Connect with us

North America

အမေရိကန်နိုင်ငံ တက္ကဆက်၊ အိုကလာဟိုးမား ပြည်နယ်တို့တွင် လေဆင်နှာမောင်းများတိုက်ခတ်ပြီးနောက် လူပေါင်းများစွာ ဒဏ်ရာရရှိ

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် မြောက်ပိုင်း Jacksboro မြို့တွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ပျက်စီးနေသော နေအိမ်အား မတ် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟူစတန်၊ မတ် ၂၃ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ တောင်-အလယ်ပိုင်း တက္ကဆက်ပြည်နယ်နှင့် အိုကလာဟိုးမားပြည်နယ်ရှိ နေရာများ၌ မတ် ၂၁ ရက်က လေဆင်နှာမောင်းများ ပြင်းပြင်းထန်ထန် တိုက်ခတ်ခဲ့ပြီးနောက် လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။တက္ကဆက်ပြည်နယ် မြောက်ပိုင်းရှိ လူဦးရေ ၅,၀၀၀ ခန့်ရှိသော Jacksboro မြို့တွင် မတ် ၂၁ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီခန့်က ပထမဆုံးလေဆင်နှာမောင်း တိုက်ခတ်ခဲ့ပြီး မူလတန်းကျောင်းတစ်ကျောင်း၊ အထက်တန်းကျောင်းတစ်ကျောင်းနှင့် တိရစ္ဆာန်စောင့်ရှောက်ရေးစင်တာ တစ်ခုနှင့် ရွေ့လျားနေအိမ်များ ပျက်စီးသွားခဲ့သည်။ စာသင်ကျောင်းရှိ ကျောင်းသားများမှာမူ ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

ထိုမုန်တိုင်းကြောင့် အကျယ်အဝန်း ၂ မိုင် (၃.၂ ကီလိုမီတာ) ရှိသော အပျက်အစီးကွင်းပြင်ကြီး ဖြစ်ပေါ်ခဲ့ပြီး အိမ်ခြေ ၆၀ မှ ၈၀ ထက်မနည်း ပျက်စီးခဲ့ကြောင်း၊ ပျက်စီးနေသော နေအိမ်တစ်အိမ်မှ နေထိုင်သူ လေးဦးကို ကယ်ထုတ်ခဲ့ရကြောင်း၊ ၎င်းတို့အနက် မည်သူမျှ ပြင်းပြင်းထန်ထန်ထိခိုက်မိခြင်းမရှိကြောင်း Jacksboro မြို့ရှိ တာဝန်ရှိသူများက မတ် ၂၁ ရက်ညပိုင်း၌ ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် မြောက်ပိုင်း Jacksboro မြို့တွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ပျက်စီးနေသော စာသင်ကျောင်းအား မတ် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တက္ကဆက်ပြည်နယ် မြို့တော် အော်စတင်၏ အရှေ့ဘက်ရှိ Elgin မြို့တွင်လည်း သိသာသော ပျက်စီးမှုနှင့် ဒဏ်ရာရသူအချို့ရှိကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေစဉ် ပြိုကျနေသော အဆောက်အအုံကြောင့် လူနှစ်ဦး ဒဏ်ရာရရှိခြင်း အပါအဝင် လူလေးဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း Elgin မြို့ ရဲတပ်ဖွဲ့က မတ် ၂၁ ရက် ညပိုင်းက သတင်းဖော်ပြခဲ့သည်။

အဆိုးဝါးဆုံး ပျက်စီးခဲ့သည်မှာ မြို့အရှေ့ပိုင်းတွင်ဖြစ်ပြီး ပိတ်မိနေသောနေရာ လေးခုထက်မနည်း ရှိကြောင်း Elgin မြို့ စီမံခန့်ခွဲသူ Bert Cunningham က ပြောခဲ့သည်။

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် မြောက်ပိုင်း Jacksboro မြို့တွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ပျက်စီးနေသော နေအိမ်အား မတ် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထို့ပြင် နောက်ထပ် လေဆင်နှာမောင်း တိုက်ခတ်မှုမှာ အော်စတင်မြို့ ဆင်ခြေဖုန်းရှိ Round Rock မြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ လေဆင်နှာမောင်းများ တိုက်ခတ်ရာလမ်းကြောင်းတစ်လျှောက် လမ်းများနှင့် အဆောက်အဦပျက်စီးမှုများမှ နေအိမ်နှင့် စီးပွားရေးလုပ်ငန်းများစွာ ပျက်စီးနေသည်ကို တွေ့မြင်ခဲ့ကြောင်း၊ ဒဏ်ရာရသူများမရှိကြောင်း သတင်းဖော်ပြခဲ့သည်။

