Europe
“ရုရှား အထူးစစ်ရေး စစ်ဆင်ရေး’’ ပြုလုပ်သဖြင့် ကိယက်ဗ်မြို့ ပရမ်းပတာ အခြေအနေအတွင်းသို့ကျရောက်

ကိယက်ဗ်၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)
ကိယက်ဗ်မြို့သည် ရုရှား စစ်တပ်က ယူကရိန်းအား စစ်ဆင်ရေးအရ ဝင်ရောက်တိုက်ခိုက်ပြီးနောက် ပရမ်းပတာအခြေအနေအတွင်းသို့ ကျရောက်ခဲ့ကြောင်း သိရသည်။ ကြောက်လန့်တကြားဖြစ်နေသူများသည် လောင်စာဆီ၊ အစားအစာနှင့် ဆေးဝါးများရရှိရန် နာရီပေါင်းများစွာ တန်းစီစောင့်ဆိုင်းနေကြသည်။ ယူကရိန်းနိုင်ငံ အနောက်ပိုင်း၌ ခိုလှုံရန် ကိယက်ဗ်မြို့ကို စွန့်ခွာလာသူအများအပြားကြောင့် ကီလိုမီတာများစွာရှည်လျားသော ယာဉ်ကြောပိတ်ဆို့မှုများလည်း ဖြစ်ပေါ်လာခဲ့သည်။

ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့မှ ထွက်ခွါမည့် ယာဉ်တန်းရှည်များကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံ၊ ကိယက်ဗ်မြို့၌ မြေအောက်ရထားစီးနင်းရန်စောင့်ဆိုင်းနေသော ဒေသခံများအား ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံ၊ ကိယက်ဗ်မြို့၌ မြေအောက်ရထားစီးနင်းရန်စောင့်ဆိုင်းနေသော ဒေသခံများအား ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံ၊ ကီးယက်မြို့၌ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ရက်တွင် ဘတ်စ်ကားဖြင့် ထွက်ခွာနေသော ပြည်သူများအားတွေ့ရစဉ် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံ၊ ကိယက်ဗ်မြို့ရှိ စက်သုံးဆီဆိုင်တစ်ခု၌ ဓာတ်ဆီဖြည့်ရန်တန်းစီထားသောမော်တော်ယာဉ်များ အား ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံ၊ ကိယက်ဗ်မြို့၊ ငွေလဲစင်တာ တစ်ခုမှ ထွက်ခွါလာသောသူများအား ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
“ဆိုးရွားတဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေကြောင့် ကျွန်မတို့ မထွက်ခွာနိုင်ခဲ့ပါဘူး၊ အဝေးပြေးလမ်းမကြီးတစ်လျှောက် ကိယက်ဗ်မြို့ကနေ ကလေးတွေ၊ တိရိစ္ဆာန်တွေ၊ ခရီးဆောင်အိတ်တွေနဲ့ လမ်းလျှောက်လာသူတွေကို တွေ့ခဲ့ရပါတယ်” ဟု အသက် ၂၈ နှစ်အရွယ် Iryna က ဆင်ဟွာသို့ ပြောကြားခဲ့သည်။
ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံအား ဖေဖော်ဝါရီ ၂၄ ရက် အစောပိုင်းတွင် စစ်ဆင်ရေးစတင်ခဲ့ကြောင်း သိရသည်။
(Xinhua)
……………………….
(English Version)
Kiev plunges into chaos as Russia launches “special military operation”
KIEV, Feb. 25 (Xinhua) — Kiev has plunged into chaos after Russian forces launched a military offensive against Ukraine. Terrified people have been queuing for hours to get fuel, food and medicine. Many left Kiev to seek shelter in western Ukraine, building up kilometers-long traffic jams.
“We were not able to leave, there were terrible traffic jams… We saw people walking from Kiev just along the highway, with children, animals, suitcases,” 28-year-old Iryna told Xinhua.
Earlier on Thursday, Russia launched a military operation against Ukraine.
1.Photo taken on Feb. 24, 2022 shows long lines of vehicles heading out of the city in Kiev, Ukraine. (Photo by Sergey Starostenko/Xinhua)
2.Photo taken on Feb. 24, 2022 shows long lines of vehicles heading out of the city in Kiev, Ukraine. (Photo by Sergey Starostenko/Xinhua)
3.Photo taken on Feb. 24, 2022 shows residents preparing to take a subway in Kiev, Ukraine. (Photo by Sergey Starostenko/Xinhua)
4.Photo taken on Feb. 24, 2022 shows residents preparing to take a subway in Kiev, Ukraine. (Photo by Sergey Starostenko/Xinhua)
5.Citizens board a bus in Kiev, Ukraine, Feb. 24, 2022. (Xinhua/Li Dongxu)
6.Vehicles queue up to fill gasoline at a gas station in Kiev, Ukraine, Feb. 24, 2022. (Xinhua/Li Dongxu)
7.Citizens leave a money exchange in Kiev, Ukraine, Feb. 24, 2022. (Xinhua/Li Dongxu)