Connect with us

North America

ယူကရိန်းနိုင်ငံတွင် ပဋိပက္ခဖြစ်ပွားနေသည့်ကြားမှ အမေရိကန်နိုင်ငံက ICBM ဒုံးကျည်စမ်းသပ်မှု ပယ်ဖျက်

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့ရှိ ပင်တဂွန် ဌာနချုပ်အား ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၉ ရက်က လေယာဉ်ပေါ်မှတစ်ဆင့် မြင်တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဧပြီ ၂ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံတွင် လက်တလောဖြစ်ပွားနေသော စစ်ရေးပဋိပက္ခအတွင်း ရုရှားနိုင်ငံနှင့် နျူကလီးယားတင်းမာမှုများ လျော့ကျစေရန်အလို့ငှာ အမေရိကန်နိုင်ငံက Minuteman III တိုက်ချင်းပစ်ဒုံးကျည် (ICBM) စမ်းသပ်ပစ်လွှတ်ရန် စီစဉ်ထားခြင်းကို ပယ်ဖျက်ခဲ့ကြောင်း အမေရိကန် လေတပ်က ဆင်ဟွာသို့ ဧပြီ ၁ ရက်က ပြောကြားခဲ့သည်။အဆိုပါ ဆုံးဖြတ်ချက်ချရခြင်းအကြောင်းရင်းမှာ ယူကရိန်းနိုင်ငံတွင် ရုရှားစစ်ဆင်ရေးအတွင်း ရုရှားနှင့် နားလည်မှုလွဲမှားနိုင်သည်ကို ရှောင်ရှားရန် လေတပ်က မတ် ၂ ရက်၌ စမ်းသပ်မှုနှောင့်နှေးကြောင်း ကြေညာခဲ့ခြင်းနှင့် အတူတူဖြစ်ကြောင်း ပြောကြားလျက် အစီအစဉ်ပယ်ဖျက်ခြင်းနှင့် ပတ်သက်၍ အမေရိကန် လေတပ်၏ ပြန်ကြားရေးက ဆင်ဟွာအား တယ်လီဖုန်းမှတစ်ဆင့် အတည်ပြုပြောခဲ့သည်။

“လေတပ်ဦးစီးဌာနက လက်ရှိမှာ မတ်လအတွင်း LGM-30G Minuteman III ဒုံးကျည် စမ်းသပ်ပစ်လွှတ်ရန် ပုံမှန်စီစဉ်ထားခြင်းကို ပယ်ဖျက်လိုက်ပါတယ်။ ဒုံးကျည်စမ်းသပ်ပစ်လွှတ်ခြင်းက လက်ရှိဖြစ်ပွားနေတဲ့ ယူကရိန်းကို ရုရှားကျူးကျော်မှုအတွင်း နားလည်မှုလွဲမှားတာ ဒါမှမဟုတ် မှားယွင်းသတင်းပေးပို့တာမျိုးကို ရှောင်ရှားဖို့ သတိပေးချက်အများအပြား ရရှိထားတာကြောင့် အရင်က ရွှေ့ဆိုင်းထားခဲ့တာဖြစ်ပြီး အခုပယ်ဖျက်လိုက်တာကလည်း အလားတူ အကြောင်းပြချက်ကြောင့်ပါပဲ” ဟု လေတပ် ပြောရေးဆိုခွင့်ရှိသူ Ann Stefanek က နောက်ပိုင်းတွင် အီးမေးလ်မှတစ်ဆင့် ပေးပို့သော ထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။

“ကျွန်တော်တို့ နောက်ထပ်စီစဉ်ထားတဲ့ စမ်းသပ်ပစ်လွှတ်မှုကို ယခုနှစ်နှောင်းပိုင်းမှာ လုပ်ဖို့စီစဉ်ထားပါတယ်။ ဌာနအနေနဲ့ မဟာဗျူဟာမြောက် တပ်ဖွဲ့တွေရဲ့ အသင့်ရှိမှုကို ယုံကြည်စိတ်ချမှုရှိပါတယ်” Stefanek က ဖြည့်စွက်ပြောကားခဲ့သည်။

နျူကလီးယားပဋိပက္ခဖြစ်နိုင်ခြေ အလားအလာကို အရှိန်လျှော့ချရန် အမေရိကန်အား တိုက်တွန်းပြောကြားလျက် ရုရှားကလည်း နျူကလီးယားတပ်ဖွဲ့များကို တပ်လှန့်ထားရန် ရုရှား သမ္မတ ဗလာတီမာ ပူတင်က ဖေဖော်ဝါရီလက ညွှန်ကြားခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………………………

U.S. cancels ICBM test amid conflict in Ukraine
Source: XinhuaEditor: huaxia2022-04-02 07:08:14
WASHINGTON, April 1 (Xinhua) — The United States has canceled a planned test-launch of its Minuteman III intercontinental ballistic missile (ICBM) in a bid to lower the nuclear tensions with Russia amid the ongoing military conflict in Ukraine, the U.S. Air Force told Xinhua on Friday.

The U.S. Air Force’s press desk confirmed the cancellation in a phone call with Xinhua, saying the reason for the decision was the same as when the Air Force announced the delay of the test on March 2, which was to avoid misinterpretation or miscommunication with Russia during Moscow’s military operation in Ukraine.

“The Department of the Air Force recently cancelled the routinely planned test flight of an LGM-30G Minuteman III missile scheduled for March 2022. The launch had been previously delayed due to an overabundance of caution to avoid misinterpretation or miscommunication during the ongoing Russian invasion of Ukraine and was cancelled for the same reason,” Ann Stefanek, the spokesperson for the Air Force, later said in a statement sent to Xinhua via email.

“Our next planned test flight is later this year. The Department is confident in the readiness of the strategic forces of the United States,” Stefanek added.

Russian President Vladimir Putin in February ordered his country’s nuclear forces to be put on high alert, prompting Washington to call for de-escalation in what could otherwise be a potential nuclear crisis. ■
Photo : Photo taken on Feb. 19, 2020 shows the Pentagon seen from an airplane over Washington D.C., the United States. (Xinhua/Liu Jie)