Connect with us

Europe

ယူကရိန်းအခြေအနေ အချိန်နှင့်တစ်ပြေးညီ ဖြစ်စဉ်များ (ပေကျင်း စံတော်ချိန် ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၉ နာရီအထိ)

ယူကရိန်းနိုင်ငံ ကိဗ်မြို့တွင် မြို့ပြင်သို့ထွက်ရန် ပြင်ဆင်နေသည့် ယာဉ်တန်းအား ဖေဖော်ဝါရီ ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၂၅ ရက်(ဆင်ဟွာ)

ရုရှား စစ်တပ်က ဖေဖော်ဝါရီ ၂၄ ရက် နံနက်ပိုင်း၌ ဒွန်ဘတ်စ်ဒေသတွင် အထူး စစ်ဆင်ရေး လုပ်ဆောင်ပြီးနောက်ပိုင်း ဒေသအများအပြားရှိ ပစ်မှတ်နေရာများကို တိုက်ခိုက်ခဲ့သည်။

ယူကရိန်းနိုင်ငံ ကိဗ်မြို့တွင် မြို့နေပြည်သူများ မြေအောက်ရထားစီးရန် ပြင်ဆင်နေသည်ကို ဖေဖော်ဝါရီ ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ယူကရိန်းအနေဖြင့် ဘက်မလိုက်ရပ်တည်မှုနှင့် ၎င်း၏နယ်နမိတ်အတွင်း လက်နက် မဖြန့်ကျက်ရေး အတွက် ဆွေးနွေးရန် ပြင်ဆင်ထားပါက ရုရှားဘက်အနေဖြင့် ဆွေးနွေးလိုကြောင်း ပြောကြားခဲ့သည်။ အချိန်နှင့်တစ်ပြေးညီဖြစ်ပွားခဲ့သည့် ယူကရိန်းအခြေအနေနှင့် ဆက်စပ်သောအကြောင်းအရာများ –

___ လက်ရှိ ယူကရိန်းဘက်တွင် သေဆုံးသူ ၁၃၇ ဦးနှင့် အခြားဒဏ်ရာရသူ ၃၁၆ ဦး ရှိကြောင်း ယူကရိန်း သမ္မတ ဇယ်လန်းစကီးက ဖေဖော်ဝါရီ ၂၅ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။ ယခု ယူကရိန်းနိုင်ငံသည် တစ်ဦးတည်းတိုက်ပွဲဝင်နေရပြီး မည်သည့်နိုင်ငံကမျှ ယူကရိန်းသို့ စစ်တပ်စေလွှတ်မည့် အာမခံမှု မပေးထားကြောင်း ၎င်းက ဆိုသည်။

___ ရုရှားအပေါ် စီးပွားရေး ပိတ်ဆို့မှုအသစ်များ ချမှတ်သွားမည်ဖြစ်ပြီး ဥရောပတိုက်ကို စစ်ရေး ဖြန့်ကျက်မှုများ တိုးချဲ့သွားမည်ဖြစ်ကြောင်း အမေရိကန် သမ္မတ ဘိုင်ဒန်က အိမ်ဖြူတော်တွင် ယူကရိန်းအရေးနှင့်စပ်လျဉ်းပြီး ဖေဖော်ဝါရီ ၂၄ ရက်က ကြေညာခဲ့သည်။

___ ယူကရိန်းတပ်များက Chernobyl နျူကလီးယားစက်ရုံ၏ ထိန်းချုပ်မှုကို လက်လွှတ်လိုက်ရပြီဟု ယူကရိန်း သမ္မတရုံး အကြံပေး Podoljak က လူမှုကွန်ရက်မီဒီယာတွင် ဖေဖော်ဝါရီ ၂၄ ရက်က ရေးသားခဲ့သည်။

___ ရုရှားလက်နက်ကိုင်တပ်ဖွဲ့များက ယူကရိန်း လေတပ်လေဆိပ် ၁၁ ခု ၊ ညွှန်ကြားရေးစခန်း ၃ ခု ၊ ရေဒါစခန်း ၁၈ ခု အပါအဝင် မြေပြင် စစ်အခြေစိုက်အဆောက်အအုံ ၇၄ ခုကို ချေမှုန်းလိုက်ပြီဖြစ်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်က ဖေဖော်ဝါရီ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ရုရှားလေတပ် Su-25 တိုက်လေယာဉ်တစ်စီးမှာ မောင်းနှင်မှုအမှားအယွင်းကြောင့် ပျက်ကျခဲ့ကြောင်းနှင့် လေယာဉ်မှူးများ ဘေးကင်းလွတ်မြောက်ခဲ့ကြောင်း ဖော်ပြထားသည်။

