Connect with us

Europe

ယူကရိန်းနိုင်ငံတွင် ငြိမ်းချမ်းရေး ပြန်လည်ထိန်းသိမ်းရန် ကိယက်ဗ်အနေဖြင့် ဒွန်ဘတ်စ်နှင့် ဆွေးနွေးရမည်ဖြစ်ကြောင်း ပူတင်ပြော

ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်အား ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်တွင် ပြုလုပ်သော နှစ်ပတ်လည်သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)

ကိယက်ဗ်အာဏာပိုင်များအနေဖြင့် ယူကရိန်းနိုင်ငံတွင် ငြိမ်းချမ်းရေးပြန်လည်ထိန်းသိမ်းရန် ဒွန်ဘတ်စ်ဒေသမှ ကိုယ်စားလှယ်များနှင့် ညှိနှိုင်းဆွေးနွေးသွားရမည်ဖြစ်ကြောင်း ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်က ဘီလာရုစ်နိုင်ငံ သမ္မတ Alexander Lukashenko နှင့် မော်စကိုမြို့၌ ဖေဖော်ဝါရီ ၁၈ ရက်က တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

“ဘီလာရုစ်သမ္မတနဲ့ ကျွန်တော်တို့က ယူကရိန်းမှာ အရပ်ဘက်ငြိမ်းချမ်းရေး ပြန်လည်ထိန်းသိမ်းဖို့ အဓိကအချက်ဟာ မင့်စ်ခ် သဘောတူညီချက်ကို အကောင်အထည်ဖော်ရေးပဲဆိုတာ သဘောတူကြပါတယ်” ဟု ပူတင်က ဆိုသည်။

“ကိယက်ဗ်အနေနဲ့ လိုအပ်တာကတော့ ပဋိပက္ခတွေ အဆုံးသတ်ဖို့ ဒွန်ဘတ်စ်က ကိုယ်စားလှယ်တွေနဲ့အတူ ညှိနှိုင်းဆွေးနွေးမှုစားပွဲဝိုင်းမှာ ထိုင်ကြဖို့နဲ့ နိုင်ငံ၊ စစ်ရေး၊ စီးပွားရေးနဲ့ လူသားချင်းစာနာထောက်ထားမှု ဆောင်ရွက်ချက်တွေအပေါ် သဘောတူကြဖို့ လိုတယ်” ဟု ၎င်းက ဆိုပြီး ဒေသတွင်း တင်းမာမှုများ မြင့်တက်နေဆဲဖြစ်သည်ကို ထောက်ပြလျက် ဖြည့်စွက်ပြောခဲ့သည်။

ဘီလာရုစ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် ၎င်းတို့၏ နယ်စပ်ဒေသများအား ကာကွယ်ရန်နှင့် တင်းမာမှုအရှိန်မြင့်လာခြင်းနှင့် ယူကရိန်းသို့ လက်နက်စီးဝင်မှုများ မြင့်တက်လာခြင်းအပေါ် အတူတကွ ဆောင်ရွက်သွာမည်ဖြစ်ကြောင်း ဘီလာရုစ် သမ္မတ Lukashenko က ပြောကြားခဲ့သည်။

“စစ်ရေးလေ့ကျင့်မှုများ ပူးတွဲလုပ်ဆောင်ခြင်းသည် အခြေအနေအရ ဖြစ်ပေါ်လာတဲ့ ကျွန်တော်တို့ရဲ့ ဘုံဆုံးဖြတ်ချက်ဖြစ်ပြီး ကျွန်တော်တို့ ပိုင်နက်တွေအပေါ်မှာ ပွင်းလင်းမြင်သာမှုရှိနိုင်သမျှရှိစေရန် လေ့ကျင့်မှုတွေ ဆောင်ရွက်နေတာဖြစ်ပါတယ်” ဟု Lukashenko က ဆိုသည်။

ရုရှားနှင့် ဘီလာရုစ်တို့သည် နှစ်နိုင်ငံ၏ အပြင်ဘက်နယ်စပ်တစ်လျှောက်တွင် NATO အဖွဲ့ဝင်နိုင်ငံများ၏ စစ်ဘက်ရေးရာလှုပ်ရှားမှုများ မြင့်တက်လာသည့်အလျောက် နှစ်နိုင်ငံကြား လုံခြုံရေးစိတ်ချရမှုရှိစေရန် လိုအပ်သော စုပေါင်းစီမံဆောင်ရွက်မှုများအားလုံးကို ဆက်လက်ဆောင်ရွက်သွားမည်ဟု သဘောတူညီခဲ့ကြကြောင်း ပူတင်က ပြောကြားခဲ့သည်။ (Xinhua)

…………………………………………
(English Version)
Kiev must hold dialogue with Donbas to restore peace in Ukraine: Putin
2022-02-19 05:54:47
MOSCOW, Feb. 18 (Xinhua) — Kiev authorities have to hold dialogue with representatives from Donbas to restore peace in Ukraine, Russian President Vladimir Putin said during a briefing following talks with Belarusian President Alexander Lukashenko in Moscow on Friday.
“The President of Belarus and I agreed that the key to restoring civil peace in Ukraine… is the implementation of the Minsk agreements,” Putin said.
“All Kiev needs to do is sit down at the negotiating table with representatives of Donbas and agree on political, military, economic and humanitarian measures to end the conflict,” he added, pointing out that there were growing tensions in the region.
Lukashenko in turn said that Belarus and Russia would work together on protecting their borders amid heightened tensions and increased weapon flows to Ukraine.
“Conducting military exercises was our common decision, which was determined by the situation, and we are conducting the exercises as transparently as possible on our territory,” Lukashenko said.
Putin said Russia and Belarus agreed to continue taking all necessary collective measures to ensure the security of the two countries in light of the growing military activities of NATO countries along the external borders of both states. Enditem

Photo : Russian President Vladimir Putin speaks at his annual press conference in Moscow, Russia, Dec. 23, 2021. (Xinhua/Evgeny Sinitsyn)