Connect with us

Asia

တောင်ကိုရီးယား-အမေရိကန် အဓိကနွေဦးရာသီစစ်ရေးလေ့ကျင့်မှု စတင်ပြုလုပ်

တောင်ကိုရီးယားနိုင်ငံ Gyeonggi ပြည်နယ် Namhan မြစ်၌ အမေရိကန်နိုင်ငံ နှင့် တောင်ကိုရီးယားနိုင်ငံတို့က စီစဉ်ပြုလုပ်သည့် နှစ်စဉ် မြစ်ဖြတ်ကျော် ပူးတွဲလေ့ကျင့်မှုအတွင်း ယာယီတံတား တည်ဆောက်နေသည့် တောင်ကိုရီးယားစစ်သားများအား ၂၀၁၃ ခုနှစ် မေ ၃၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဆိုးလ် ၊ ဧပြီ ၁၈ ရက်(ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံနှင့် အမေရိကန်နိုင်ငံ ပူးပေါင်းတပ်ဖွဲ့များသည် ဧပြီ ၁၈ ရက်တွင် မြေပြင်စစ်ရေးလေ့ကျင့်လှုပ်ရှားမှုများ မပါဝင်ဘဲ အဓိက နွေဦးရာသီစစ်ရေးလေ့ကျင့်မှု ကျင်းပပြုလုပ်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ ပူးတွဲစစ်ဦးစီးချုပ် (JCS) က ပြောကြားခဲ့သည်။
နှစ်စဉ်ကျင်းပပြုလုပ်သည့် တောင်ကိုရီးယား – အမေရိကန် ကွန်ပြူတာသရုပ်ဖော်ပူးပေါင်းကွပ်ကဲရေးလေ့ကျင့်မှု (CCPT) အား ပူးပေါင်းကာကွယ်ရေးအဆင်သင့်ရှိမှုအား ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားသုံးသပ်ရန်အတွက် ဧပြီ ၁၈ ရက်မှစတင်ကာ ၉ ရက်ကြာ ပြုလုပ်သွားမည် ဖြစ်ကြောင်း JCS က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

CCPT သည် ကွန်ပြူတာဖြင့်သရုပ်ဖော်ထားသော ကာကွယ်ရေး သဘောသဘာဝ ဖြစ်သည့်အတွက်‌မြေပြင်စစ်ရေးလေ့ကျင့်မှုများ ပါဝင်မည် မဟုတ်ကြောင်း JCS က မှတ်ချက်ပြုခဲ့သည်။

CCPT မှတစ်ဆင့် တောင်ကိုရီးယားနှင့် အမေရိကန် ပူးပေါင်းတပ်ဖွဲ့များသည် ပူးပေါင်း စစ်ဆင်ရေးဆိုင်ရာစွမ်းဆောင်မှုများ တိုးတက်လာနိုင်မည်ဖြစ်ကြောင်းနှင့် ပူးပေါင်းကာကွယ်ရေးအဆင်သင့်ရှိမှုအား ပိုမိုအားကောင်းလာမည်ဖြစ်ကြောင်း JCS က မျှော်မှန်းထားသည်။
ပဋိပက္ခစီမံခန့်ခွဲမှုဆိုင်ရာဝန်ထမ်းလေ့ကျင့်ရေး (CMST) အား လိုက်နာဆောင်ရွက်ခဲ့သည့် CCPT သည် ဖြစ်ပေါ်လာနိုင်သော စစ်ရေးအကြို အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုတွင် ပါဝင်လေ့ကျင့်ရန် ပူးပေါင်းတပ်ဖွဲ့များဖြင့် အကြိုစစ်ရေးလေ့ကျင့်မှုများကို ပြီးခဲ့သည့်သီတင်းပတ်က လေးရက်ကြာ ပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)

————————–
(English Version)

S. Korea, U.S. kick off major springtime military drill
SEOUL, April 18 (Xinhua) — The combined forces of South Korea and the United States kicked off major springtime military exercise on Monday without field maneuvers, South Korea’s Joint Chiefs of Staff (JCS) said.
The JCS said in a statement that the Combined Command Post Training (CCPT), the annually-held South Korea-U.S. computer-simulated exercise, will run for nine days from Monday in a comprehensive consideration of the combined defense readiness.
The CCPT will not involve file maneuvers as it is computer-simulated and defensive in nature, the JCS noted.
Through the CCPT, the JCS anticipated that the combined forces of South Korea and the United States could improve their joint operational capabilities and strengthen the combined defense readiness further.
The CCPT followed the Crisis Management Staff Training (CMST), the preliminary military drills that were conducted by the combined forces for four days last week to practice the management of possible pre-war emergency situation. Enditem
Photo – South Korean Army’s soldiers construct a temporary bridge during an annual joint river crossing exercise organized by the United States and South Korea at the Namhan river in Yeoncheon, Gyeonggi province of South Korea, May 30, 2013. (Xinhua/Park Jin-hee)