___ အကယ်၍ ယူကရိန်းက ဘက်မလိုက်ရပ်တည်မှုနှင့် ၎င်း၏နယ်နိမိတ်အတွင်း စစ်လက်နက်မဖြန့်ကျက်ရေးအတွက် ဆွေးနွေးရန် ပြင်ဆင်ပြီးပါက ရုရှားအနေဖြင့် ဆွေးနွေးလိုသည့် ဆန္ဒရှိကြောင်း ရုရှား သမ္မတ၏ ပြန်ကြားရေးအတွင်းရေးမှူး Dmitry Peskov က ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြောကြားခဲ့သည်။

___ ယူကရိန်း ဒေသ စံတော်ချိန် ဖေဖော်ဝါရီ ၂၄ ရက် ၁၃:၀၀ နာရီ အထိ ရုရှားတပ်က ယူကရိန်းမြို့တော် ကိဗ်ရှိ Boryspil အပြည်ပြည်ဆိုင်ရာလေဆိပ်အပါအဝင် နေရာပေါင်း များစွာကို အကြိမ်ပေါင်း ၃၀ ကျော် တိုက်ခိုက်ခဲ့ကြောင်း ၊ ရုရှားတပ်က အိုဒက်ဆာမြို့တွင် ကမ်းတက်သည့် သတင်း မမှန်ကန်ကြောင်း ယူကရိန်း စစ်ဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့သည်။ ယင်းနေ့တွင်ပင် ယူကရိန်း ပူးတွဲတပ်ဖွဲ့ စစ်ဆင်ရေး ကွပ်ကဲမှုရုံးကလည်း ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ရာ Starobilsk ဆင်ခြေဖုံးရှိ ယူကရိန်းစစ်စခန်းကို ရုရှားတပ်များ ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း၊ နှစ်နိုင်ငံစစ်တပ်များမှာ ကိဗ်ပြည်နယ်အတွင်း တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

___ နေတိုး (NATO) အဖွဲ့အနေဖြင့် ယူကရိန်းသို့ စစ်တပ် စေလွှတ်မည့် ဆန္ဒမရှိကြောင်း၊ သို့သော် မဟာမိတ် ကာကွယ်ရေးအစီအစဉ် စတင်နေပြီဖြစ်ရာ ယူကရိန်းသို့ စစ်ရေးလှုပ်ရှားမှု ချက်ချင်းရပ်တန့်ရန် ရုရှားကို တိုက်တွန်းသွားမည်ဖြစ်ကြောင်း နေတိုး အထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenberg က ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြောကြားခဲ့သည်။

___ ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ရုရှားနှင့်သံတမန်ရေး ဖြတ်တောက်လိုက်ပြီဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၄ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဖေဖော်ဝါရီ ၂၄ ရက်တွင်ပင် ကြေညာချက်ထုတ်ပြန်ကာ ရုရှားနှင့်သံတမန်ဆက်ဆံရေးဖြတ်တောက်ရန် ဥပဒေလုပ်ငန်းစဉ်များ စတင်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနက ရုရှားရှိ ယူကရိန်းသံရုံး ဝန်ထမ်းများကို ရုပ်သိမ်းရန်နှင့် ယူကရိန်းကောင်စစ်ဝန်ရုံးကို ပုံမှန်လည်ပတ်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

— ယူကရိန်း တစ်နိုင်ငံလုံး စစ်ရေးအခြေအနေ သမ္မတအမိန့်ကို အမြင့်ဆုံးလွှတ်တော်က ဖေဖော်ဝါရီ ၂၄ ရက်တွင် အတည်ပြုခဲ့သည်။

___ ယူကရိန်းစစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံများက ပစ်မှတ်တိကျမှု မြင့်မားသည့် လက်နက်ဖြင့် ပစ်ခတ်ခံနေရခြင်း ဖြစ်ကြောင်း ၊ ရုရှား စစ်တပ်သည် ယူကရိန်းရှိမြို့များကို အမြောက်ဖြင့် သို့မဟုတ်‌ လေကြောင်းဖြင့် တိုက်ခိုက်မည်မဟုတ်ကြောင်း၊ လှုပ်ရှားမှုက အရပ်သားများအပေါ် ခြိမ်းခြောက်မှုဖြစ်စေမည် မဟုတ်ကြောင်း TASS သတင်းအေဂျင်စီက ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ဖေဖော်ဝါရီ ၂၄ ရက် ထုတ်ပြန်သည့် သတင်းများကို ကိုးကား၍ ဖော်ပြထားသည်။