လေဆင်နှာမောင်းသည် ဟူစတန်မြို့ မြောက်ဘက် မိုင် ၁၀၀ (ကီလိုမီတာ ၁၆၀ ခန့်) အကွာရှိ Madisonville မြို့တွင်လည်း မတ် ၂၁ ရက် ညပိုင်းက ဝင်ရောက်တိုက်ခတ်ခဲ့ကြောင်း အမျိုးသား မိုးလေဝသလုပ်ငန်းအရ သိရသည်။

တက္ကဆက်ပြည်နယ်နှင့် အိုကလာဟိုးမားပြည်နယ်တို့တွင်လည်း မတ် ၂၁ ရက် သန်းခေါင်ယံအထိ ဈေးဝယ်သူ ၇၂,၀၀၀ ကျော်မှာ လျှပ်စစ်မီးမရရှိကြောင်း လျှပ်စစ်မီးပြတ်တောက်မှု စောင့်ကြည့်ရေး poweroutage.us ဝက်ဘ်ဆိုက်အရ သိရသည်။

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် မြောက်ပိုင်း Jacksboro မြို့တွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ခြံစည်းရိုးပြိုကျနေသည်ကို မတ် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး Greg Abbott ကလည်း “ကြောက်မက်ဖွယ်” မုန်တိုင်းများကြောင့် သိသာသော ပျက်စီးမှု ဖြစ်ပေါ်ခဲ့ပြီး သေဆုံးသူများမရှိခဲ့သည့်အတွက် ကံကောင်းခြင်းဖြစ်ကြောင်း မတ် ၂၁ ရက် ညပိုင်း သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

“အသက်အန္တရာယ်ထိခိုက်ခဲ့ရသူတွေ၊ နေအိမ်ပျောက်ဆုံးကုန်တဲ့သူတွေ အများကြီးရှိတာကို ကျွန်တော်တို့ သိရပါတယ်” ဟု Abbott က ပြောခဲ့သည်။

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် မြောက်ပိုင်း Jacksboro မြို့တွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ပျက်စီးနေသော နေအိမ်အား မတ် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် မြောက်ပိုင်း Jacksboro မြို့တွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ပျက်စီးနေသော နေအိမ်အား မတ် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် မြောက်ပိုင်း Jacksboro မြို့တွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ပျက်စီးနေသော စာသင်ကျောင်းအား မတ် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တက္ကဆက်ပြည်နယ် အလယ်ပိုင်းနှင့် အရှေ့ပိုင်း၊ အိုကလာဟိုးမားပြည်နယ် အရှေ့တောင်ပိုင်း၌ လေဆင်နှာမောင်းစောင့်ကြည့်ရေး ထုတ်ပြန်ထားပြီး ရာသီဥတုအခြေအနေများသည် လေဆင်နှာမောင်းပုံစံ ဖြစ်ပေါ်ရန် အသင့်ဖြစ်နေသည်ဟု ဆိုလိုကြောင်း USA Today သတင်း၌ ပြောကြားထားသည်။

ရာသီဥတုဆိုးဝါးမှုမှာ သီတင်းပတ်အလယ်အထိ ဆက်လက်ဖြစ်ပွားနိုင်ကြောင်း၊ လေဆင်နှာမောင်းများ တိုက်ခတ်ခြင်း၊ လေတိုက်နှုန်းပြင်းထန်ခြင်း၊ မိုးသီးများကျခြင်းနှင့် ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသချန်နယ်က မတ် ၂၁ ရက်၌ သတင်းဖော်ပြခဲ့သည်။

တက္ကဆက်ပြည်နယ် အလယ်ပိုင်းနှင့် အရှေ့ပိုင်းမှ လူဝီစီယားနားပြည်နယ် အနောက်ပိုင်းနှင့် အာကင်ဆောပြည်နယ် အနောက်တောင်ပိုင်းအထိ ဧရိယာ၌ မတ် ၂၁ ရက် ညပိုင်းတစ်လျှောက်လုံး ဆိုးဝါးသော ရာသီဥတု အလားအလာအမြင့်ဆုံး ဖြစ်ကြောင်း သတင်းက ဆိုသည်။ (Xinhua)

…………………………………………

(English Version)

Multiple injured after tornadoes hit U.S. states Texas, Oklahoma

HOUSTON, March 22 (Xinhua) — Many people were injured after several tornadoes on Monday ripped through parts of the south-central U.S. states of Texas and Oklahoma, officials said.

