ် ၂၄၉ ခု ၊ မောင်းသူမဲ့လေယာဉ် ၄၇၀ စင်း ၊ တင့်ကား နှင့် အခြား သံချပ်ကာတိုက်ခိုက်ရေးယာဉ် ၂,၂၉၀ စီး ၊ ဒုံးကျည်ပစ်လွတ်လောင်ချာမျိုးစုံ ၂၅၄ ခု ၊ အမြောက် နှင့် စိန်ပြောင်း စက်ကွင်း ၉၉၂ ခု ၊ အထူးစစ်ရေးယာဉ် ၂,၁၆၆ စီးတို့အား ဖျက်ဆီးခဲ့ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။ (Xinhua)
————————-
(English Version)
Russian armed forces destroy ammunition plant in Kiev region
MOSCOW, April 17 (Xinhua) — Russia’s forces have destroyed an ammunition plant in Ukraine’s Kiev region, the Russian Defense Ministry said Sunday.
“During the night, high-precision air-based missiles destroyed an ammunition factory near Brovary (city) in the Kiev region,” ministry spokesman Igor Konashenkov told a daily briefing.
He added that 29 militants, including foreign mercenaries, were eliminated during the rescue of Russian hostages from a mosque in Mariupol city in eastern Ukraine.
The ministry said Russian forces have destroyed 134 aircraft, 249 anti-aircraft missile systems, 470 unmanned aerial vehicles, 2,290 tanks and other armored combat vehicles, 254 multiple rocket launchers, 992 field artillery and mortars, and 2,166 units of special military vehicles belonging to the Ukrainian forces. ■
Photo – Photo taken on Feb. 26, 2022 shows a night view in Kiev, capital of Ukraine. (Xinhua/Li Dongxu)