___ ဖေဖော်ဝါရီ ၂၄ ရက် နံနက်ပိုင်းက ယူကရိန်းမြို့တော် ကိဗ်မြို့၏ အထက်ကောင်းကင်ယံတွင် ပေါက်ကွဲသံများကြားခဲ့ရသည်။ ပြည်သူလူထုအနေဖြင့် တည်တည်ငြိမ်ငြိမ်ရှိကြရန်နှင့် တတ်နိုင်သမျှ အပြင်မထွက်ကြရန် ယူကရိန်း သမ္မတ ဇယ်လန်းစကီးက ယင်းနေ့နံနက်ပိုင်း လူမှုကွန်ရက်မီဒီယာဗွီဒီယိုမှတစ်ဆင့် ပြောကြားခဲ့သည်။

___ ဒွန်ဘတ်စ်ဒေသကို အထူး စစ်ဆင်ရေးလုပ်ဆောင်မည်ဟု ရုရှား သမ္မတ ပူတင်က ဖေဖော်ဝါရီ ၂၄ ရက် နံနက်ပိုင်းတွင် ရုပ်သံမှတစ်ဆင့် ပြောကြားခဲ့သည်။ (Xinhua)

……………………
(Chinese Version)
(国际)乌克兰局势发展时间线(至北京时间25日9时)
2022-02-25 12:08:19
新华社北京2月25日电自俄罗斯军队24日晨在顿巴斯地区发起特别军事行动以来,俄军对多处地点进行了袭击。俄方表示,如乌克兰做好就其中立地位及不在其境内部署武器进行谈判的准备,俄愿同其谈判。以下为截至目前的重要节点时间线:
——乌克兰总统泽连斯基25日晨在讲话中说,目前乌克兰方面已有137人丧生,另有316人受伤。他说,现在乌克兰在独自战斗,没有任何国家向乌克兰作出派兵保证。
——美国总统拜登24日在白宫就乌克兰局势发表讲话,宣布新一轮对俄经济制裁措施,并向欧洲增加军事部署。
——乌克兰总统办公室顾问波多利亚克24日在社交媒体上发文说,乌克兰军队已失去对切尔诺贝利核设施的控制。
——据俄国防部网站24日发布的通报,俄武装部队在袭击中摧毁了乌克兰74个地面军事基础设施,包括11个空军机场、3个指挥所、18个雷达站等。俄空天军一架苏-25攻击机在行动中因驾驶失误坠毁,飞行员安全弹跳逃生。
——俄罗斯总统新闻秘书佩斯科夫24日表示,如果乌克兰做好了就其中立地位及不在其境内部署武器进行谈判的准备,俄愿同其谈判。
——乌武装部队总参谋部发表声明说,截至当地时间24日13时,俄军对包括乌克兰首都基辅鲍里斯波尔国际机场在内的多处地点进行了30余次袭击,同时称俄军在敖德萨登陆的消息不实。乌联合力量行动司令部当天也发布消息称,俄军攻击了乌军位于斯塔罗比尔斯克郊区的阵地,战斗仍在进行。波多利亚克说,两国军队在基辅州发生激烈战斗。
——北约秘书长斯托尔滕贝格24日说,北约无意向乌克兰派遣部队,但已启动联盟防御计划,并敦促俄罗斯立即停止在乌军事行动。美国白宫新闻秘书普萨基23日重申,美国不会与俄交战,也不会向乌克兰境内部署军队。
——泽连斯基24日在新闻发布会上说,乌克兰已与俄罗斯断绝外交关系。乌外交部24日发表声明说,已启动与俄罗斯断绝外交关系的法律程序。乌外交部正着手撤离乌驻俄大使馆工作人员,乌驻俄领事馆将继续照常工作。
——乌克兰最高拉达(议会)24日投票通过关于在乌全境实施战时状态的总统令。
——塔斯社援引俄罗斯国防部24日消息报道,乌方军事基础设施正受到高精度武器的打击,但俄武装部队不对乌克兰城市进行炮击或空袭,行动不会威胁到平民。
——24日清晨,乌克兰首都基辅上空传来数次爆炸声。泽连斯基当日凌晨在发布于社交媒体的视频讲话中表示,希望民众保持冷静,尽量不要外出。
——俄罗斯总统普京24日清晨发表电视讲话说,决定在顿巴斯地区发起特别军事行动。(完)
图说1:2月24日,在乌克兰基辅,出城方向的车辆排起长龙。(新华社发,谢尔盖·斯塔拉斯坚科摄)
图说2:2月24日,在乌克兰基辅,一些居民准备乘坐地铁。(新华社发,谢尔盖·斯塔拉斯坚科摄)