The first tornado touched down around 4 p.m. local time (2100 GMT) on Monday in Jacksboro, a city of some 5,000 people in northern Texas, causing damage to an elementary school, a high school, an animal shelter and mobile homes. No students at either school were hurt.

Officials in Jacksboro said Monday night that the storm left behind a two-mile (3.2 km) wide debris field, damaging at least 60 to 80 homes. Four residents were rescued from a damaged home, none of them seriously hurt.
The city of Elgin, east of the state’s capital Austin, saw significant damage and some injuries, authorities said.
Elgin police reported Monday night that at least four injuries, including a rescue underway of two people in a collapsed structure.

The worst damage was east of the town, with as many as four entrapments reported, said Elgin city manager Bert Cunningham.

Another tornado was reported in the city of Round Rock, an Austin suburb, with debris in roadways and structural damage to multiple homes and businesses being sighted along the path of tornados. No injuries have been reported so far.

According to the National Weather Service, the city of Madisonville, about 100 miles (about 160 km) north of Houston, was also struck by a tornado on Monday night.

Over 72,000 customers are without power in Texas and Oklahoma as of Monday midnight, according to the power outage tracking site poweroutage.us.

Texas Governor Greg Abbott told a news conference Monday night that the “devastating” storms caused significant damage and was thankful there were no reports of fatalities.”We know there are many people whose lives have been completely disrupted and people who’ve lost their homes,” Abbott said.

A tornado watch was issued for portions of central and eastern Texas and southeast Oklahoma into Monday night, meaning weather conditions are ripe for more tornadoes to form, said a USA Today report.

On Monday, the Weather Channel reported that an outbreak of severe weather would continue through midweek, noting tornadoes, damaging winds, large hail and flooding rain are all threats.

An area from central and eastern Texas to western Louisiana and southwest Arkansas has the highest potential for severe weather through Monday night, said the report. ■

Photo 1 : Photo taken on March 22, 2022 shows a house damaged by a tornado in Jacksboro, northern Texas, the United States. Many people were injured after several tornadoes on Monday ripped through parts of the south-central U.S. states of Texas and Oklahoma, officials said. (Photo by Dan Tian/Xinhua)

Photo 2 : Photo taken on March 22, 2022 shows a school building damaged by a tornado in Jacksboro, northern Texas, the United States. Many people were injured after several tornadoes on Monday ripped through parts of the south-central U.S. states of Texas and Oklahoma, officials said. (Photo by Dan Tian/Xinhua)

Photo 3 : Photo taken on March 22, 2022 shows a house damaged by a tornado in Jacksboro, northern Texas, the United States. Many people were injured after several tornadoes on Monday ripped through parts of the south-central U.S. states of Texas and Oklahoma, officials said. (Photo by Dan Tian/Xinhua)

Photo 4 : Photo taken on March 22, 2022 shows a fallen fence damaged by a tornado in Jacksboro, northern Texas, the United States. Many people were injured after several tornadoes on Monday ripped through parts of the south-central U.S. states of Texas and Oklahoma, officials said. (Photo by Dan Tian/Xinhua)

Photo 5, 6 : Photo taken on March 22, 2022 shows a house damaged by a tornado in Jacksboro, northern Texas, the United States. Many people were injured after several tornadoes on Monday ripped through parts of the south-central U.S. states of Texas and Oklahoma, officials said. (Photo by Dan Tian/Xinhua)

Photo 7 : Photo taken on March 22, 2022 shows a school building damaged by a tornado in Jacksboro, northern Texas, the United States. Many people were injured after several tornadoes on Monday ripped through parts of the south-central U.S. states of Texas and Oklahoma, officials said. (Photo by Dan Tian/Xinhua)